ေဖ႔ဘုတ္ႏိုင္ငံေတာ္ႀကီးမွာ လိုက္နာရမယ္႔ က်င္႔၀တ္ စည္းကမ္းမ်ား

ေဖ႔ဘုတ္ဆုိတာ ဒီဘက္ေခတ္မွာ လူတိုငး္အသံုးျပဳလာၾကတဲ႔ အတုအေယာက္ကမာၻတစ္ခုျဖစ္ၿပီး လူသားေတြအေပၚ ေဖ႔ဘုတ္ရဲ႕ သက္ေရာက္မႈကို ေလွ်ာ႔တြက္လို႔ မရေတာ႔ပါဘူး။ ကမာၻေပၚက ေဖ႔ဘုတ္အသံုးျပဳသူေတြကို စုစည္းလိုက္မယ္ဆုိရင္ ႏိုင္ငံတစ္ႏိုင္ငံေတာင္ ထူေထာင္ႏိုင္ေနၿပီျဖစ္ကာ ေဖ႔ဘုတ္ႏိုင္ငံေတာ္ႀကီးမွာ သင္လိုက္နာရမယ္႔ စည္းကမ္းေတြလည္း ရွိလာပါတယ္။ အဲ႔ဒါေတြကေတာ႔...

မဆဲပါနဲ႔။

သင္နဲ႔ သေဘာထားမတူ၊ သင္မႀကိဳက္တဲ႔ အေၾကာင္းအရာေတြတိုင္း ကြန္မန္႔မွာ မဆဲပါနဲ႔။ သင္ဆဲလိုက္လည္း ထုိအေၾကာင္းအရာႀကီးက ေပ်ာက္ပ်က္သြားမွာမဟုတ္သလို သင္ရဲ႕ ဂုဏ္သိကၡာသာ ထိပါးေလ်ာ႔က်ေစပါတယ္။ အျမင္မတူမႈ႔မ်ားအတြက္ အက်ိဳးအေၾကာင္း ခိုင္လံုစြာျငင္းခံုေဆြးေႏြးပါ။ ေမာ္ဒယ္ေတြရဲ႕ ဆက္ဆီပံုမ်ားကို ႀကိဳက္ရင္ တိတ္တိတ္ေလးၾကည္႔လိုက္ပါ၊ မႀကိဳက္ရင္ ထို Page ကို Unlike လုပ္ပါ၊ တိတ္တိတ္ေလးေက်ာ္သြားပါ။

အမုန္းတရားေတြ မျဖန္႔ေ၀ပါနဲ႔။

ေဖ႔ဘုတ္ေပၚမွာ ၀ါဒျဖန္႔ မိႈင္းတိုက္လိုသူေတြ အမ်ားအျပားရွိေနပါတယ္။ မဟုတ္မမွန္ေသာ အခ်က္အလက္ေတြ လူစိတ္၀င္စားဖြယ္ ေရးသားထားသူေတြရွိပါတယ္။ လူမ်ိဳးတစ္စုစု၊ ဘာသာတစ္ခုခု၊ လူပုဂိၢဳလ္တစ္ဦးဦးကို တိုက္ခိုက္ထားေသာ အေၾကာင္းအရာေတြကို ထပ္ဆင္႔မွ်ေ၀ျခင္းက ေရွာင္ရွားပါ။ သင္မွ်ေ၀စရာ ဗဟုသုတရဖြယ္၊ ရယ္ရႊင္ဖြယ္ အေၾကာင္းအရာမ်ားစြာ ရွိေနပါတယ္။ သင္႔စိတ္ထဲက အမုန္းတစ္ခုကို အမ်ားကို ထုတ္မျပပါနဲ႔။

ဒိုင္ယာရီတစ္အုပ္ကဲ႔သုိ႔ ရင္မဖြင္႔ပါနဲ႔။

အမ်ားအားျဖင္႔ မိန္းကေလးေတြဟာ မိမိရဲ႕ ဘ၀အခက္အခဲေတြ၊ လုပ္ငန္းခြင္းအေၾကာင္းေတြ၊ အဆင္မေျပမႈ႔ေတြကို ေဖ႔ဘုတ္စေတးတပ္အျဖစ္ ရင္ဖြင္႔ေျပာဆိုတတ္ၾကပါတယ္။ ေဖ႔ဘုတ္ဟာ တစ္ဦးတည္း ဖတ္ရတဲ႔ ဒိုင္ယာရီစာအုပ္တစ္အုပ္မဟုတ္လုိ႔ သင္႔အေပၚ မနာလိုသူ၊ မသမာသူနဲ႔ သင္႔ကိုေလွာင္ေျပာင္လိုသူေတြ ေနာက္ကြယ္မွာ ရွိေနႏိုင္ပါတယ္။ ထို႔အတူ သာမာန္အတိုင္းေနရင္ လူေလးစားႏိုင္တယ္႔ သင္႔အေနအထိုင္ကို သင္တင္တဲ႔ ေဖ႔ဘုတ္စေတးတပ္ေတြကို ၾကည္႔ၿပီး၊ သင္႔အက်င္႔နဲ႔ စိတ္ဓါတ္ကို လူေတြ မွားယြင္းအကဲခတ္သြားႏိုင္ပါတယ္။

ကြန္မန္႔ေတြ၊ Message ေတြကို Reply ျပန္ပါ။

သင္တင္ထားေသာ ပိုစ္႔တစ္ခုခုအတြက္ သူငယ္ခ်င္း၊ အေပါင္းအသင္းမ်ားက ကြန္မန္႔ေပးထားတဲ႔အခါ၊ Message Box ကေန စာေတြပို႔ထားတဲ႔အခါ တေလးတစား Reply ျပန္ေပးပါ။ ဘာမဟုတ္တဲ႔ ကိစၥတစ္ခုကေန သူငယ္ခ်င္းအခ်င္းခ်င္း ေခ်တယ္အထင္မခံရဖို႔ အေရးႀကီးပါတယ္။ ထုိကဲ႔သို႔ တေလးတစား Reply ျပန္ျခင္းျဖင္႔ သင္တို႔ႏွစ္ဦးၾကားက ဆက္ဆံေရးကို ပိုမိုတိုးတက္ေကာင္းမြန္ ေစပါတယ္။
==========

ဖေ့ဘုတ်ဆိုတာ ဒီဘက်ခေတ်မှာ လူတိုငး်အသုံးပြုလာကြတဲ့ အတုအယောက်ကမ္ဘာတစ်ခုဖြစ်ပြီး လူသားတွေအပေါ် ဖေ့ဘုတ်ရဲ့ သက်ရောက်မှုကို လျှော့တွက်လို့ မရတော့ပါဘူး။ ကမ္ဘာပေါ်က ဖေ့ဘုတ်အသုံးပြုသူတွေကို စုစည်းလိုက်မယ်ဆိုရင် နိုင်ငံတစ်နိုင်ငံတောင် ထူထောင်နိုင်နေပြီဖြစ်ကာ ဖေ့ဘုတ်နိုင်ငံတော်ကြီးမှာ သင်လိုက်နာရမယ့် စည်းကမ်းတွေလည်း ရှိလာပါတယ်။ အဲ့ဒါတွေကတော့...

မဆဲပါနဲ့။

သင်နဲ့ သဘောထားမတူ၊ သင်မကြိုက်တဲ့ အကြောင်းအရာတွေတိုင်း ကွန်မန့်မှာ မဆဲပါနဲ့။ သင်ဆဲလိုက်လည်း ထိုအကြောင်းအရာကြီးက ပျောက်ပျက်သွားမှာမဟုတ်သလို သင်ရဲ့ ဂုဏ်သိက္ခာသာ ထိပါးလျော့ကျစေပါတယ်။ အမြင်မတူမှု့များအတွက် အကျိုးအကြောင်း ခိုင်လုံစွာငြင်းခုံဆွေးနွေးပါ။ မော်ဒယ်တွေရဲ့ ဆက်ဆီပုံများကို ကြိုက်ရင် တိတ်တိတ်လေးကြည့်လိုက်ပါ၊ မကြိုက်ရင် ထို Page ကို Unlike လုပ်ပါ၊ တိတ်တိတ်လေးကျော်သွားပါ။

