မဂၤလာဦး ညတစ္ညျဖစ္ရပ္ ..အသက္ျပည့္မွ ႏွိပ္ၾကည့္လိုက္ေနာ္..


 ကၽြန္ေတာ့္ သူငယ္ခ်င္း မဂၤလာေဆာင္တဲ့ေန႔ မဂၤလာဦးညမွာေပါ့။ နယ္ေတြရဲ႕ ထံုးစံအတိုင္း ႏွစ္ဖက္မိဘရဲ႕ အသိုင္းအ၀ိုင္းစံု။ မဂၤလာသတို႔သား သတို႔သမီးတို႔ရဲ႕ သူငယ္ခ်င္းအေပါင္းအသင္းစံုမုိ႔ တအိမ္လံုး တရုန္းရုန္းေပါ့။ မဂၤလာခန္း၀င္ လုပ္ထားေပမဲ့ ေျခခ်စရာ ေနရာမရွိ တအိမ္လံုးလူေတြအျပည့္။ မဂၤလာဦး သတို႔သား သတို႔သမီးတို႔မွာ မဂၤလာဦးညဆိုတာ အသာထား ဒီေဆြမ်ဳိးေတြ တအုပ္ႀကီး မျပန္မခ်င္း အနည္းဆံုး ၂ရက္၃ရက္ေတာ့ ေပါင္းရကိန္းမျမင္။ ဒါေပမဲ့ သူတို႔ တအားကိုေပ်ာ္ေနၾကတယ္။ ရယ္ၾကေမာက် ေပ်ာ္ဆံုးေမာ္မဆံုး သူတို႔အတြက္ ဘ၀မွာ အေပ်ာ္ဆံုး ညခ်မ္းေလး တညမဟုတ္လား။ ေနာက္ၿပီး အရႊတ္အေနာက္ေတြ တအားေျပာတက္တဲ့ က်ေတာ့ေၾကာင့္လည္း တအိမ္လံုးဗိုက္ႏုိပ္ ပဲြက်ေနေလရဲ႕ေပါ့။ အဲ့ဒိအခ်ိန္မွာ က်ေတာ္ဟာ ပဲြတည္မင္းသားႀကီးေပါ့။ က်ေတာ္ရယ္စရာေျပာေနတဲ့ အခ်ိန္မွာ တအိမ္လံုးရဲ႕မ်က္နာေတြဟာ က်ေတာ့့္အေပၚက်ေရာက္ေနတယ္။ က်ေတာ္ မွတ္မိေနေသးတယ္ က်ေတာ္ရယ္စရာေျပာေနတာကို သတို႔သားနဲ႔ သတို႔သမီး တေယာက္နဲ႔တေယာက္ လက္ေလးကိုင္ၿပီး က်ေတာ့္ကို ၾကည့္ရယ္ေနၾကတယ္။ အရမ္းရီရတဲ့ စကားဆိုရင္ သတို႔သမီးက သတို႔သား ရင္ခြင္ထဲ မ်က္နာအပ္ ရယ္ေန၏။ တကယ္ပါ သူတို႔ရဲ႕ မ်က္နာေလးေတြဟာ ၀င္းၿပီးျပည့္ေနတယ္။ အဲဒီအခ်ိန္မွာပဲ ျပႆနာၿဂိဳလ္ဆိုး တခု ၀င္လာတယ္။ အိမ္ေရွ႕မွ အမႈးသမားတေယာက္ရဲ႕ အသံ။ အေတာ္ေသာက္ထားၿပီး အေတာ္ မႈးေနတဲ့ပံု။ အိမ္ေရွ႕ ၿခံစည္းရိုးတုိင္ေတြကို ကိုင္လ်က္ သတို႔သမီးနာမည္ကို ေအာ္ေခၚေနတယ္။ ေဘးကေျပာမွ သိတာကေတာ့ သတို႔သမီး၏ ရီးစားေဟာင္းတဲ့။ ရည္းစားေဟာင္းမွာ နယ္နယ္ရရ ရည္းစားေဟာင္းမဟုတ္။ ေတာ္ေတာ္လြန္လြန္က်ဴးက်ဴး ျဖစ္ခဲ့ၿပီး တနယ္လံုးသိတဲ့အထိ ျဖစ္ခဲ့ၿပီးတဲ့ ရည္းစားေဟာင္း။ ဒီအမႈးသမားရဲ႕ မႈးမႈးနဲ႔ ေျပာတဲ့ စကားေတြကလဲ ျပေနတယ္။ ဘယ္လို အနမ္းေလးေတြ၊ ဘယ္လို ကိုယ္ေငြ႕ရနံ႕ေလးေတြ၊ ဘယ္နားမွာ ဘယ္လိုျဖစ္ခဲ့တာေတြ။ သူ႔လိုဂုဏ္ဓနမဲ့တဲ့သူကို ရက္ရက္စက္စက္ ထားရက္တယ္ ဘာညာေပါ့။
က်ေတာ္ ေတြးထင္မိတာက သတို႔သမီးဟာ ရန္ကုန္တက္လာ အလုပ္လုပ္ရင္း က်ေတာ့္သူငယ္ခ်င္းအင္ဂ်င္နီယာနဲ႔ အေၾကာင္းပါတယ္ဆိုေတာ့ ဒီေကာင္ သတို႔သမီးအေၾကာင္းစံုကို မသိတာလား။ အမႈးသမားကေတာ့ ေျပာေနတာ မရက္ေသး။ သူေျပာေနတာေတြက ဆဲဆိုရိုင္းစိုင္းတာမပါေပမဲ့ ဘယ္လိုအတိုင္းအတာထိ ပတ္သက္ခဲ့တာေတြကို ျပန္အစေဖာ္ေျပာေနတာမို႔ က်ေတာ္တို႔ေတြမွာေတာင္ မ်က္နာပူစရာ။ သတို႔သမီးမွာမႈ မ်က္နာကို လက္၀ါးအုပ္ခါ ငိုေနေတာ့တယ္။ သတို႔သမီး အကိုနဲ႔ေမာင္ကေတာ့ ဓားဆဲြဆုတ္ဆဲြ ရိုက္မယ္သက္မယ္ ခုတ္မယ္ တကဲကဲ အေတာ့္ကို ထိန္းေနရ၏။ အမႈးသမား၏ သူငယ္ခ်င္းျဖစ္ဟန္သူ ႏွစ္ေယာက္ သံုးေယာက္ကလဲ အမႈးသမားအား ေခ်ာ့ေမာ့ေျဖာင္းဖ် ေခၚထုတ္ေသာ္လည္း မရ။ ၿခံစည္းရိုးတိုင္ကို လက္ကမလႊတ္ သတို႔သမီးနာမည္သာ တြင္တြင္ေခၚေနတယ္။ ဒီလိုအေျခအေနမ်ဳိးမွာ က်ေတာ္သည္ပင္လ်င္ မည္သူ႔ကို ေဒါထြက္မွန္းမသိ ေဒါသက အလိပ္လိုက္ထြက္လာတယ္။ က်ေတာ့သူငယ္ခ်င္း သတို႔သားမ်က္နာကိုလဲ မၾကည့္၀ံ့ မၾကည့္ျဖစ္။ သူလဲ မည္ကဲ့သို႔ေသာ ခံစားမႈ၊ မည္ကဲ့သို႔ေသာ ေဒါသေတြ ထြက္ေနမွာပဲလို႔ ေတြးထင္မိတယ္။ ဒါေပမဲ့ က်ေတာ္ထင္တာ တက္တက္စင္ လဲြမွားခဲ့တယ္။ က်ေတာ့္သူငယ္ခ်င္း ၿခံအျပင္ကုိ ထြက္လာတယ္။ ၿပီးေတာ့ အမႈးသမားေရွ႕တည့္တည့္တြင္ရပ္လ်က္...
