မယားႀကီးက မယားငယ္ကိုသတ္ၿပီး အေလာင္းေဖ်ာက္ရန္ ႀကံစည္စဥ္္ ဖမ္းမိ


ပဲခူးတိုင္း၊ ျပည္ၿမိဳ႕၊ ဘုရားႀကီး ဆည္ေျမာင္းဝင္းထဲမွာ မယားႀကီးျဖစ္သူက မယားငယ္ကုိသတ္ၿပီး အေလာင္းေဖ်ာက္ဖ်က္ဖုိ႔ ႀကံစည္စဥ္ ဖမ္းဆီးမိခဲ့တယ္လို႔ ရဲက ေျပာပါတယ္။
ဆည္ေျမာင္းဝင္းထဲမွာ ေနထိုင္တဲ့ နည္းပညာတကၠသိုလ္ IT ဌာနက အသက္ ၄၂ ႏွစ္အရြယ္ ဆရာမတဦးကုိ ပဲခူးၿမိဳ႕မွာေနထိုင္တဲ့ သူ႔အမ်ဳိးသားရဲ႕ ပထမ မယားႀကီးက လာၿပီးသတ္လိုက္တာပါ။
wife1
ေမ ၅ ရက္ ၁၁ နာရီခြဲေလာက္က ျပည္ၿမိဳ႕ ဗိုလ္ခ်ဳဳပ္လမ္းေပၚမွာ ၿမိဳ႕မရဲစခန္းက ပတ္ကင္းကားလွည့္စဥ္ ကားသမားတဦးရဲ႕ သတင္းေပးတိုင္ၾကားခ်က္အရ ကားေပၚမွာ မသကၤာစရာ အထုပ္တထုပ္ကို ေျဖၾကည့္ရာမွ အမ်ဳိးသမီး အေလာင္းတေလာင္းကို ေရျမႇဳပ္ေမြ႔ရာ၊ ေစာင္နဲ႔ထုပ္ၿပီး တိတ္နဲ႔ပတ္ ဆာလာအိတ္ထဲထည့္ထားတာ ေတြ႔ရတာေၾကာင့္ ကားငွားတဲ့ ပဲခူးၿမိဳ႕မွာ ေနထိုင္သူ ေဒၚေနဝါစိုး (ခ) ေဒၚျဖဴခိုင္ကုိ တာဝန္ရွိသူေတြက ေမးျမန္းစစ္ေဆးၾကည့္ရာကေန အမႈကို ေဖာ္ထုတ္ႏိုင္ခဲ့တာလို႔ ၿမိဳ႕မစခန္းမႉး ဒု-ရဲမႉး တင္ကိုက ေျပာပါတယ္။
wife3
ကားအငွားလိုက္ပို႔တဲ့ ကားစပယ္ယာ ကိုသန္႔ဇင္ထြန္းက “ျပည္ၿမိဳ႕၊ ဗိုလ္ခ်ဳပ္လမ္း၊ ဆည္ေျမာင္းဝန္ထမ္း လိုင္းခန္းကေန ရန္ကုန္ မယ္လမုဘုရားကို ၁၄၀၀၀၀ နဲ႔ လိုက္ပို႔ခိုင္းလို႔ လိုက္ပို႔တာ။ လမ္းမွာ က်ေနာ့္ကို ေရွ႕ခန္းမွာ အတင္းလာထိုင္ခိုင္းေနတာ၊ က်ေနာ္ကလည္း မထိုင္ဘူးလို႔ အတင္းေျပာလိုက္ေတာ့ သူက ေနာက္ကိုပဲ ၾကည့္ၾကည့္ေနလို႔ က်ေနာ္လည္း သိပ္မသကၤာဘူး။ ေနာက္ ဒီေမြ႔ရာႀကီးကို စမ္းၾကည့္ေတာ့ အထဲမွာ တခုခုကို စမ္းမိသလိုရွိတာနဲ႔ အထဲကို လက္နဲ႔ႏိႈက္ၾကည့္လိုက္ေတာ့မွ အထဲမွာ ေအးစက္စက္နဲ႔ အသားတခုခုကို ကိုင္မိသလို ခံစားရေတာ့ ေရွ႕က ကားဆရာကို ခဏ လမ္းေဘးမွာရပ္ခိုင္းၿပီး အထဲမွာ ဘာေတြလဲအမ၊ က်ေနာ္တို႔ကို ေျဖျပပါ။ မေျဖရင္ က်ေနာ္တုိ႔ မလိုက္ေတာ့ဘူးလို႔ ေျပာေတာ့ သူက ဆည္ေျမာင္းကို ျပန္ပို႔ေပး၊ ကားမငွားေတာ့ဘူးလို႔ ေျပာေတာ့ က်ေနာ္က လိုက္မပို႔ေတာ့ဘူး။ လမ္းေဘးမွာပဲ ကားရပ္ေပးမယ္။ ဆင္းၿပီး တျခားကား ငွားသြားလို႔ ေျပာေတာ့ သူ သံုးဘီးဆိုင္ကယ္ ငွားေသးတယ္။ အဲဒီအခ်ိန္မွာ လွည့္ကင္းကားလာတာကို ေတြ႔လို႔ က်ေနာ္ သတင္းေပးလိုက္လို႔ အခုလိုမိသြားတာ” လို႔ ေျပာပါတယ္။
အခု အသတ္ခံရသူဟာ ဆည္ေျမာင္းဦးစီးဌာနက ဦးစီးအရာရွိတေယာက္ရဲ႕ ဒုတိယအိမ္ေထာင္ျဖစ္ၿပီး ပထမအိမ္ေထာင္က သတ္ခဲ့တာ ျဖစ္ပါတယ္။
ပထမအိမ္ေထာင္နဲ႔ သမီး တေယာက္၊ သား ႏွစ္ေယာက္ရွိၿပီး သားႏွစ္ေယာက္က ေသဆံုးသူ လင္မယားနဲ႔ အတူေနၿပီး သားေတြကို ႏွိပ္စက္တာေၾကာင့္ လာၿပီးစကားေျပာ ေျဖရွင္းရင္းကေန စကားမ်ား လက္လြန္ကာ အနားက တူနဲ႔ထုမိၿပီး ေသဆံုးသြားတာလုိ႔ ရဲစစ္ခ်က္မွာ ေျဖၾကားထားေၾကာင္း စခန္းမႉးထံက သိရပါတယ္။
အမႈကို ၿမိဳ႕မရဲစခန္းက (ပ)၈၃၁/၂၀၁၇ ရာဇသတ္ႀကီး ပုဒ္မ ၃၀၂/၂၀၁ ေတြနဲ႔ အမႈဖြင့္ အေရးယူထားတယ္လို႔ သိရပါတယ္။
သတင္း – မင္းညိဳ
http://burmese.dvb.no/archives/199814
Unicode
ပဲခူးတိုင်း၊ ပြည်မြို့၊ ဘုရားကြီး ဆည်မြောင်းဝင်းထဲမှာ မယားကြီးဖြစ်သူက မယားငယ်ကိုသတ်ပြီး အလောင်းဖျောက်ဖျက်ဖို့ ကြံစည်စဉ် ဖမ်းဆီးမိခဲ့တယ်လို့ ရဲက ပြောပါတယ်။
ဆည်မြောင်းဝင်းထဲမှာ နေထိုင်တဲ့ နည်းပညာတက္ကသိုလ် IT ဌာနက အသက် ၄၂ နှစ်အရွယ် ဆရာမတဦးကို ပဲခူးမြို့မှာနေထိုင်တဲ့ သူ့အမျိုးသားရဲ့ ပထမ မယားကြီးက လာပြီးသတ်လိုက်တာပါ။
မေ ၅ ရက် ၁၁ နာရီခွဲလောက်က ပြည်မြို့ ဗိုလ်ချုပ်လမ်းပေါ်မှာ မြို့မရဲစခန်းက ပတ်ကင်းကားလှည့်စဉ် ကားသမားတဦးရဲ့ သတင်းပေးတိုင်ကြားချက်အရ ကားပေါ်မှာ မသင်္ကာစရာ အထုပ်တထုပ်ကို ဖြေကြည့်ရာမှ အမျိုးသမီး အလောင်းတလောင်းကို ရေမြှုပ်မွေ့ရာ၊ စောင်နဲ့ထုပ်ပြီး တိတ်နဲ့ပတ် ဆာလာအိတ်ထဲထည့်ထားတာ တွေ့ရတာကြောင့် ကားငှားတဲ့ ပဲခူးမြို့မှာ နေထိုင်သူ ဒေါ်နေဝါစိုး (ခ) ဒေါ်ဖြူခိုင်ကို တာဝန်ရှိသူတွေက မေးမြန်းစစ်ဆေးကြည့်ရာကနေ အမှုကို ဖော်ထုတ်နိုင်ခဲ့တာလို့ မြို့မစခန်းမှူး ဒု-ရဲမှူး တင်ကိုက ပြောပါတယ်။
