လိပ်ကျွန်းလူသတ်မှုမှ သံသယတရားခံ ဝင်းနဲ့ဇော်တို့၏ မိခင်များနှင့် သားသမီးများကြား မေတ္တာပေါင်းကူးတံတားထိုးပေးနိုင်ခဲ့တဲ့ ပြင်သစ်အမျိုးသမီးတစ်ဦး


ထိုင်းနိုင်ငံရှိ လိပ်ကျွန်းလူသတ်မှုတွင် သံသယရှိသူတရားခံများအဖြစ် ဖမ်းဆီးခံထားရသော ဝင်းဇော်ထွန်း နှင့် ဇော်လင်းတို့အတွက် ပြင်သစ်နိုင်ငံသူတစ်ဦးမှ မိခင်နှစ်ဦးနှင့် သားသမီးနှစ်ဦးကြား အဆက်အသွယ် မပြတ်တောက်စေရန် မေတ္တာပေါင်းကူးပေးနိုင်ခဲ့သည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နေထိုင်သော Evelyne AuSoleil ဆိုသူ ပြင်သစ်နိုင်ငံသူ အမျိုးသမီးတစ်ဦးသည် မြန်မာပြည်တွင်းက မိတ်ဆွေအချို့၏ အကူအညီနှင့် ဝေးလံသီခေါင်သော ရခိုင်ပြည်နယ်ရှိ ဝင်းနဲ့ဇော်တို့၏ မိဘများရှိရာ နေရပ်ထိ အရောက်သွားခဲ့ပြီး မိခင်နှစ်ဦး၏ လက်ရှိအခြေအနေများနှင့် သားနှစ်ဦးနှင့်ပက်သက်သော အကြောင်းအရာများကို မှတ်တမ်းဓါတ်ပုံများနှင့် စုဆောင်းခဲ့သည်။
သူမ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိချိန်တွင် မိခင်နှစ်ဦး၏ သာကြောင်းမာကြောင်း အခြေအနေအရပ်ရပ်ကို ဓါတ်ပုံများနှင့်တစ်ကွ စာမျက်နှာ ၁၁ မျက်နှာပါသော စာရှည်ကြီးကို ဝေဝေဆာဆာရေးသားလျှက် ဝင်းဇော်ထွန်းနှင့်ော်လင်းတို့ထံသို့ အရောက်ပေးပို့ကာ မိခင်နှစ်ဦးနှင့် သားသမီးနှစ်ဦးအကြား အပျော်များကူးစက်စေသော မေတ္တာပေါင်းကူးတံတားကို ထိုးပေးနိုင်ခဲ့ကြောင်း ထိုင်နိုင်ငံရှိ မြန်မာများအရေးကို မပြတ်စောင့်ကြည့် ဖော်ပြပေးနေသော “လင်းယုန်မာန်” ထံမှ သတင်းရရှိသည်။
ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့၏ အယူခံကို မေလအတွင်း အပြီးသတ်တင်ရမည်ဖြစ်ပြီး ရလာဒ်ကောင်းများ ထွက်ပေါ်လာနိုင်စရာရှိကြောင်း မြန်မာနိုင်ငံအစိုးရဘက်မှ မျှော်လင့်ထာသည်။
ဝင်းနှင့်ဇော်ကို ထ၂၀၁၄ ခုနှစ်က ထိုင်နိုင်ငံ ခိုတောင်(လိပ်ကျွန်း)တွင် ဖြစ်ပွားခဲ့သော အင်္ဂလန်နိုင်ငံသား စုံတွဲနှစ်ဦး သတ်ခံရမှုအတွက် သံသယရှိသော တရားခံများအဖြစ် စွပ်စွဲဖမ်းဆီးခြင်းခံခဲ့ရပြီး သေဒဏ်ချမှတ်ထားခဲ့သည့်အပေါ် အယူခံများ အဆင့်ဆင့် ဝင်လာခဲ့ရာ ပယ်ချခံခဲ့ရပြီး ယခုနောက်ဆုံး ထိုင်းနိုင်ငံရှိ အဆင့်မြင့်တရားရုံးတွင် ပြစ်ဒဏ်လျှော့ပေါ့ရန် မြန်မာအစိုးရမှ ကြိုးပမ်းနေခြင်းဖြစ်သည်။
myanmarlike.net


Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...