သႀကၤန္ ေရပက္ခံ ကားငွားရမ္းခ ေတြ ျမင့္တက္


အရည္က်ိဳအပ္ႏွံတဲ့ ကား အေရအတြက္မ်ားျပားလာၿပိီး ကားေဟာင္းရွားပါးသြားတာေၾကာင့္ လိုက္ထရပ္၊ ဟိုက္ဂ်က္လို ကားေတြကိုသာ အဓိက ငွားရမ္းဖို႔ စီစဥ္ထားတယ္။
ကားေဟာင္းေတြ ရွားပါးသြားတာေၾကာင့္ ရန္ကုန္သႀကၤန္အတြက္ ကားငွားရမ္းခ ေတြ ျမင့္တက္ေနတယ္လို႔ သိရပါတယ္။
ယမန္ႏွစ္နဲ႔ ႏိႈင္းယွဥ္ရင္ ယခုႏွစ္လာေရာက္ငွားရမ္းသူ အေရအတြက္ ဟာ ဧၿပီ ၅ ရက္အထိ နည္းပါးေနေသးေၾကာင္း ကား အငွားလုပ္ငန္းလုပ္ကိုင္သူေတြက ေျပာၾကားထားတယ္လို႔ 7Day Daily ရဲ႕ သတင္းတစ္ရပ္မွာ ေရးသားထားပါတယ္။
ယခုႏွစ္အတြက္ အရည္က်ိဳအပ္ႏွံတဲ့ ကား အေရအတြက္ မ်ားျပားလာၿပိီး ကားေဟာင္းရွားပါးသြားတာေၾကာင့္ လိုက္ထရပ္၊ ဟိုက္ဂ်က္လို ကားေတြကိုသာ အဓိက ငွားရမ္းဖို႔ စီစဥ္ထားေၾကာင္း Royal ကားအငွားလုပ္ငန္း မန္ေနဂ်ာ မဝင္းျမတ္ကေျပာၾကားထားေၾကာင္း သတင္းမွာ ေဖာ္ျပပါတယ္ ။ ၿပီးခဲ့တဲ့ႏွစ္က လုိက္ထရပ္တစ္စီးကို တစ္ရက္ ငွားရမ္းခႏႈန္းထားအျဖစ္ က်ပ္ ၁၆၀,၀၀၀ အထိ ရရွိေပမယ့္ ယခုႏွစ္မွာေတာ့ ၁၈၀,၀၀၀ အထိ ေစ်းတင္ ငွားရမ္းရမယ့္ အေျခအေနရွိေနတာ ျဖစ္တယ္လို႔ သိရပါတယ္။ သႀကၤန္ ကားငွားရမ္းသူေတြဟာ သႀကၤန္ကာလနီးကပ္မွသာ လာေရာက္ငွားရမ္းမယ့္အေျခအေနရွိေၾကာင္း ျမတ္သဒၵါ ကားအငွားလုပ္ငန္းပိုင္ရွင္ဦးေအာင္ဝင္းကလည္း ေျပာၾကားထားပါတယ္။
(သင္စိတ္ဝင္စားႏုိင္တဲ့ ေဆာင္းပါး – သႀကၤန္တြင္းမွာ….ဘာလုပ္မလဲ ???)
သႀကၤန္ တြင္း အၾကမ္းခံႏိုင္ၿပီး လူအေျမာက္အျမားတင္ႏိုင္တဲ့ ဒိုင္နာလို ကားေတြဟာ အရည္က်ိဳအပ္ႏွံတဲ့အထဲ ပါ၀င္မႈမ်ားျပားေနတာေၾကာင့္ ကားအငွားလုပ္ငန္းေတြမွာ ကားရွားပါးမႈေတြ ၾကံဳေတြ႕ေနရတာလည္း ျဖစ္ပါတယ္။
‘‘ကားေတြက အခုသြင္းလာတဲ့ ဂ်ပန္ကားအသစ္ေတြမ်ားတယ္၊ ဂီယာေဘာက္စ္ထဲေရေတြဘာေတြ၀င္သြားရင္ ျပင္ရတာအရမ္းခက္တယ္၊ ဒါ့ေၾကာင့္ တခ်ိဳ႕ကလည္း သႀကၤန္တြင္း အငွားမလိုက္ၾကဘူး’ လို႔ ဦးေအာင္ဝင္းက ေျပာၾကားထားပါတယ္။အခ်ိဳ႕ကားအငွားလုပ္ငန္းေတြက လက္ရွိမွာ သံုးခြ၊ ခရမ္း အစရွိတဲ့ ၿမိဳ႕နယ္ေတြမွာ ယေန႔အထိ အသံုးျပဳေနတဲ့ ဂ်စ္ကားေတြကို သြားေရာက္ခ်ိတ္ဆက္ငွားရမ္းေနၾကၿပီး သႀကၤန္ ေရပက္ခံ လည္ပတ္မယ့္သူေတြကို တစ္ဆင့္ျပန္လည္ငွားရမ္းဖို႔ စီစဥ္ထားတယ္လို႔လည္း သိရပါတယ္။
ယခုႏွစ္ ရန္ကုန္ သႀကၤန္ မွာ မ႑ပ္ အေရအတြက္ေလ်ာ့ နည္းတာေၾကာင့္ သႀကၤန္ေရ ပက္ခံထြက္ဖို႔ စိတ္ဝင္စားသူ အေရအတြက္ ေလ်ာ့နည္းလာေၾကာင္း ကားအငွားလုပ္ငန္းရွင္ေတြက ေျပာၾကားထားပါတယ္။
Credit : 7 Day Daily
=====
