သဘာဝတရားကို လွန်ဆန်ဖို့ တင်သား၊ ရင်သားခွဲစိတ်ခဲ့ရင်း အသက်ပါပေးခဲ့ရရှာတဲ့ မိန်းကလေးငယ်


Shiryl Saturnino လို့ခေါ်တဲ့ ဖီလစ်ပိုင် နိုင်ငံက အမျိုးသမီး တစ်ဦးဟာ ခန္ဓာကိုယ်အလှအပအတွက် ခွဲစိတ်မှု့ လုပ်ရင်း ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က သေဆုံးခဲ့ပါတယ်။အသက် ၂၉ နှစ်ရှိပြီဖြစ်ပြီး သူမရဲ့ ရင်သားနှင့် တင်သား အလှတို့ ပိုမိုကြွစေဖို့အတွက် မနီလာမြို့ အရှေ့ပိုင်းမှာရှိတဲ့ The Icon ဆေးခန်းမှာ ခွဲစိတ်မှု့ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
သူမဟာ ၄င်းခွဲစိတ်မှု့နှစ်ခုစလုံးကို တစ်ကြိမ်ထဲမှာ ခွဲစိတ်ခဲ့တာကြောင့်လည်း အခုလို ကံကြမ္မာဆိုးနှင့် ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ခွဲစိတ်မှု့ကို ညနေ ၅ နာရီကစတင်ခဲ့တာဖြစ်ပြီး ခွဲစိတ်နေစဉ် မနက် ၂နာရီ၄၀ မိနစ်မှာ အသက်ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။
သူမကိုခွဲစိတ်ခဲ့တဲ့ ဆရာဝန်ရဲ့ ပြောပြချက်အရတော့ ခွဲစိတ်မှု့ပြုလုပ်ပြီး နောက်မှာ နှလုံးမခုန်တော့ဘဲ အသက်ဆုံးရှုံးခဲ့ရတာလို့ပြောပါတယ်။၎င်းဆရာဝန်တွေဟာ သူမနှလုံးခုန်ရပ်ခဲ့တာကြောင့် ကယ်တင်နိုင်ရန် Makati ဆေးရုံကို ပို့ဆောင်ခဲ့သော်လည်း ကယ်တင်နိုင်စွမ်းမရှိတော့ဘဲ မနက် ၃နာရီ၂၁ မိနစ်မှာသေဆုံးခဲ့တယ်လို့ကြေညာခဲ့ပါတယ်။
မှု့ခင်းရဲတွေကတော့ သေမှု့သေခင်းအတွက် ဆေးစစ်ချက်တွေကို စောင့်ယူနေခဲ့ကြပြီး သူမကို ခွဲစိတ်ပေးခဲ့တဲ့ ဆရာဝန်နှင့် ပတ်သက်မှု့ရှိမရှိဆက်လက်စုံစမ်းနေပါတယ်။သူမသေဆုံးမှု့နှင့် ပတ်သက်လို့ ခွဲစိတ်ဆရာဝန်မှာ အပြစ်ရှိတယ် အပြစ်မရှိဘူးဆိုတာကိုတော့ အွန်လိုင်းလောကမှာ ကီးဘုတ် တိုက်ပွဲ အဖြစ် လူပြောသူပြောများခဲ့တယ်လို့AsiaOne သတင်းဌာနမှာဖော်ပြပါရှိပါတယ်။
Credit: buzzy.com.mm

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...