အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦးအားအမျိုးသားနှစ်ဦးမှသားမယားပြုကျင့်မှု ဖြစ်ပွား






Iprd Kawthoung Iprd


ကော့သောင်းမြို့ မာရမ်းကျေးရွာအုပ်စု ၊ အေးချမ်းသာကျေးရွာ ၊ ခမောက်ငယ်ဆီအုန်းပျိုးခင်းဇုန် အတွင်း အသက် တစ်ဆယ်ငါးနှစ် အရွယ် မိန်းကလေးတစ်ဦးအား သားမယားအဖြစ်ပြုကျင့် သူ အမျိုးသားနှစ်ဦး အား မာရမ်းရဲတပ်ဖွဲ့ မှ မေလ ၉ ရက်နေ့ က ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်းသိရသည်။

ပြုကျင့်ခံရ သူ အသက်၁၅နှစ်အရွယ် မ------ ၏ မိခင် ဖြစ်သူ က ဆီအုန်းစိုက်ပျိုးရေးလုပ်ကွက်တာဝန်ခံ ခင်ဇော် နှင့် ဆီအုန်းလုပ်သား တင်အေး ဆိုသူ နှစ်ဦး မှ သားမယားအဖြစ် ပြုကျင့်ကြောင်းတိုင်တန်းချက်အရ မာရမ်းရဲစခန်းမှ မ-------အား စစ်မေးရာ လွန်ခဲ့သည့်တစ်လခန့် က ပြုကျင့်ခံရသူ မ------- သည် ဆီအုန်းအလုပ်စခန်းမှအိမ်သို့ပြန်လာစဉ် လုပ်ကွက်တာဝန်ခံ ခင်ဇော် က လိုက်ပါပို့ဆောင်ပေးရာ လမ်းတွင်လမ်းဘေးချုံပုတ်အတွင်း သို့ဆွဲခေါ်ကာ သားမယားအဖြစ်(၁)ကြိမ်ပြုကျင့်ခဲ့ကြောင်း ၊ ယင်းနောက် လွန်ခဲ့သည့်(၂၀)ရက်ခန့် က မ------သည် မိမိနေအိမ်တွင်တစ်ဦးတည်း ထမင်းချက်နေစဉ် ဆီအုန်းလုပ်သား တင်အေး ဆိုသူ မှ နေအိမ်နောက်ပေါက်မှအိမ်ပေါ်သို့တက်လာပြီး မ------အား ဖုန်းဝယ်မေးမယ် ၊ ရန်ကုန်သို့ ခိုးပြေးကြမယ် ဟုပြောဆိုကာပါးစပ်ပိတ်၍ သားမယားအဖြစ်(၁)ကြိမ် ထပ်မံပြုကျင့် ခဲ့ရကြောင်းစစ်ဆေးဖေါ်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။

ယခုဖြစ်စဉ်နှင့်စပ်လျဉ်း၍ မိခင်ဖြစ်သူ၏တိုင်းတန်းချက်အပေါ် ပြုကျင့်ခံရသူမ-----အားကော့သောင်းဆေးရုံသို့ မှုခင်းဆေးစာဖြင့်ပေးပို့စစ်ဆေးထားရှိပြီး ပြစ်မှုကျူးလွန်သူ ခင်ဇော်(၂၇)နှစ် နှင့် တင်အေး(၃၁)နှစ်တို့အား မာရမ်းရဲစခန်း (ပ)၅/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၇၆အရ ဖမ်းဆီးအမှုဖွင့် ကာ ဆက်လက်အရေးယူဆောင်ရွက်လျှက်ရှိကြောင်းသိရှိရသည်။

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...