တပ္မေတာ္စြမ္းအားတြင္ ျမန္မာက ကမာၻ႔အဆင့္ ၃၂ ရိွ၍ စင္ကာပူနွင့္ မေလးရွား၏အထက္တြင္ ရပ္တည္လ်က္ရိွ
ကမာၻ႔နိုင္ငံ ၁၂၇ နိုင္ငံ၏ တပ္မေတာ္စြမ္းအားမ်ားကို Global Fire Power (GFP) က အဆင့္သတ္မွတ္ရာ ျမန္မာက အဆင့္ ၃၂တြင္ ရိွေနျပီး စင္ကာပူနွင့္ မေလးရွား၏အထက္တြင္ ရပ္တည္လ်က္ရိွသည္။ ေဒသတြင္းနိုင္ငံမ်ားတြင္ ျမန္မာ၏အထက္၌ အင္ဒိုနီးရွား၊ ဗီယက္နမ္နွင့္ ထိုင္းနိုင္ငံတို႔က အဆင့္ ၁၄၊ ၁၆ ႏွင့္ ၂၁ တြင္ အသီးသီးေနရာယူထားသည္။
အေမရိကန္ႏွင့္ ႐ုရွားက အဆင့္ ၁ ႏွင့္ ၂ ျဖစ္ၿပီး တ႐ုတ္ႏွင့္ အိႏၵိယတို႔က ကမာၻ႔အဆင့္ ၃ ႏွင့္ ၄ တြင္ အသီးသီးရပ္ တည္လ်က္ရိွသည္။ ေျမာက္ကိုရီးယားက အဆင့္ ၂၃ ရပ္တည္ေနျပီး ဘဂၤလားေဒ့ရွ္မွာ အဆင့္ ၅၂ ျဖစ္သည္။
GFP က တပ္မေတာ္စြမ္းအား အဆင့္သတ္မွတ္ရာတြင္ တပ္မေတာ္တြင္ လက္ရိွတာ၀န္ထမ္းေဆာင္ေနသည့္ တပ္သားအင္အား၊ နိုင္ငံအတြင္း တာ၀န္ထမ္းေဆာင္နိုင္စြမ္းရိွသည့္ လူဦးေရပမာဏ၊ နိုင္ငံေတာ္ေၾကြးၿမီပမာဏ၊ ကာကြယ္ေရးအသံုးစရိတ္၊ ေရနံထုတ္လုပ္မႈ၊ ေရနံသံုးစဲြမႈ၊ သိုေလွာင္ေရနံပမာဏအစ ရိွသည့္ အခ်က္ ၅၀ အေပၚ အေျခခံ၍ ႏိုင္ငံတႏိုင္ငံ၏ စစ္ေရးစြမ္းအား ညႊန္ကိန္းရမွတ္ကို သတ္မွတ္ျခင္းျဖစ္သည္ဟု ဆိုသည္။
ထို႔ျပင္ နိုင္ငံတနိုင္ငံ၏ လက္နက္ပမာဏအေပၚမူတည္၍ တြက္ခ်က္ျခင္းမဟုတ္ဘဲ ပမာဏထက္ လက္နက္အမ်ဳိးအစားစံုလင္မႈ၊ ပထ၀ီအေနအထား၊ လက္နက္ႏွင့္ စားနပ္ရိကၡာေထာက္ပို႔ရန္ လြယ္ကူအဆင္ေျပမႈ၊ သဘာ၀သယံဇာတႏွင့္ ျပည္တြင္းထုတ္ကုန္စြမ္းအားမ်ားကိုလည္း ထည့္သြင္းတြက္ခ်က္သည္။
ႏ်ဴကလီးယားလက္နက္ပမာဏအေပၚမူတည္၍ အမွတ္မေပးေသာ္လည္း ႏ်ဴကလီးယား တရား၀င္ပိုင္ဆိုင္သည့္ နိုင္ငံ မ်ားနွင့္ တရား၀င္မဟုတ္ေသာ္လည္း ႏ်ဴကလီးယားလက္နက္လက္၀ယ္ရိွသည္ဟု ယူဆရေသာ နိုင္ငံမ်ားအေနျဖင့္ အပိုမွတ္ (Bonus Point) ရ၍ ေရတပ္မရိွသည့္ ကုန္းတြင္းပိတ္နိုင္ငံမ်ားအေပၚ အမွတ္ ေလွ်ာ့ျခင္းမရိွေၾကာင္း၊ ေနတိုး (NATO) အဖဲြ႕၀င္နိုင္ငံမ်ားအားလည္း မိတ္ဖက္နိုင္ငံမ်ားႏွင့္ ရင္းျမစ္မ်ား မွ်ေ၀သံုးစဲြနိုင္သည္ဆိုေသာ ယူဆခ်က္အရ အပိုမွတ္ေပးေၾကာင္း ေဖာ္ျပထားသည္။