" အကို... က်ေတာ္ သတို႔သားပါ.. သူ႔ရဲ႕ ခင္ပြန္းပါ... သူက်ေတာ့္ကို အကို႔အေၾကာင္းေတြ အရင္က အကိုႏွစ္ေယာက္အေၾကာင္းေတြ အမ်ားႀကီး ေျပာျပဖူးပါတယ္.. က်ေတာ္ သေဘာေပါက္ပါတယ္ နားလည္ပါတယ္... က်ေတာ္ကိုယ္တိုင္လဲ ရည္စားထားခဲ့ဖူးပါတယ္ ဒီလို အေျခအေနေပါင္းစံုးကို ေက်ာ္ျဖတ္ဖူး အားလံုးသိပါတယ္.. သူ႔ကို က်ေတာ္ တကယ္ခ်စ္တယ္... က်ေတာ့ ႏုလံုးသားထဲကကို ခ်စ္ခဲ့တာ.. က်ေတာ့္ဘ၀ က်ေတာ့္အသက္တမွ်ကို ခ်စ္တာ.... အကိုတို႔အေျခအေနကို သိေပမဲ့ က်ေတာ္ သူ႔ကို ခ်စ္လြန္းလို႔ လက္ထပ္ဖို႔ ဆံုးျဖက္ခဲ့တယ္... က်ေတာ္ ဘယ္အတားအဆီးကိုမွ ဂရုမစိုက္ဘူး... ခုအေျခအေနမ်ုိးမွာ အကိုအေနနဲ႔.. က်ေတာ့ကို စိတ္ခ်ပါ.. က်ေတာ္လက္ထဲ သူ႔ကို ယံုယံုၾကည္ၾကည္အပ္လိုက္ပါ... သူ႔တဘ၀လံုး စိတ္ခ်မ္းသာ ေပ်ာ္ရႊင္ေစရမယ္... က်ေတာ္ဂတိေပးပါတယ္.. ဘယ္သူမဆို ကိုယ္ခ်စ္တဲ့သူကို ေပ်ာ္ရႊင္ေစခ်င္မွာပဲ..... ခုအေျခအေနမ်ဳိးမွာေတာ့ က်ေတာ္တို႔ဘ၀ေလးကို ေနာက္ မေႏွာက္ယွတ္ပါနဲ႔လား အကို... က်ေတာ္ ေမတၱာရပ္ခံ ေတာင္းပန္ပါတယ္ အကို... အကိုဘ၀ကိုလဲ ဒီလိုတသက္လံုး အရက္သမား အျဖစ္မခံပါနဲ႔လားဗ်ာ... ဘ၀ကို အေကာင္းဆံုးျဖတ္ေက်ာ္ၿပီး ရင္ဆိုင္လိုက္ပါ... က်ေတာ္ ေတာင္းပန္ပါတယ္ဗ်ာ... ေနာ္... "
အရက္မႈးသမားမွာ သတုိ႔သား၏ အားလံုးမေမ်ာ္လင့္တဲ့ တံုျပန္မႈႏွင့္ အျပဳအမႈနဲ႔ စကား၊ အမႈးသမားကိုယ္တိုင္ မေမ်ာ္လင့္ခဲ့တဲ့ သတို႔သားရဲ႕ တံု႔ျပန္တဲ့စကားေၾကာင့္ အံ့ၾသမင္သက္မိေနရာမွ သတို႔သား ေျခရင္းတြင္ ထိုင္ခ်လ်က္ ဒူးကိုသိုင္းဖတ္ခါ ရင္ေခါင္းသံႀကီးနဲ႔ ခ်ဳန္းပဲြခ် ငိုေလေတာ့သည္။
" အကိုရယ္... က်ေတာ္ေတာ့ မွားၿပီ မွားၿပီဗ်ာ.. .. က်ေတာ္သူ႔ကို ထပ္ၿပီး ရက္စက္မိျပန္ၿပီဗ်ာ... ဟာဗ်ာ.. မယံုႏိုင္ေအာင္ပဲ က်ေတာ္ ဘာေတြလုပ္ေနမွန္းမသိေတာ့ဘူး.... က်ေတာ္ သူမ်ားေတြ မဂၤလာပဲြ အကုသိုလ္လာပြားတဲ့ ေကာင္ျဖစ္ေနပါၿပီဗ်ာ... က်ေတာ္ လူမဟုတ္ေတာ့ဘူး အရမ္းကို ယုတ္မာတဲ့သူ ျဖစ္သြားၿပီ... မယံုႏုိင္ေအာင္ပဲ က်ေတာ့္လုပ္ရပ္ကို.. က်ေတာ္ေတာင္းပန္ပါတယ္ဗ်ာ.. က်ေတာ္ေတာင္းပန္ပါတယ္... သူ႔ကိုလဲ ေတာင္းပန္ပါတယ္... က်ေတာ့္ကို ခြင့္လႊတ္ပါ... က်ေတာ့္ကို ခြင့္လႊတ္ၾကပါဗ်ာ.. " ရင္ေခါင္းထဲက ထြက္လာတဲ့ အသံႀကီးနဲ႔ ေအာ္ငိုေနေလရဲ႕။ ဒီျဖစ္အင္ကို ျမင္ရသူ ၾကားရသူ စိတ္မခိုင္တဲ့ အရပ္ထဲက အေဒၚႀကီး အခ်ဳိ႕ပင္ မ်က္ရည္သုတ္ရရွာတယ္။ အကိုေတြ ေမာင္ေတြပင္ ေတြေတြႀကီး ေငးၾကည့္ေနမိတယ္။ ဒါနဲ႔ပဲ အမႈးသမားကို ေဘးက သူ႔ သူငယ္ခ်င္းေတြက ေခ်ာ့ေမာ့ၿပီး ေခၚသြားၾကတယ္။ သတို႔သားကေတာ့ အိမ္အျပင္မွာ ရပ္လ်က္ေပါ့။ သတို႔သမီး အိမ္အျပင္ထြက္လာၿပီး သတို႔သားကို လတ္အုပ္ေလးခ်ီၿပီး မ်က္ရည္ေတြက်လ်က္ ေတာင္းပန္မယ့္ ဟန္ျပဳေတာ့ သတို႔သား သတို႔သမီးလတ္ကို လွမ္းဖမ္းကိုင္ၿပီး သူ႔ရင္ခြင္ထဲ ဆဲြသြင္းၿပီး တင္းက်ပ္စြာ ဖက္ထားလိုက္ေတာ့တယ္။ ပါးစပ္ကလဲ ေျပာေနတယ္ ဘာမွမျဖစ္ဘူး ဘာမွမျဖစ္ဘူး.. ကို မင္းကို အရမ္းခ်စ္တယ္.. ဘာေတြပဲ ျဖစ္ခဲ့ျဖစ္ခဲ့ မင္းကိုပဲ ပိုင္ခ်င္တယ္ ကိုတို႔ႏွစ္ေယာက္ မိသားစုေလး ဘ၀တခုကို ထူေထာင္ခ်င္တယ္။ အဲ့ဒိလို ေျပာလိုက္ေတာ့ သတို႔သမီးမွာ သတို႔သား ရင္ခြင္ထဲ ခ်ဳန္းပဲြခ် ငိုေလေတာ့တယ္။ ပါးစပ္ကလဲ သတို႔သားကို ေတာင္းပန္ေနတဲ့ မပီမသ စကားေတြက ငိုသံေၾကာင့္ ဘာမွန္း မသိေတာ့။ က်ေတာ္ ထင္တယ္.. ဒီအငို ဒီမ်က္ရည္ဟာ ၀မ္းနည္းလြန္းလို႔ ၀မ္းသားလြန္းလို႔ ၾကည္ႏူးလြန္းလို႔ ဆိုတာ က်ေတာ္ နားလည္္ပါတယ္။
သူတို႔မိသားစု သာသာယာယာပါပဲ။ တေလာက ျပန္ေတြ႕ေတာ့ ကေလးႏွစ္ေယာက္ေတာင္ ရေနၿပီ။ မိန္းကေလးႏွစ္ေယာက္ ခ်စ္စရာေလးေတြ စကားကလဲ တက္မွတက္။ စာကလဲ ေတာ္။ သူတို႔ေတြ က်ေတာ့္ကို ေတြ႕ေတာ့ ႀကိဳဆိုတဲ့ပံုက ေသတဲ့သူျပန္ရွင္လာလို႔ ေတြ႕ရတဲ့ ပံုမ်ဳိးနဲ႔ ႀကိဳတယ္။ သူတို႔ မိသားစုေလး ေပ်ာ္ေပ်ာ္ရႊင္ရႊင္း သိုက္သိုက္၀န္း၀န္း