ေ၀ဖန္တိုက္ခိုက္မႈေတြနဲ႔ပတ္သက္ျပီး ၀ုိင္းစုခိုင္သိန္းရွင္းျပီ


ျမန္မာျပည္ရဲ့ နာမည္ျကီးအဆိုေတာ္ တစ္ဦးျဖစ္သလို ထြက္သမွ် အယ္လ္ဘမ္တိုင္း ေအာင္ျမင္တဲ့ အဆိုေတာ္ကေတာ့ ပရိသတ္ အခ်စ္ေတာ္ ေတးသံရွင္ ဝိုင္းစုခိုင္သိန္းပဲျဖစ္ပါတယ္။ "မက္ေလာက္စရာ" ဆိုတဲ့ ပထမဆံုး အယ္လ္ဘမ္မွာတင္ ဝက္ဝက္ကြဲကြဲ ေအာင္ျမင္ခဲ့ျပီး သူမရဲ့ သီခ်င္းအမ်ားစုကေတာ့ အခ်စ္နဲ့ပတ္သတ္တဲ့ သီခ်င္းေအးေလးေတြပဲျဖစ္ပါတယ္။

အခ်စ္သီခ်င္းေလးေတြဆိုတတ္တဲ့ ဝိုင္းစုရဲ့ အခ်စ္ေရးကေတာ့ ေဝဖန္မႈေတြ မ်ားလို့ေနပါတယ္။ ဝိုင္းစုဟာ  အဆိုေတာ္ေအာင္လနဲ့ လူသိရွင္ျကား တြဲခဲ့ပါတယ္။ ထိုအေျကာင္းနဲ့ ပတ္သတ္လို့ ေဝဖန္မႈေတြ မ်ားစြာထြက္ေပၚခဲ့ေပမယ့္လည္း ဝိုင္းစုကေတာ့

"အတိုက္အခိုက္ကေတာ့ ဆယ္လီဘရစ္တီေတြ ပိုခံရတာေပါ့။ အမကေတာ့ အတိုက္အခိုက္ရွိမွ ေအာင္ျမင္တယ္လို့ ထင္တယ္။ ဒါေပမဲ့ Personal Attack လုပ္တာနဲ့ သာမန္ကာလွ်ံကာ အနုပညာသေဘာအရ ျပိုင္ဆိုင္တာ အတိုက္အခံလုပ္တာနဲ့ေတာ့ မတူဘူးေပါ့။ ျပိုင္ဆိုင္တာမ်ိုးကို အမက သေဘာက်တယ္။ ဘာျဖစ္လို့လည္း ဆိုေတာ့ အျပိုင္အဆိုင္ရွိမွလည္း တိုးတက္တာ။ သန့္သန့္ရွင္းရွင္းနဲ့ ျပိုင္ဆိုင္တာကေတာ့ အေကာင္းဆံုးေပါ့ေနာ္။ အစ္မကေတာ့ ကိုယ့္ဘာသာကိုယ္ပဲ ဒီအယ္လ္ဘမ္ျပီး ေနာက္အယ္လ္ဘမ္ ဘာေတြပိုေကာင္းေအာင္ လုပ္မလဲ ျပိုင္တယ္။ တျခားသူကို ျပိုင္ေနတာမ်ိုးထက္ ကိုယ့္စံနႈန္း မေလ်ာ့သြားေအာင္ ျပိုင္တာ အေကာင္းဆံုးပါ" လို့ သူမကေတာ့ ဆိုပါတယ္။
အတိုက္အခိုက္ေတြျကားက ေရြးခ်ယ္ခဲ့တဲ့ သူမရဲ့ အခ်စ္အေပၚခံယူခ်က္ကိုေတာ့