အရည်ကျိုအပ်နှံတဲ့ ကား အရေအတွက်များပြားလာပြိီး ကားဟောင်းရှားပါးသွားတာကြောင့် လိုက်ထရပ်၊ ဟိုက်ဂျက်လို ကားတွေကိုသာ အဓိက ငှားရမ်းဖို့ စီစဉ်ထားတယ်။
ကားဟောင်းတွေ ရှားပါးသွားတာကြောင့် ရန်ကုန်သင်္ကြန်အတွက် ကားငှားရမ်းခ တွေ မြင့်တက်နေတယ်လို့ သိရပါတယ်။
ယမန်နှစ်နဲ့ နှိုင်းယှဉ်ရင် ယခုနှစ်လာရောက်ငှားရမ်းသူ အရေအတွက် ဟာ ဧပြီ ၅ ရက်အထိ နည်းပါးနေသေးကြောင်း ကား အငှားလုပ်ငန်းလုပ်ကိုင်သူတွေက ပြောကြားထားတယ်လို့ 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။
ယခုနှစ်အတွက် အရည်ကျိုအပ်နှံတဲ့ ကား အရေအတွက် များပြားလာပြိီး ကားဟောင်းရှားပါးသွားတာကြောင့် လိုက်ထရပ်၊ ဟိုက်ဂျက်လို ကားတွေကိုသာ အဓိက ငှားရမ်းဖို့ စီစဉ်ထားကြောင်း Royal ကားအငှားလုပ်ငန်း မန်နေဂျာ မဝင်းမြတ်ကပြောကြားထားကြောင်း သတင်းမှာ ဖော်ပြပါတယ် ။ ပြီးခဲ့တဲ့နှစ်က လိုက်ထရပ်တစ်စီးကို တစ်ရက် ငှားရမ်းခနှုန်းထားအဖြစ် ကျပ် ၁၆၀,၀၀၀ အထိ ရရှိပေမယ့် ယခုနှစ်မှာတော့ ၁၈၀,၀၀၀ အထိ စျေးတင် ငှားရမ်းရမယ့် အခြေအနေရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။ သင်္ကြန် ကားငှားရမ်းသူတွေဟာ သင်္ကြန်ကာလနီးကပ်မှသာ လာရောက်ငှားရမ်းမယ့်အခြေအနေရှိကြောင်း မြတ်သဒ္ဒါ ကားအငှားလုပ်ငန်းပိုင်ရှင်ဦးအောင်ဝင်းကလည်း ပြောကြားထားပါတယ်။
(သင်စိတ်ဝင်စားနိုင်တဲ့ ဆောင်းပါး – သင်္ကြန်တွင်းမှာ….ဘာလုပ်မလဲ ???)
သင်္ကြန် တွင်း အကြမ်းခံနိုင်ပြီး လူအမြောက်အမြားတင်နိုင်တဲ့ ဒိုင်နာလို ကားတွေဟာ အရည်ကျိုအပ်နှံတဲ့အထဲ ပါဝင်မှုများပြားနေတာကြောင့် ကားအငှားလုပ်ငန်းတွေမှာ ကားရှားပါးမှုတွေ ကြုံတွေ့နေရတာလည်း ဖြစ်ပါတယ်။
‘‘ကားတွေက အခုသွင်းလာတဲ့ ဂျပန်ကားအသစ်တွေများတယ်၊ ဂီယာဘောက်စ်ထဲရေတွေဘာတွေဝင်သွားရင် ပြင်ရတာအရမ်းခက်တယ်၊ ဒါ့ကြောင့် တချို့ကလည်း သင်္ကြန်တွင်း အငှားမလိုက်ကြဘူး’ လို့ ဦးအောင်ဝင်းက ပြောကြားထားပါတယ်။အချို့ကားအငှားလုပ်ငန်းတွေက လက်ရှိမှာ သုံးခွ၊ ခရမ်း အစရှိတဲ့ မြို့နယ်တွေမှာ ယနေ့အထိ အသုံးပြုနေတဲ့ ဂျစ်ကားတွေကို သွားရောက်ချိတ်ဆက်ငှားရမ်းနေကြပြီး သင်္ကြန် ရေပက်ခံ လည်ပတ်မယ့်သူတွေကို တစ်ဆင့်ပြန်လည်ငှားရမ်းဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။
ယခုနှစ် ရန်ကုန် သင်္ကြန် မှာ မဏ္ဍပ် အရေအတွက်လျော့ နည်းတာကြောင့် သင်္ကြန်ရေ ပက်ခံထွက်ဖို့ စိတ်ဝင်စားသူ အရေအတွက် လျော့နည်းလာကြောင်း ကားအငှားလုပ်ငန်းရှင်တွေက ပြောကြားထားပါတယ်။
Credit : 7 Day Daily

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...