ျဖစ္ေနတာေတြ႕ရေတာ့ အရမ္းကို ၀မ္းသာတယ္ စိတ္ခ်မ္းသာတယ္။ က်ေတာ့္သူငယ္ခ်င္းေကာ သူ႔မိန္းမေကာ မဂၤလာေဆာင္ခ်ိန္ကလိုပဲ တစက္မွ မေလ်ာ့တဲ့ ၿပံဳးေပ်ာ္မ်ဳိးေတြ ျမင္ေနရတယ္။ က်ေတာ္ျပန္ေတာ့ က်ေတာ့္သူငယ္ခ်င္းကို ခုထိ မေျပာျဖစ္ခဲ့တဲ့ စကားေလးတခြန္းရွိတယ္။ အဲဒါကေတာ့.. " ငါ႔ သူငယ္ခ်င္းေတြထဲမွာ မင္းလို႔ သူငယ္ခ်င္းမ်ဳိးရွိတာ ငါဂုဏ္ယူတယ္ သူငယ္ခ်င္း " ဆိုတာပါပဲ။
===========
Unicode>>>
.....ကျွန်တော့် သူငယ်ချင်း မင်္ဂလာဆောင်တဲ့နေ့ မင်္ဂလာဦးညမှာပေါ့။ နယ်တွေရဲ့ ထုံးစံအတိုင်း နှစ်ဖက်မိဘရဲ့ အသိုင်းအဝိုင်းစုံ။ မင်္ဂလာသတို့သား သတို့သမီးတို့ရဲ့ သူငယ်ချင်းအပေါင်းအသင်းစုံမို့ တအိမ်လုံး တရုန်းရုန်းပေါ့။ မင်္ဂလာခန်းဝင် လုပ်ထားပေမဲ့ ခြေချစရာ နေရာမရှိ တအိမ်လုံးလူတွေအပြည့်။ မင်္ဂလာဦး သတို့သား သတို့သမီးတို့မှာ မင်္ဂလာဦးညဆိုတာ အသာထား ဒီဆွေမျိုးတွေ တအုပ်ကြီး မပြန်မချင်း အနည်းဆုံး ၂ရက်၃ရက်တော့ ပေါင်းရကိန်းမမြင်။ ဒါပေမဲ့ သူတို့ တအားကိုပျော်နေကြတယ်။ ရယ်ကြမောကျ ပျော်ဆုံးမော်မဆုံး သူတို့အတွက် ဘဝမှာ အပျော်ဆုံး ညချမ်းလေး တညမဟုတ်လား။ နောက်ပြီး အရွှတ်အနောက်တွေ တအားပြောတက်တဲ့ ကျတော့ကြောင့်လည်း တအိမ်လုံးဗိုက်နိုပ် ပွဲကျနေလေရဲ့ပေါ့။ အဲ့ဒိအချိန်မှာ ကျတော်ဟာ ပွဲတည်မင်းသားကြီးပေါ့။ ကျတော်ရယ်စရာပြောနေတဲ့ အချိန်မှာ တအိမ်လုံးရဲ့မျက်နာတွေဟာ ကျတော့့်အပေါ်ကျရောက်နေတယ်။ ကျတော် မှတ်မိနေသေးတယ် ကျတော်ရယ်စရာပြောနေတာကို သတို့သားနဲ့ သတို့သမီး တယောက်နဲ့တယောက် လက်လေးကိုင်ပြီး ကျတော့်ကို ကြည့်ရယ်နေကြတယ်။ အရမ်းရီရတဲ့ စကားဆိုရင် သတို့သမီးက သတို့သား ရင်ခွင်ထဲ မျက်နာအပ် ရယ်နေ၏။ တကယ်ပါ သူတို့ရဲ့ မျက်နာလေးတွေဟာ ဝင်းပြီးပြည့်နေတယ်။ အဲဒီအချိန်မှာပဲ ပြဿနာဂြိုလ်ဆိုး တခု ဝင်လာတယ်။ အိမ်ရှေ့မှ အမှုးသမားတယောက်ရဲ့ အသံ။ အတော်သောက်ထားပြီး