သေဆုံးသွားသည့်ရဲတပ်ကြပ်ကြီးမိုက်ကယ်နေရာမှာအစားထိုးတာဝန်ထမ်းဆောင်နေတဲ့ရဲတပ်သား ရမ်ဘို


အသက်၁ နှစ် ၈လရှိပြီဖြစ်တဲ့ Rambo ဟာ မင်္ဂလာဒုံမြို့မှာရှိတဲ့အမှတ်(၁)တပ်မတော်စစ်ဖက်ရေးရာလုံခြုံရေးအတတ်သင်ကျောင်းကို တက်ရောက်ခဲ့ပြီးရန်ကုန်အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှာ တပ်သားအဆင့်နဲ့တာဝန်ထမ်းဆောင်နေသူပါ။

ပြီးခဲ့တဲ့ဧပြီ၁၅ရက်နေ့ကရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ မိုင်းရှင်းတပ်စုမှာတာဝန်ကျေပွန်စွာထမ်းဆောင်နေတဲ့တပ်ကြပ်ကြီး မိုက်ကယ် အစာအိမ်သွေးကြောပေါက်၍ သေဆုံး ခဲ့ပြီးနောက်သူ့နေရာကို အဲ့ဒီနေ့ကပဲ ရမ်ဘိုကအစားထိုးဝင်ရောက်ခဲ့ပြီး တာဝန်ထမ်းဆောင်ခဲ့တယ်လို့ သိရပါတယ်။

Image may contain: dog

ရမ်ဘိုရဲ့တပ်စုကတော့ ရမ်ဘိုဟာ လက်ရှိမှာ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မိုင်းရှင်းလင်းရေးတပ်စုမှာတွဲဖက်တာဝန်ကိုမူလအရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးတာဝန်နဲ့အတူထမ်းဆောင်နေတယ်လို့ပြောပါတယ်။
ရဲတပ်သားရမ်ဘိုဟာ လက်ဘရေဒေါ(ဂျပန်) အမျိုးအစား ခွေးဖြစ်ပါတယ်။
ရဲတပ်သားဝတ်စုံကိုလက်ရှိမှာချုပ်နေတာကြောင့်မကြာခင်ရမ်ဘိုဟာရဲဝတ်စုံတွေနဲ့တာဝန်ထမ်းဆောင်တော့မှာလို့သိရပါတယ်။
တပ်ကြပ်ကြီး မိုက်ကယ်ကတော့အသက်ရှင်စဉ်က မြန်မာနိုင်ငံကိုလာရောက်ကြတဲ့အရေးကြီးပုဂ္ဂိုလ်တွေ၊ နိုင်ငံတော်အဆင့်အခမ်းအနားတွေ၊၂၀၁၅ ခုနှစ်ကနေပြည်တော်မှာကျင်းပပြုလုပ်တဲ့အာဆီယံနိုင်ငံများထိပ်သီးအစည်း အဝေးပွဲအခမ်းအနားတွေမှာမိုင်းရှာဖွေရှင်းလင်းခြင်းလုပ်ငန်းတွေကို
တာဝန်ကျေပွန်စွာထမ်းဆောင်နိုင်ခဲ့သလို ၂၀၁၇ ခုနှစ်၊ မဟာသင်္ကြန်မှာပြည်သူတွေအန္တရာယ်ကင်းရှင်းစွာနဲ့စိတ်အေး ချမ်းမြေ့ပျော်ရွှင်စွာရေကစားနိုင်ဖို့ရန်ကုန်တိုင်းဒေသကြီးရှိ သင်္ကြန်မဏ္ဍပ်တွေမှာမိုင်းရှာ
ဖွေခြင်း လုပ်ငန်းတွေကိုဆောင်ရွက်ခဲ့ပါတယ်။
Popular News Journal
Image may contain: one or more people, dog and outdoor

Image may contain: pool

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...