"အခ်စ္ဆိုတာ ထူးဆန္းတဲ့အရာပါ။ တစ္ခါတစ္ေလက်ရင္ ကိုယ့္စိတ္မွာ ရွိေနေပမဲ့ ကိုယ့္ကိုကို မသိဘူး။ ဘယ္ဟာကို စြဲလန္းလို့ စြဲလန္းမွန္းမသိဘူး။ သိတဲ့အခါမွာေတာ့ ေနာက္က်သြားတာမ်ိုးလည္း ရွိတယ္ေပါ့ေနာ္။ အခ်စ္ဆိုတာကေတာ့ ကိုယ္ခ်စ္ရတဲ့သူနဲ့ တစ္ဘဝလံုးအတူတူ ေပ်ာ္ေပ်ာ္ရွြင္ရွြင္ ျဖတ္သန္းရရင္ေတာ့ အေကာင္းဆံုးေပါ့" ဆိုျပီး ေျပာပါတယ္ ပရိသတ္ျကီးေရ……
Myanmarload
Unicode
မြန်မာပြည်ရဲ့ နာမည်ကြီးအဆိုတော် တစ်ဦးဖြစ်သလို ထွက်သမျှ အယ်လ်ဘမ်တိုင်း အောင်မြင်တဲ့ အဆိုတော်ကတော့ ပရိသတ် အချစ်တော် တေးသံရှင် ဝိုင်းစုခိုင်သိန်းပဲဖြစ်ပါတယ်။ "မက်လောက်စရာ" ဆိုတဲ့ ပထမဆုံး အယ်လ်ဘမ်မှာတင် ဝက်ဝက်ကွဲကွဲ အောင်မြင်ခဲ့ပြီး သူမရဲ့ သီချင်းအများစုကတော့ အချစ်နဲ့ပတ်သတ်တဲ့ သီချင်းအေးလေးတွေပဲဖြစ်ပါတယ်။

အချစ်သီချင်းလေးတွေဆိုတတ်တဲ့ ဝိုင်းစုရဲ့ အချစ်ရေးကတော့ ဝေဖန်မှုတွေ များလို့နေပါတယ်။ ဝိုင်းစုဟာ ဥက္ကာဦးသာနဲ့ တရားဝင်ကွာရှင်းပြီး အဆိုတော်အောင်လနဲ့ လူသိရှင်ကြား တွဲခဲ့ပါတယ်။ ထိုအကြောင်းနဲ့ ပတ်သတ်လို့ ဝေဖန်မှုတွေ များစွာထွက်ပေါ်ခဲ့ပေမယ့်လည်း ဝိုင်းစုကတော့

"အတိုက်အခိုက်ကတော့ ဆယ်လီဘရစ်တီတွေ ပိုခံရတာပေါ့။ အမကတော့ အတိုက်အခိုက်ရှိမှ အောင်မြင်တယ်လို့ ထင်တယ်။ ဒါပေမဲ့ Personal Attack လုပ်တာနဲ့ သာမန်ကာလျှံကာ အနုပညာသဘောအရ ပြိုင်ဆိုင်တာ အတိုက်အခံလုပ်တာနဲ့တော့ မတူဘူးပေါ့။ ပြိုင်ဆိုင်တာမျိုးကို အမက သဘောကျတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ အပြိုင်အဆိုင်ရှိမှလည်း တိုးတက်တာ။ သန့်သန့်ရှင်းရှင်းနဲ့ ပြိုင်ဆိုင်တာကတော့ အကောင်းဆုံးပေါ့နော်။ အစ်မကတော့ ကိုယ့်ဘာသာကိုယ်ပဲ ဒီအယ်လ်ဘမ်ပြီး နောက်အယ်လ်ဘမ် ဘာတွေပိုကောင်းအောင် လုပ်မလဲ ပြိုင်တယ်။ တခြားသူကို ပြိုင်နေတာမျိုးထက် ကိုယ့်စံနှုန်း မလျော့သွားအောင် ပြိုင်တာ အကောင်းဆုံးပါ" လို့ သူမကတော့ ဆိုပါတယ်။
အတိုက်အခိုက်တွေကြားက ရွေးချယ်ခဲ့တဲ့ သူမရဲ့ အချစ်အပေါ်ခံယူချက်ကိုတော့

"အချစ်ဆိုတာ ထူးဆန်းတဲ့အရာပါ။ တစ်ခါတစ်လေကျရင် ကိုယ့်စိတ်မှာ ရှိနေပေမဲ့ ကိုယ့်ကိုကို မသိဘူး။ ဘယ်ဟာကို စွဲလန်းလို့ စွဲလန်းမှန်းမသိဘူး။ သိတဲ့အခါမှာတော့ နောက်ကျသွားတာမျိုးလည်း ရှိတယ်ပေါ့နော်။ အချစ်ဆိုတာကတော့ ကိုယ်ချစ်ရတဲ့သူနဲ့ တစ်ဘဝလုံးအတူတူ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းရရင်တော့ အကောင်းဆုံးပေါ့" ဆိုပြီး ပြောပါတယ် ပရိသတ်ကြီးရေ……

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...