အတော် မှုးနေတဲ့ပုံ။ အိမ်ရှေ့ ခြံစည်းရိုးတိုင်တွေကို ကိုင်လျက် သတို့သမီးနာမည်ကို အော်ခေါ်နေတယ်။ ဘေးကပြောမှ သိတာကတော့ သတို့သမီး၏ ရီးစားဟောင်းတဲ့။ ရည်းစားဟောင်းမှာ နယ်နယ်ရရ ရည်းစားဟောင်းမဟုတ်။ တော်တော်လွန်လွန်ကျူးကျူး ဖြစ်ခဲ့ပြီး တနယ်လုံးသိတဲ့အထိ ဖြစ်ခဲ့ပြီးတဲ့ ရည်းစားဟောင်း။ ဒီအမှုးသမားရဲ့ မှုးမှုးနဲ့ ပြောတဲ့ စကားတွေကလဲ ပြနေတယ်။ ဘယ်လို အနမ်းလေးတွေ၊ ဘယ်လို ကိုယ်ငွေ့ရနံ့လေးတွေ၊ ဘယ်နားမှာ ဘယ်လိုဖြစ်ခဲ့တာတွေ။ သူ့လိုဂုဏ်ဓနမဲ့တဲ့သူကို ရက်ရက်စက်စက် ထားရက်တယ် ဘာညာပေါ့။
ကျတော် တွေးထင်မိတာက သတို့သမီးဟာ ရန်ကုန်တက်လာ အလုပ်လုပ်ရင်း ကျတော့်သူငယ်ချင်းအင်ဂျင်နီယာနဲ့ အကြောင်းပါတယ်ဆိုတော့ ဒီကောင် သတို့သမီးအကြောင်းစုံကို မသိတာလား။ အမှုးသမားကတော့ ပြောနေတာ မရက်သေး။ သူပြောနေတာတွေက ဆဲဆိုရိုင်းစိုင်းတာမပါပေမဲ့ ဘယ်လိုအတိုင်းအတာထိ ပတ်သက်ခဲ့တာတွေကို ပြန်အစဖော်ပြောနေတာမို့ ကျတော်တို့တွေမှာတောင် မျက်နာပူစရာ။ သတို့သမီးမှာမှု မျက်နာကို လက်ဝါးအုပ်ခါ ငိုနေတော့တယ်။ သတို့သမီး အကိုနဲ့မောင်ကတော့ ဓားဆွဲဆုတ်ဆွဲ ရိုက်မယ်သက်မယ် ခုတ်မယ် တကဲကဲ အတော့်ကို ထိန်းနေရ၏။ အမှုးသမား၏ သူငယ်ချင်းဖြစ်ဟန်သူ နှစ်ယောက် သုံးယောက်ကလဲ အမှုးသမားအား ချော့မော့ဖြောင်းဖျ ခေါ်ထုတ်သော်လည်း မရ။ ခြံစည်းရိုးတိုင်ကို လက်ကမလွှတ် သတို့သမီးနာမည်သာ တွင်တွင်ခေါ်နေတယ်။ ဒီလိုအခြေအနေမျိုးမှာ ကျတော်သည်ပင်လျင် မည်သူ့ကို ဒေါထွက်မှန်းမသိ ဒေါသက အလိပ်လိုက်ထွက်လာတယ်။ ကျတော့သူငယ်ချင်း သတို့သားမျက်နာကိုလဲ မကြည့်ဝံ့ မကြည့်ဖြစ်။ သူလဲ မည်ကဲ့သို့သော ခံစားမှု၊ မည်ကဲ့သို့သော ဒေါသတွေ ထွက်နေမှာပဲလို့ တွေးထင်မိတယ်။ ဒါပေမဲ့ ကျတော်ထင်တာ တက်တက်စင် လွဲမှားခဲ့တယ်။ ကျတော့်သူငယ်ချင်း ခြံအပြင်ကို ထွက်လာတယ်။ ပြီးတော့ အမှုးသမားရှေ့တည့်တည့်တွင်ရပ်လျက်...
