ကမ္ဘောဇဘဏ်မှ ငွေ(၁၆) သိန်းကျော် ထုတ်လာသူ နောက်မှ ဆိုင်ကယ်ဖြင့်လိုက်ကာ ငွေနှင့်ဆိုင်ကယ် ခိုးယူသူများအား ဖမ်းဆီးရမိ


ပုသိမ်မြို့ ကမ်းနားလမ်းရှိ ကမ္ဘောဇဘဏ်တွင် ငွေ ၁၆ သိန်းကျော်ထုတ်ယူလာသူအား နောက်ယောင်ခံ လိုက်ပြီး ဆိုင် က ယ်နှင် ငွေ ၁၆ သိန်းကျော် ခိုးယူသူ ၃ ဦးအား ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက နာရီပိုင်းအတွင်း ဖ မ်းဆီးရမိခဲ့ကြောင်း သတင်းရရှိခဲ့ကြောင်း သိရသည်။ ( အောက်ဆုံးတွင် ဗီဒီယိုဖိုင်တွဲတင်ပေးထားပါသည် )
ဖြစ်စဉ်မှာ ပုသိမ်မြို့ ကမ်းနားလမ်းတွင်နေထိုင်သူ ဦးမင်းအောင် သည် ၄င်း ၄၁ ယ ၉၅၇၇၇၇ ဆိုင်ကယ်ဖြင့် ကမ်းနား လ မ်းရှိကမ္ဘောဇဘဏ်ခွဲ မှ ငွေ (၁၆) သိန်းကျော်ခန့်အား ထုတ်ယူပြီး ဆိုင်ကယ် ဖင်ထိုင်ခုံအောက်တွင် ထည့်လျက်နေ အိ မ်သို့ပြန်လာစဉ် မိတ်ဆွေဖြစ်သူရှိရာ ငွေလမင်းဆားစက်ရှေ့ တွင်ဆိုင်ကယ်သော့မဖြုတ်ပဲ စကားဝင်ပြောပြီး ခဏအကြာ ဆိုင်ကယ်အား ထွက်ကြည့်ရာ လူ(၃) ဦးမှ ဆိုင်ကယ်ကို ခိုးယူ သွားသဖြင့် ပုသိမ်မြို့မရဲစခန်းသို့ လာရောက်တိုင်တန်း ခဲ့ရာ ပုသိမ်မြို့မရဲစခန်းက (ပ) ၁၃၆/၁၇ ပုဒ်မ ၃၇၉/၁၁၄ ဖြင့် အမှုဖွင့် စုံစမ်းခဲ့သည်။
အခင်းဖြစ်နေရာသို့ ပုသိမ်မြို့နယ်မှူး ရဲမှူး သောင်းကြည် ပုသိမ်မြို့မရဲစခန်းမှူး ဒုရဲမှူး မျိုးသူ နယ်ထိန်းခေါင်းဆောင် ရဲ အုပ် ဇော်မင်းထွန်းနှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များမှ သွားရောက် စစ်ဆေးခဲ့ပြီး ပုသိမ်မြို့ပေါ်အတွင်း အဖွဲ့များခွဲလျက် လိုက် လံစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စုံစမ်းခဲ့ရာ ရဲအုပ် ဇော်မင်းထွန်းနှင့်နယ်ထိန်း တပ်ဖွဲ့ဝင် များသည် ည (၈) နာရီခန့်တွင် အမာခံသတင်းပေးများ ပြည်သူများ၏ သတင်းပေးချက်အရ ပြစ်မှုကျုးလွန်သူ အောင်မြင့်မြတ် ၂၀ နှစ် မဟာဗောဓိလမ်း ရအက (၈) နှင့် ငြိ မ်း ချမ်းအောင် ၂၀ နှစ် ဆည်မြောင်းဝန်း အမှတ် (၂) ရပ်ကွက် နေသူ တို့အား ဖမ်းဆီးရမိသည်။
၎င်းတို့ နေအိမ်အသီးသီးရှိ ဗီဒိုအတွင်းမှ ခိုးယူရရှိသည့်ငွေ (၁၁) သိန်းကျော်အား လည်းကောင်း ထွက်ပြေးနေသည့် ကျ န်တရားခံ ဝေဖြိုးအောင် နေအိမ်ဗီဒိုအတွှင်းမှ ငွေ (၄) သိန်းကျပ်အားလည်းကောင်း စုစုပေါင်း ၁၅၂၈၀၀၀ ကျပ်အား အ ချိန်တို အတွင်းပြန်လည်သိမ်းဆည်းရမိခဲ့ပြီးဖြစ်သည်။
၎င်းတို့ခိုးယူခဲ့သော ဆိုင်ကယ်အား ပုသိမ်တက္ကသိုလ်သို့ သွားသည့် လမ်းဘေးတွင်ဝှက်ထားသဖြင့် ပြန်လည် သိမ်းဆ ည်းရမိခဲ့ကြောင်း ပုသိမ်မြို့မရဲစခန်း ထုတ်ပြန်ချက်အရ သိရသည်။




Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...