



Image may contain: one or more people and text
ယခုကဲ့သို့ စီးပွားဖြစ် အပြာဇာတ်ကားများအား သွေးတိုးစမ်းဖြန့်ချီမှူကိုအရေးမယူနိုင်ပါက နောင်တွင် စီးပွားဖြစ် အပြာကားများကို သူ့ထက်ငါ အလုအယက် ထုတ်လုပ်ဖြန့်ချီကြမည်မှာမလွဲမသွေပင်ဖြစ်လေသည် ။

လွင်ဦးဟန်

Unicode
မြန်မာ့ပထမဆုံး HD ကို ဂုဏ်ယူစွာဖြင့် စတင်လွှင့်လိုက်ပါပြီဆိုသော စာသားဖြင့် မြန်မာ့ယဉ်ကျေးမှူတံခါးကို ချိုးဖျက်ပြီး ဝင်ရောက်လာခဲ့သော အပြာဇတ်ကားတစ်ခု ဖုံးနံပါတ် အတိအကျဖြင့် ထိုးဖောက်လာခဲ့ပါတယ် ။ Viber ကနေ တစ်သောင်းကျပ်နှူံးဖြင့် ရောင်းချပေးခဲ့ရာမှာ တစ်ရက်ထဲနှင့်ဝယ်ယူသူများပြားလွန်းတာကြောင့် Viber lock ကျသွားရတဲ့အထိဖြစ်ခဲ့ပါတယ်ဟု Art of Myanmar production page တွင် အတိအလင်းဖေါ်ပြခဲ့ပါတယ် ။
အစိုးရသစ်လက်ထက်တွင် ရဲရဲတင်းတင်းထိုးဖောက်လာသော Violet of Myanmar Sex movie ကို နှစ်သက်စွာကြိုဆိုကြသူများရှိသလို မြန်မာ့ယဉ်ကျေးမှူနှင့်မကိုက်ညီသည့်အတွက် မလိုလားသူများလဲရှိကြပါတယ် ။
စာရေးသူကိုယ်တိုင်ကလဲ ယခုလို မြန်မာ့ယဉ်ကျေးမှူကို ချိုးဖောက်ပြီး ထွက်လာသော ကာမလှူံ့ဆော်ရေး Porn video များကိုအားမပေးပါ ။ အာရှနိုင်ငံများတွင် မြန်မာနိုင်ငံသည် ရိုးရာယဉ်ကျေးမှူကိုအလေးအထားဆုံးနိုင်ငံ ဖြစ်ပါတယ် ။
ဟိုတယ်နှင့်တည်းခိုခန်းများမှ ကိုယ်တိုက်ရိုက်...ချောင်းရိုက်..ခိုးရိုက် ဇာတ်လမ်းတိုများ အွန်လိုင်းပေါ်တွင်ပျံ့နှံ့နေခြင်းသည် ပေါ်ပေါ်တင်တင် စည်းပွားရေးလုပ်ခြင်းမဟုတ်ပဲ အကြောင်းတစ်စုံတရာကြောင့် ပုဂ္ဂိုလ်ရေးလျှို့ဝှက်ချက် ပေါက်ကြားရခြင်းသာဖြစ်ပေသည် ။
ယခုကဲ့သို့ စီးပွားဖြစ် အပြာဇာတ်ကားများအား သွေးတိုးစမ်းဖြန့်ချီမှူကိုအရေးမယူနိုင်ပါက နောင်တွင် စီးပွားဖြစ် အပြာကားများကို သူ့ထက်ငါ အလုအယက် ထုတ်လုပ်ဖြန့့်ချီကြမည်မှာမလွဲမသွေပင်ဖြစ်လေသည် ။
ဖြစ်လာနိုင်မည့် အကျိုးဆက်များမှာ အမျိုးကောင်းသားသမီးများ စာရိတ္တချို့ယွင်းလာကာ အရွယ်မရောက်သေးသော ကလေးသူငယ်များ အဖို့ အတုမြင် အတတ်သင်ပြီး ပျက်စီးကြပါလိမ့်မည် ။ ထို့အပြင် ကာမအတင်းရယူမှူနှင့် သက်ငယ်မုဒိန်းမှူများလည်း ပေါများလာပေလိမ့်မည် ။ 
ယခုပင်လျှင် အသိဉာဏ်နည်းပါးသူနှင့် ဆင်ခြင်မှူတရားနည်းပါးသူအချို့ကြောင့် မုဒိန်းမှူများစွာဖြစ်ပွားလျက်ရှိနေပါသည် ။
စီးပွားဖြစ်ရိုက်ကူးဖြန့်ချီလျှက်ရှိသော လိင်ဖျော်ဖြေရေး ဇာတ်လမ်းအား ပြင်းပြင်းထန်ထန် နှင့် ထိထိရောက်ရောက်အရေးမယူနိုင်ခဲ့ပါက ရှေ့ဆက်ဖြစ်လာမည့် အကျိုးဆက်များအတွက် ရင်လေးမိပါကြောင်း တင်ပြလိုက်ရပါသည် ။
လွင်ဦးဟန်

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...