အမုန်းတရားတွေ မဖြန့်ဝေပါနဲ့။

ဖေ့ဘုတ်ပေါ်မှာ ၀ါဒဖြန့် မှိုင်းတိုက်လိုသူတွေ အများအပြားရှိနေပါတယ်။ မဟုတ်မမှန်သော အချက်အလက်တွေ လူစိတ်ဝင်စားဖွယ် ရေးသားထားသူတွေရှိပါတယ်။ လူမျိုးတစ်စုစု၊ ဘာသာတစ်ခုခု၊ လူပုဂ္ဂိုလ်တစ်ဦးဦးကို တိုက်ခိုက်ထားသော အကြောင်းအရာတွေကို ထပ်ဆင့်မျှဝေခြင်းက ရှောင်ရှားပါ။ သင်မျှဝေစရာ ဗဟုသုတရဖွယ်၊ ရယ်ရွှင်ဖွယ် အကြောင်းအရာများစွာ ရှိနေပါတယ်။ သင့်စိတ်ထဲက အမုန်းတစ်ခုကို အများကို ထုတ်မပြပါနဲ့။

ဒိုင်ယာရီတစ်အုပ်ကဲ့သို့ ရင်မဖွင့်ပါနဲ့။

အများအားဖြင့် မိန်းကလေးတွေဟာ မိမိရဲ့ ဘဝအခက်အခဲတွေ၊ လုပ်ငန်းခွင်းအကြောင်းတွေ၊ အဆင်မပြေမှု့တွေကို ဖေ့ဘုတ်စတေးတပ်အဖြစ် ရင်ဖွင့်ပြောဆိုတတ်ကြပါတယ်။ ဖေ့ဘုတ်ဟာ တစ်ဦးတည်း ဖတ်ရတဲ့ ဒိုင်ယာရီစာအုပ်တစ်အုပ်မဟုတ်လို့ သင့်အပေါ် မနာလိုသူ၊ မသမာသူနဲ့ သင့်ကိုလှောင်ပြောင်လိုသူတွေ နောက်ကွယ်မှာ ရှိနေနိုင်ပါတယ်။ ထို့အတူ သာမာန်အတိုင်းနေရင် လူလေးစားနိုင်တယ့် သင့်အနေအထိုင်ကို သင်တင်တဲ့ ဖေ့ဘုတ်စတေးတပ်တွေကို ကြည့်ပြီး၊ သင့်အကျင့်နဲ့ စိတ်ဓါတ်ကို လူတွေ မှားယွင်းအကဲခတ်သွားနိုင်ပါတယ်။

ကွန်မန့်တွေ၊ Message တွေကို Reply ပြန်ပါ။

သင်တင်ထားသော ပိုစ့်တစ်ခုခုအတွက် သူငယ်ချင်း၊ အပေါင်းအသင်းများက ကွန်မန့်ပေးထားတဲ့အခါ၊ Message Box ကနေ စာတွေပို့ထားတဲ့အခါ တလေးတစား Reply ပြန်ပေးပါ။ ဘာမဟုတ်တဲ့ ကိစ္စတစ်ခုကနေ သူငယ်ချင်းအချင်းချင်း ချေတယ်အထင်မခံရဖို့ အရေးကြီးပါတယ်။ ထိုကဲ့သို့ တလေးတစား Reply ပြန်ခြင်းဖြင့် သင်တို့နှစ်ဦးကြားက ဆက်ဆံရေးကို ပိုမိုတိုးတက်ကောင်းမွန် စေပါတယ်။

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...