မူးယစ်ဆေး မှောင်ခိုကူတဲ့ ခိုတစ်ကောင် ဖမ်းမိ

နိုင်ငံကူးပြီး မူးယစ်ဆေးသယ်ဆောင်ပျံသန်းသည့် ခိုတကောင် ဖမ်းမိ
-----------------
By ဒီဗွီဘီ 26 May 2017
နိုင်ငံဖြတ်ကျော်ပြီး မူးယစ်ဆေးဝါး သယ်ဆောင်လာတဲ့ ခိုတကောင် ဖမ်းမိတဲ့သတင်းဟာ ဒီကနေ့မနက် ထိုင်းလူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။
ကမ္ဘာကိုစူးစမ်းခြင်းလို့ အဓိပ္ပာယ်ရတဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ကျောပေါ် မူးယစ်ဆေး သယ်ဆောင်ထားတဲ့ ခိုပြာတကောင်ရဲ့ ဓာတ်ပုံကို တင်ထားပါတယ်။
အဲဒီခိုကလေးဟာ အီရတ်နိုင်ငံကနေ ကူဝိတ်နိုင်ငံကို ပျံသန်းလာတာဖြစ်ပြီး တာဝန်ရှိသူတွေက သူ့ရဲ့ကျောပေါ်ချီထားတဲ့ အထုပ်ကို ဖောက်ကြည့်ရာမှာ မူးယစ်ဆေးအလုံးပေါင်း ၁၇၈ လုံးကို တွေ့ရတယ်လို့ ဆိုပါတယ်။
ခိုလေးတွေဟာ လူတွေနဲ့ အနေနီးစပ်တဲ့ သတ္တဝါတမျိုးဖြစ်ကြောင်း၊ သူတို့ဟာ ထွက်ခွာရာအရပ်နဲ့ ဆိုက်ရောက်ရာအရပ်ကို မှတ်မိသိရှိလွယ်တဲ့ အာရုံခံစားမှုရှိတာကြောင့် အရင်ခေတ်လူတွေက သူတို့ကို စာပို့ရာမှာ အသုံးချခဲ့ပြီး ဒီနေ့အချိန်မှာတော့ မူးယစ်ဆေးဝါး သယ်ဆောင်ခိုင်းတာတွေ များပြားလာတယ်လို့ တာဝန်ရှိသူတွေက ပြောကြောင်း ရေးထားပါတယ်။
ဒါပေမယ့် ဘယ်တာဝန်ရှိသူတွေက ဘယ်နေ့မှာ ဖမ်းမိခဲ့သလဲဆိုတာတော့ ဖော်ပြထားခြင်း မရှိပါဘူး။

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...