ဇနီးသည်ကို ယောကျာ်း ၂၇၀၀နဲ့ အဓမ္မလိင်ဆက်ဆံစေခဲ့တဲ့ ခင်ပွန်း


ခင်ပွန်းတစ်ယောက်ဟာ သူ့ရဲ့မိန်းမဖြစ်သူကို လေးနှစ်တာအတွင်း ဖောက်သည်ပေါင်း ၂၇၄၂ ယောက်ဆီကို လိင်ဆက်ဆံဖို့အတွက် ငှားရမ်းခဲ့မှု ဖြစ်ခဲ့ကြောင်း တရားရုံးမှာ ယနေ့ကြားနာခဲ့ရပါတယ်။

အသက် ၅၄နှစ်ရှိပြီဖြစ်တဲ့ အဲ့ဒီ့ခင်ပွန်းဖြစ်သူဟာ ဒီ ပြည့်တန်ဆာလုပ်ငန်းကနေ တစ်လကို ပေါင် ၅၀၀၀ ကျော် ငွေရှာနိုင်ခဲ့ပါတယ်။ သူ့ရဲ့ နာမည်ကိုတော့ ဥပဒေကြောင်းအရ ဖော်ပြခွင့်မရပါဘူး။

အသက် ၄၆နှစ်ရှိ သူ့ဇနီးဟာ ဖောက်သည်တွေကို ဝန်ဆောင်မှုပေးနေတဲ့ အချိန်မှာတော့ သူရဲ့ ၅နှစ်အရွယ် ကလေးနဲ့အတူ အိမ်ရှေ့က ကားထဲမှာ ထိုင်စောင့်လေ့ရှိတယ်လို့ သိရပါတယ်။ သူတို့နေထိုင်တာကနေ ပါရီမြောက်ပိုင်း မီရာအောက်စ်မှာပါ။

“ခင်ပွန်းဖြစ်သူက သူ့ဇနီးသည်ကို စိတ္တဗေဒနည်းအရ လွှမ်းမိုးမှုတွေပြုလုပ်ခဲ့တယ်။ တစ်ခါတလေ သိပ်ကြမ်းတဲ့ ဖောက်သည်တွေရဲ့ လိင်ဆက်ဆံလိုမှုကို သူ့ဇနီးကိုယ်တိုင်က မရပ်မနား ဖြည့်ဆည်းပေးအောင်ပေါ့။” လို့ မြို့နယ်ပြစ်မှုတရားရုံးက ရှေ့နေ Emmanuel Dupic က ပြောပြခဲ့ပါတယ်။

ဒီဇနီးမောင်နှံ အိမ်ထောင်ကျခဲ့တဲ့ ၁၀နှစ်ရှိပါပြီ။ သူတို့ကို အောက်တိုဘာလ ၂၀ရက်က ဖမ်းဆီးခဲ့ပြီး ခင်ပွန်းဖြစ်သူကို ပြည့်တန်ဆာမှုနဲ့ တရားစွဲကာ ထောင် ၁၀နှစ် ကျခံရဖို့ရှိပါတယ်။

( Skyler )
thithtoolwin

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...