လင်ငယ်နေတဲ့ ဇနီးကို ခုတင်ပေါ်မှာ အမိဖမ်းပြီး သူ့မိဘနှင့် အပေါင်းအသင်းများရှေ့မှာ တစ်သက်စာမေ့လို့ မရအောင် ပညာပေးလိုက်တဲ့ အမျိုးသား



Credit:Momolay
===========

Unicode
အိမ်ထောင်ရေးဆိုတာ တကယ်ကိုရှုပ်ထွေးလွန်းပါတယ်။ ဘဝနှစ်ခုကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ဖို့ဆိုတာ သံယောဇဉ် ၊ နားလည်မှု ၊ ချင်ခင်မှု ၊ ကိုယ်ချင်းစာမှုတို့တွေ လိုအပ်သလို သစ္စာရှိမှုဆိုတာလည်း မဖြစ်မနေလိုအပ်ပါတယ်။
ဒါကြောင့် သစ္စာမရှိရင် ၊ သစ္စာဖောက်ပြန်တတ်ရင် ဖြစ်လာတဲ့အကျိုးဆက်နဲ့ပတ်သတ်ပြီး သင်ခန်းစာရဖွယ် အဖြစ်အပျက်လေးတစ်ခုအကြောင်းကို ရေးသားဖော်ပြပေးသွားပါမယ်။
တစ်နေ့မှာ အရမ်းကိုချစ်ကြတဲ့ ချစ်သူစုံတွဲဟာ အကြင်လင်မယားအဖြစ်ကို တရားဝင်ရောက်ရှိသွားခဲ့ပါတယ်။ အရမ်းကို သာယာချမ်းမြေ့တဲ့ အိမ်ထောင်သည်ဘဝလေး ဖြစ်လာဖို့ မျှော်လင့်ခဲ့ပေမယ့် အချိန်တွေကြာလာတဲ့အခါမှာတော့ ဇနီးဖြစ်သူက ခင်ပွန်းသည်အပေါ် ဂရုစိုက်မှုတွေနည်းလာပြီး ဖုန်းမျက်နှာပြင်ပေါ်ကိုပဲ အာရုံရောက်နေပါတော့တယ်။
ဈေးဝယ်ဖို့အပြင်သွားရင်လည်း ပုံမှန်ထက်ပိုကြာလာပြီး အလုပ်ဆင်းချိန်တွေလည်း အမြဲလိုလို နာက်ကျလာပါတော့တယ်။ ဇနီးဖြစ်သူ အချိန်ပိုများ ဆင်းနေရသလားဆိုတာ
သိရအောင် ဖုန်းဆက်မေးမြန်းခဲ့ပေမယ့် ဘာအချိန်ပိုမှ မဆင်းရတဲ့အပြင် ရုံးကနေ အစောဆုံးပြန်သွားလေ့သာရှိကြောင်း ခင်ပွန်းဖြစ်သူ သိလာခဲ့ရပါတယ်။

ဒီလိုနဲ့ ဇနီးသည်ရဲ့မွေးနေ့ရောက်ဖို့ ရက်ပိုင်းအလိုကို ရောက်လာခဲ့ပါတယ်။ ခင်ပွန်းသည်က မွေးနေ့ပွဲကြီးတစ်ခုကို စီစဉ်ပေးဖို့ ကမ်းလှမ်းခဲ့ပေမယ့် ဇနီးဖြစ်သူက ငြင်းဆန်ခဲ့ပြီး ခင်ပွန်းသည်ကို သူငယ်ချင်းများနဲ့ လျှောက်လည်ကြဖို့ပဲ တိုက်တွန်းပါတယ်။
ဒါကြောင့် သင်္ကာမကင်းဖြစ်လာတဲ့ ခင်ပွန်းသည်ဟာ သူငယ်ချင်းတွေနဲ့ ဇနီးသည်ရဲ့မိဘများကို ဖုန်းဆက်အကြောင်းကြားပြီး ဇနီးသည်အတွက် မွေးနေ့ Surprise လုပ်ပေးဖို့ စီစဉ်လိုက်ပါတယ်။ ဒီလိုနဲ့ မွေးနေ့ကိုရောက်တဲ့အချိန် ဇနီးသည်က ခင်ပွန်းဖြစ်သူ အပြင်သွားနေလောက်ပြီဆိုပြီး သူနဲ့ဖောက်ပြန်နေတဲ့သူကို အိမ်ပေါ်ခေါ်တင်ကာ ခွေးဇာတ်ခင်းကြပါတော့တယ်။
ဒီအချိန်မှာ ခင်ပွန်းဖြစ်သူကတော့ ဇနီးသည်ရဲ့မိဘများ သူငယ်ချင်းများနဲ့အတူ အိပ်ခန်းနားကို တိတ်တိတ်လေးလျှောက်လာပြီး အခန်းတံခါးကိုဖွင့်ကာ Birthday Surprise လုပ်လိုက်ပါတယ်။
အားလုံး Surprise ဖြစ်သွားပါတယ်။ မွေးနေ့ရှင်လေးဟာ ကုတင်ပေါ်မှာ သူ့ခင်ပွန်းမဟုတ်တဲ့ အခြားတစ်ယောက်နဲ့ ပလူးပလဲဖြစ်နေတာကြောင့် အားလုံးအားလုံး အံ့အားသင့်သွားပါတယ်။ လုံးဝမအံသြတာကတော့ ခင်ပွန်းသည်ပါပဲ။ ဘာကြောင့်ဆိုတော့ ဖောက်ပြန်နေတဲ့ သူရဲ့ဇနီးဖြစ်သူအတွက် အကွက်ကျကျနဲ့ တစ်သက်မမေ့နိုင်စရာ Birthday Surprise ကို ဖန်တီးပေးခဲ့လို့ပဲ ဖြစ်ပါတော့တယ်ခင်ဗျာ။
Credit:Momolay

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...