" အကို... ကျတော် သတို့သားပါ.. သူ့ရဲ့ ခင်ပွန်းပါ... သူကျတော့်ကို အကို့အကြောင်းတွေ အရင်က အကိုနှစ်ယောက်အကြောင်းတွေ အများကြီး ပြောပြဖူးပါတယ်.. ကျတော် သဘောပေါက်ပါတယ် နားလည်ပါတယ်... ကျတော်ကိုယ်တိုင်လဲ ရည်စားထားခဲ့ဖူးပါတယ် ဒီလို အခြေအနေပေါင်းစုံးကို ကျော်ဖြတ်ဖူး အားလုံးသိပါတယ်.. သူ့ကို ကျတော် တကယ်ချစ်တယ်... ကျတော့ နုလုံးသားထဲကကို ချစ်ခဲ့တာ.. ကျတော့်ဘဝ ကျတော့်အသက်တမျှကို ချစ်တာ.... အကိုတို့အခြေအနေကို သိပေမဲ့ ကျတော် သူ့ကို ချစ်လွန်းလို့ လက်ထပ်ဖို့ ဆုံးဖြက်ခဲ့တယ်... ကျတော် ဘယ်အတားအဆီးကိုမှ ဂရုမစိုက်ဘူး... ခုအခြေအနေမျိုးမှာ အကိုအနေနဲ့.. ကျတော့ကို စိတ်ချပါ.. ကျတော်လက်ထဲ သူ့ကို ယုံယုံကြည်ကြည်အပ်လိုက်ပါ... သူ့တဘဝလုံး စိတ်ချမ်းသာ ပျော်ရွှင်စေရမယ်... ကျတော်ဂတိပေးပါတယ်.. ဘယ်သူမဆို ကိုယ်ချစ်တဲ့သူကို ပျော်ရွှင်စေချင်မှာပဲ..... ခုအခြေအနေမျိုးမှာတော့ ကျတော်တို့ဘဝလေးကို နောက် မနှောက်ယှတ်ပါနဲ့လား အကို... ကျတော် မေတ္တာရပ်ခံ တောင်းပန်ပါတယ် အကို... အကိုဘဝကိုလဲ ဒီလိုတသက်လုံး အရက်သမား အဖြစ်မခံပါနဲ့လားဗျာ... ဘဝကို အကောင်းဆုံးဖြတ်ကျော်ပြီး ရင်ဆိုင်လိုက်ပါ... ကျတော် တောင်းပန်ပါတယ်ဗျာ... နော်... "
အရက်မှုးသမားမှာ သတို့သား၏ အားလုံးမမျော်လင့်တဲ့ တုံပြန်မှုနှင့် အပြုအမှုနဲ့ စကား၊ အမှုးသမားကိုယ်တိုင် မမျော်လင့်ခဲ့တဲ့ သတို့သားရဲ့ တုံ့ပြန်တဲ့စကားကြောင့် အံ့သြမင်သက်မိနေရာမှ သတို့သား ခြေရင်းတွင် ထိုင်ချလျက် ဒူးကိုသိုင်းဖတ်ခါ ရင်ခေါင်းသံကြီးနဲ့ ချုန်းပွဲချ ငိုလေတော့သည်။
" အကိုရယ်... ကျတော်တော့ မှားပြီ မှားပြီဗျာ.. .. ကျတော်သူ့ကို ထပ်ပြီး ရက်စက်မိပြန်ပြီဗျာ... ဟာဗျာ.. မယုံနိုင်အောင်ပဲ ကျတော် ဘာတွေလုပ်နေမှန်းမသိတော့ဘူး.... ကျတော် သူများတွေ မင်္ဂလာပွဲ အကုသိုလ်လာပွားတဲ့ ကောင်ဖြစ်နေပါပြီဗျာ... ကျတော် လူမဟုတ်တော့ဘူး အရမ်းကို ယုတ်မာတဲ့သူ ဖြစ်သွားပြီ... မယုံနိုင်အောင်ပဲ ကျတော့်လုပ်ရပ်ကို.. ကျတော်တောင်းပန်ပါတယ်ဗျာ.. ကျတော်တောင်းပန်ပါတယ်... သူ့ကိုလဲ တောင်းပန်ပါတယ်... ကျတော့်ကို ခွင့်လွှတ်ပါ... ကျတော့်ကို