ကားအငှားလိုက်ပို့တဲ့ ကားစပယ်ယာ ကိုသန့်ဇင်ထွန်းက “ပြည်မြို့၊ ဗိုလ်ချုပ်လမ်း၊ ဆည်မြောင်းဝန်ထမ်း လိုင်းခန်းကနေ ရန်ကုန် မယ်လမုဘုရားကို ၁၄၀ဝ၀ဝ နဲ့ လိုက်ပို့ခိုင်းလို့ လိုက်ပို့တာ။ လမ်းမှာ ကျနော့်ကို ရှေ့ခန်းမှာ အတင်းလာထိုင်ခိုင်းနေတာ၊ ကျနော်ကလည်း မထိုင်ဘူးလို့ အတင်းပြောလိုက်တော့ သူက နောက်ကိုပဲ ကြည့်ကြည့်နေလို့ ကျနော်လည်း သိပ်မသင်္ကာဘူး။ နောက် ဒီမွေ့ရာကြီးကို စမ်းကြည့်တော့ အထဲမှာ တခုခုကို စမ်းမိသလိုရှိတာနဲ့ အထဲကို လက်နဲ့နှိုက်ကြည့်လိုက်တော့မှ အထဲမှာ အေးစက်စက်နဲ့ အသားတခုခုကို ကိုင်မိသလို ခံစားရတော့ ရှေ့က ကားဆရာကို ခဏ လမ်းဘေးမှာရပ်ခိုင်းပြီး အထဲမှာ ဘာတွေလဲအမ၊ ကျနော်တို့ကို ဖြေပြပါ။ မဖြေရင် ကျနော်တို့ မလိုက်တော့ဘူးလို့ ပြောတော့ သူက ဆည်မြောင်းကို ပြန်ပို့ပေး၊ ကားမငှားတော့ဘူးလို့ ပြောတော့ ကျနော်က လိုက်မပို့တော့ဘူး။ လမ်းဘေးမှာပဲ ကားရပ်ပေးမယ်။ ဆင်းပြီး တခြားကား ငှားသွားလို့ ပြောတော့ သူ သုံးဘီးဆိုင်ကယ် ငှားသေးတယ်။ အဲဒီအချိန်မှာ လှည့်ကင်းကားလာတာကို တွေ့လို့ ကျနော် သတင်းပေးလိုက်လို့ အခုလိုမိသွားတာ” လို့ ပြောပါတယ်။
အခု အသတ်ခံရသူဟာ ဆည်မြောင်းဦးစီးဌာနက ဦးစီးအရာရှိတယောက်ရဲ့ ဒုတိယအိမ်ထောင်ဖြစ်ပြီး ပထမအိမ်ထောင်က သတ်ခဲ့တာ ဖြစ်ပါတယ်။
ပထမအိမ်ထောင်နဲ့ သမီး တယောက်၊ သား နှစ်ယောက်ရှိပြီး သားနှစ်ယောက်က သေဆုံးသူ လင်မယားနဲ့ အတူနေပြီး သားတွေကို နှိပ်စက်တာကြောင့် လာပြီးစကားပြော ဖြေရှင်းရင်းကနေ စကားများ လက်လွန်ကာ အနားက တူနဲ့ထုမိပြီး သေဆုံးသွားတာလို့ ရဲစစ်ချက်မှာ ဖြေကြားထားကြောင်း စခန်းမှူးထံက သိရပါတယ်။
အမှုကို မြို့မရဲစခန်းက (ပ)၈၃၁/၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၂၀၁ တွေနဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
သတင်း – မင်းညိဳ

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...