လုပ္အားခ မေပးခ်င္လို႔ အလုပ္ရွင္မွ အလုပ္သမားအား ဓါတ္ဆီေလာင္ၿပီး မီးရႈိ႕သတ္


ကသာၿမိဳ႕နယ္ရွိ ႀကံစိုက္ခင္းတစ္ခုတြင္ အလုပ္ရွင္ထံမွ ရရွိရန္က်န္ေသးသည့္ လုပ္အားခေတာင္းခံခဲ့ေသာ အလုပ္သမားတစ္ဦးအား အလုပ္ရွင္က ဓါတ္ဆီေလာင္းကာ မီးရႈိ႕ခဲ့ေၾကာင္း သတင္းရရွိသည္။



စစ္ကိုင္းတိုင္းေဒသႀကီး ေကာလင္းၿမိဳ႕နယ္ အင္ပင္သာအုပ္စု ထဲထီရႈိေက်း႐ြာတြင္ ေနထိုင္ေသာ ေမာင္းဖိုးလင္း ဆိုသူသည္ စားဝတ္ေနေရးအခက္အခဲေၾကာင့္ ကသာၿမိဳ႕အထက္ ငအိုးေက်း႐ြာရွိ ႀကံစိုက္ခင္းတစ္ခုတြင္ ႀကံပင္အငွားခုတ္လုပ္သားအျဖစ္ လုပ္ကိုင္ခဲ့ၿပီး အလုပ္ရွင္ထံမွ လုပ္အားခ ၂၈၀,၀၀၀ က်ပ္ရရန္ရွိသည္။

ေနရပ္သို႔ျပန္ရန္ ရရန္ရွိေသာ လုပ္အားခကို အလုပ္ရွင္ ဦးသိန္းစိုးလင္းထံ ေတာင္ခံခဲ့သည္။ ထို႔ေနာက္ ခတၱမွ် အိပ္စက္အနားယူေနစဥ္ ဦးသိန္းစိုးလင္းမွ ခႏၶာကိုယ္ေပၚသို႔ ဓါတ္ဆီမ်ားေလာင္းခ်ကာ မီးရႈိ႕ခဲ့သည့္အတြက္ မီးေတာက္မ်ားႏွင့္ေလာင္ကြၽမ္းကာ ထြက္ေျပးခဲ့ၿပီး လူႏွစ္ဦးမွ ဝိုင္းဝန္းညိမ္းသတ္ေပးခဲ့ၿပီး ငအိုးေဆး႐ုံသို႔ ၂၇ ရက္ၾကာေအာင္ တက္ေရာက္ ကုသခဲ့ရေၾကာင္း သိရွိရသည္။ ငအိုးေဆး႐ုံမွ ေကာလင္းၿမိဳ႕ေဆး႐ုံသို႔ တက္ေရာက္ကုသရာ ေဆးဖိုးစရိတ္ အခက္အခဲ ရွိေနေၾကာင္း သိရွိရသည္။

အဆိုပါအမႈအတြက္ ရဲစခန္းတြင္ အမႈဖြင့္တိုင္းၾကားထားျခင္း ရွိ၊ မရွိကို မသိရွိရေသးေၾကာင္း သတင္းရရွိသည္။

Source:ခင္ေလး

Unicode

ကသာမြို့နယ်ရှိ ကြံစိုက်ခင်းတစ်ခုတွင် အလုပ်ရှင်ထံမှ ရရှိရန်ကျန်သေးသည့် လုပ်အားခတောင်းခံခဲ့သော အလုပ်သမားတစ်ဦးအား အလုပ်ရှင်က ဓါတ်ဆီလောင်းကာ မီးရှို့ခဲ့ကြောင်း သတင်းရရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ် အင်ပင်သာအုပ်စု ထဲထီရှိုကျေးရွာတွင် နေထိုင်သော မောင်းဖိုးလင်း ဆိုသူသည် စားဝတ်နေရေးအခက်အခဲကြောင့် ကသာမြို့အထက် ငအိုးကျေးရွာရှိ ကြံစိုက်ခင်းတစ်ခုတွင် ကြံပင်အငှားခုတ်လုပ်သားအဖြစ် လုပ်ကိုင်ခဲ့ပြီး အလုပ်ရှင်ထံမှ လုပ်အားခ ၂၈၀,ဝ၀ဝ ကျပ်ရရန်ရှိသည်။
နေရပ်သို့ပြန်ရန် ရရန်ရှိသော လုပ်အားခကို အလုပ်ရှင် ဦးသိန်းစိုးလင်းထံ တောင်ခံခဲ့သည်။ ထို့နောက် ခတ္တမျှ အိပ်စက်အနားယူနေစဉ် ဦးသိန်းစိုးလင်းမှ ခန္ဓာကိုယ်ပေါ်သို့ ဓါတ်ဆီများလောင်းချကာ မီးရှို့ခဲ့သည့်အတွက် မီးတောက်များနှင့်လောင်ကျွမ်းကာ ထွက်ပြေးခဲ့ပြီး လူနှစ်ဦးမှ ဝိုင်းဝန်းညိမ်းသတ်ပေးခဲ့ပြီး ငအိုးဆေးရုံသို့ ၂၇ ရက်ကြာအောင် တက်ရောက် ကုသခဲ့ရကြောင်း သိရှိရသည်။ ငအိုးဆေးရုံမှ ကောလင်းမြို့ဆေးရုံသို့ တက်ရောက်ကုသရာ ဆေးဖိုးစရိတ် အခက်အခဲ ရှိနေကြောင်း သိရှိရသည်။
အဆိုပါအမှုအတွက် ရဲစခန်းတွင် အမှုဖွင့်တိုင်းကြားထားခြင်း ရှိ၊ မရှိကို မသိရှိရသေးကြောင်း သတင်းရရှိသည်။

Source:ခင်လေး 

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...