အေမရိကန္နွင့္ ဥေရာပသမဂၢ (EU) နိုင္ငံမ်ားက ျမန္မာနိုင္ငံအေပၚခ်မွတ္ထားသည့္ ဒဏ္ခတ္ပိတ္ဆို႔မႈမ်ားကို ဒီမိုကေရစီအသြင္ကူးေျပာင္းမႈေနာက္ပိုင္း၌ ႐ုပ္သိမ္းေပးခဲ့ေသာ္လည္း လက္နက္ေရာင္း၀ယ္မႈကို ဆက္လက္ပိတ္ဆို႔ထားဆဲျဖစ္သည္။ EU ၏ လက္နက္အေရာင္းအ၀ယ္ပိတ္ဆို႔မႈသည္ ယခုလ ၇ ရက္ေန႔တြင္ သက္တမ္းကုန္ဆံုးမည္ျဖစ္ျပီး သက္ တမ္းထပ္တိုးမည္ေလာ (သို႔မဟုတ္) ႐ုပ္သိမ္းမည္ေလာဆိုျခင္းကို EU က မထုတ္ျပန္ေသးေခ်။
တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္သည္ ဧၿပီလကုန္ပိုင္းက ဂ်ာမနီနိုင္ငံသို႔ ခ်စ္ၾကည္ေရး ခရီးစဥ္သြားေရာက္ခဲ့သည္။ ထို႔ျပင္ ၂၀၁၆ စက္တင္ဘာလအတြင္းကလည္း အစၥေရးႏိုင္ငံသို႔ သြားေရာက္ခဲ့သည္။
ေမာ္႐ိုး
News Watch
ကမ္ဘာ့နိုင်ငံ ၁၂၇ နိုင်ငံ၏ တပ်မတော်စွမ်းအားများကို Global Fire Power (GFP) က အဆင့်သတ်မှတ်ရာ မြန်မာက အဆင့် ၃၂တွင် ရှိနေပြီး စင်ကာပူနှင့် မလေးရှား၏အထက်တွင် ရပ်တည်လျက်ရှိသည်။ ဒေသတွင်းနိုင်ငံများတွင် မြန်မာ၏အထက်၌ အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့က အဆင့် ၁၄၊ ၁၆ နှင့် ၂၁ တွင် အသီးသီးနေရာယူထားသည်။
အမေရိကန်နှင့် ရုရှားက အဆင့် ၁ နှင့် ၂ ဖြစ်ပြီး တရုတ်နှင့် အိန္ဒိယတို့က ကမ္ဘာ့အဆင့် ၃ နှင့် ၄ တွင် အသီးသီးရပ် တည်လျက်ရှိသည်။ မြောက်ကိုရီးယားက အဆင့် ၂၃ ရပ်တည်နေပြီး ဘင်္ဂလားဒေ့ရှ်မှာ အဆင့် ၅၂ ဖြစ်သည်။
GFP က တပ်မတော်စွမ်းအား အဆင့်သတ်မှတ်ရာတွင် တပ်မတော်တွင် လက်ရှိတာဝန်ထမ်းဆောင်နေသည့် တပ်သားအင်အား၊ နိုင်ငံအတွင်း တာဝန်ထမ်းဆောင်နိုင်စွမ်းရှိသည့် လူဦးရေပမာဏ၊ နိုင်ငံတော်ကြွေးမြီပမာဏ၊ ကာကွယ်ရေးအသုံးစရိတ်၊ ရေနံထုတ်လုပ်မှု၊ ရေနံသုံးစွဲမှု၊ သိုလှောင်ရေနံပမာဏအစ ရှိသည့် အချက် ၅၀ အပေါ် အခြေခံ၍ နိုင်ငံတနိုင်ငံ၏ စစ်ရေးစွမ်းအား ညွှန်ကိန်းရမှတ်ကို သတ်မှတ်ခြင်းဖြစ်သည်ဟု ဆိုသည်။