ခွင့်လွှတ်ကြပါဗျာ.. " ရင်ခေါင်းထဲက ထွက်လာတဲ့ အသံကြီးနဲ့ အော်ငိုနေလေရဲ့။ ဒီဖြစ်အင်ကို မြင်ရသူ ကြားရသူ စိတ်မခိုင်တဲ့ အရပ်ထဲက အဒေါ်ကြီး အချို့ပင် မျက်ရည်သုတ်ရရှာတယ်။ အကိုတွေ မောင်တွေပင် တွေတွေကြီး ငေးကြည့်နေမိတယ်။ ဒါနဲ့ပဲ အမှုးသမားကို ဘေးက သူ့ သူငယ်ချင်းတွေက ချော့မော့ပြီး ခေါ်သွားကြတယ်။ သတို့သားကတော့ အိမ်အပြင်မှာ ရပ်လျက်ပေါ့။ သတို့သမီး အိမ်အပြင်ထွက်လာပြီး သတို့သားကို လတ်အုပ်လေးချီပြီး မျက်ရည်တွေကျလျက် တောင်းပန်မယ့် ဟန်ပြုတော့ သတို့သား သတို့သမီးလတ်ကို လှမ်းဖမ်းကိုင်ပြီး သူ့ရင်ခွင်ထဲ ဆွဲသွင်းပြီး တင်းကျပ်စွာ ဖက်ထားလိုက်တော့တယ်။ ပါးစပ်ကလဲ ပြောနေတယ် ဘာမှမဖြစ်ဘူး ဘာမှမဖြစ်ဘူး.. ကို မင်းကို အရမ်းချစ်တယ်.. ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ မင်းကိုပဲ ပိုင်ချင်တယ် ကိုတို့နှစ်ယောက် မိသားစုလေး ဘဝတခုကို ထူထောင်ချင်တယ်။ အဲ့ဒိလို ပြောလိုက်တော့ သတို့သမီးမှာ သတို့သား ရင်ခွင်ထဲ ချုန်းပွဲချ ငိုလေတော့တယ်။ ပါးစပ်ကလဲ သတို့သားကို တောင်းပန်နေတဲ့ မပီမသ စကားတွေက ငိုသံကြောင့် ဘာမှန်း မသိတော့။ ကျတော် ထင်တယ်.. ဒီအငို ဒီမျက်ရည်ဟာ ဝမ်းနည်းလွန်းလို့ ဝမ်းသားလွန်းလို့ ကြည်နူးလွန်းလို့ ဆိုတာ ကျတော် နားလည််ပါတယ်။
သူတို့မိသားစု သာသာယာယာပါပဲ။ တလောက ပြန်တွေ့တော့ ကလေးနှစ်ယောက်တောင် ရနေပြီ။ မိန်းကလေးနှစ်ယောက် ချစ်စရာလေးတွေ စကားကလဲ တက်မှတက်။ စာကလဲ တော်။ သူတို့တွေ ကျတော့်ကို တွေ့တော့ ကြိုဆိုတဲ့ပုံက သေတဲ့သူပြန်ရှင်လာလို့ တွေ့ရတဲ့ ပုံမျိုးနဲ့ ကြိုတယ်။ သူတို့ မိသားစုလေး ပျော်ပျော်ရွှင်ရွှင်း သိုက်သိုက်ဝန်းဝန်း ဖြစ်နေတာတွေ့ရတော့ အရမ်းကို ဝမ်းသာတယ် စိတ်ချမ်းသာတယ်။ ကျတော့်သူငယ်ချင်းကော သူ့မိန်းမကော မင်္ဂလာဆောင်ချိန်ကလိုပဲ တစက်မှ မလျော့တဲ့ ပြုံးပျော်မျိုးတွေ မြင်နေရတယ်။ ကျတော်ပြန်တော့ ကျတော့်သူငယ်ချင်းကို ခုထိ မပြောဖြစ်ခဲ့တဲ့ စကားလေးတခွန်းရှိတယ်။ အဲဒါကတော့.. " ငါ့ သူငယ်ချင်းတွေထဲမှာ မင်းလို့ သူငယ်ချင်းမျိုးရှိတာ ငါဂုဏ်ယူတယ် သူငယ်ချင်း " ဆိုတာပါပဲ။

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...