ထို့ပြင် နိုင်ငံတနိုင်ငံ၏ လက်နက်ပမာဏအပေါ်မူတည်၍ တွက်ချက်ခြင်းမဟုတ်ဘဲ ပမာဏထက် လက်နက်အမျိုးအစားစုံလင်မှု၊ ပထဝီအနေအထား၊ လက်နက်နှင့် စားနပ်ရိက္ခာထောက်ပို့ရန် လွယ်ကူအဆင်ပြေမှု၊ သဘာဝသယံဇာတနှင့် ပြည်တွင်းထုတ်ကုန်စွမ်းအားများကိုလည်း ထည့်သွင်းတွက်ချက်သည်။
နျူကလီးယားလက်နက်ပမာဏအပေါ်မူတည်၍ အမှတ်မပေးသော်လည်း နျူကလီးယား တရားဝင်ပိုင်ဆိုင်သည့် နိုင်ငံ များနှင့် တရားဝင်မဟုတ်သော်လည်း နျူကလီးယားလက်နက်လက်ဝယ်ရှိသည်ဟု ယူဆရသော နိုင်ငံများအနေဖြင့် အပိုမှတ် (Bonus Point) ရ၍ ရေတပ်မရှိသည့် ကုန်းတွင်းပိတ်နိုင်ငံများအပေါ် အမှတ် လျှော့ခြင်းမရှိကြောင်း၊ နေတိုး (NATO) အဖွဲ့ဝင်နိုင်ငံများအားလည်း မိတ်ဖက်နိုင်ငံများနှင့် ရင်းမြစ်များ မျှဝေသုံးစွဲနိုင်သည်ဆိုသော ယူဆချက်အရ အပိုမှတ်ပေးကြောင်း ဖော်ပြထားသည်။
အမေရိကန်နှင့် ဥရောပသမဂ္ဂ (EU) နိုင်ငံများက မြန်မာနိုင်ငံအပေါ်ချမှတ်ထားသည့် ဒဏ်ခတ်ပိတ်ဆို့မှုများကို ဒီမိုကရေစီအသွင်ကူးပြောင်းမှုနောက်ပိုင်း၌ ရုပ်သိမ်းပေးခဲ့သော်လည်း လက်နက်ရောင်းဝယ်မှုကို ဆက်လက်ပိတ်ဆို့ထားဆဲဖြစ်သည်။ EU ၏ လက်နက်အရောင်းအဝယ်ပိတ်ဆို့မှုသည် ယခုလ ၇ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး သက် တမ်းထပ်တိုးမည်လော (သို့မဟုတ်) ရုပ်သိမ်းမည်လောဆိုခြင်းကို EU က မထုတ်ပြန်သေးချေ။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဧပြီလကုန်ပိုင်းက ဂျာမနီနိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ်သွားရောက်ခဲ့သည်။ ထို့ပြင် ၂၀၁၆ စက်တင်ဘာလအတွင်းကလည်း အစ္စရေးနိုင်ငံသို့ သွားရောက်ခဲ့သည်။
မော်ရိုး
0 comments :
Post a Comment