မူးမူးနဲ႔ ငါးအရွင္ႏွစ္ေကာင္ကို ဟို... အထဲကို ထည့္လိုက္တာ ေဆးရံုေျပးလိုက္ရေရာတဲ့...။

အရက္မူးလာရင္ အမွန္ေတြ ေျပာလာတယ္ ဆိုတာကို ရည္ရြယ္ၿပီး “အရက္မူးေသာ္ ကၽြဲခိုးေပၚ” ဆိုတဲ့ စကား ရွိလာတာျဖစ္ေပမဲ့ တ႐ုတ္ႏိုင္ငံက အမ်ဳိးသားတစ္ဦးရဲ႕ မူးမူး႐ူး႐ူးနဲ႔ လုပ္ရပ္တစ္ခုကေတာ့ ၾကားရသူတိုင္းကို နားလည္ရ ခက္ခဲေစမွာ အမွန္ပဲ ျဖစ္ပါတယ္။ အေၾကာင္းကေတာ့ တ႐ုတ္ႏိုင္ငံ၊ ေတာင္ဘက္ပိုင္းက အသက္ ၄၅ ႏွစ္အရြယ္ အမ်ဳိးသားတစ္ဦးဟာ မတ္ ၁၀ ရက္က အရက္ေသာက္၊ မူးမူး႐ူး႐ူးနဲ႔ သူ႕ရဲ႕စအိုထဲ ငါးအရွင္ႏွစ္ေကာင္ ကိုယ္တိုင္ထည့္သြင္းခဲ့တယ္လို႔ ၀န္ခံခဲ့ၿပီး အဲဒီအတြက္ အက်ဳိးဆက္ကေတာ့ ေဆး႐ံုကို အေျပးအလႊား သြားေရာက္ ေဆးကုသမႈ ခံယူခဲ့ရပါတယ္။


ငါးအရွင္ႏွစ္ေကာင္ဟာ အမ်ဳိးသားရဲ႕ အူလမ္းေၾကာင္း တစ္ေလွ်ာက္ ေရာက္ရွိသြားၿပီး တစ္ေကာင္က အူမႀကီးအတြင္းတစ္ေနရာအထိ ေရာက္ရွိသြားလို႔ အမ်ဳိးသားဟာ အဖ်ားႀကီး၊ ေသြးအားနည္းမႈနဲ႔အတူ ၀မ္းဗိုက္ နာက်င္မႈေ၀ဒနာ ခံစားလာရတာေၾကာင့္ ေဆး႐ံုကို အေျပးအလႊား သြားေရာက္ခဲ့ရတယ္လို႔ သိရပါတယ္။ ငါးအရွင္ႏွစ္ေကာင္ဟာ အမ်ဳိးသားရဲ႕၀မ္းဗိုက္ထဲမွာ ၂၄ နာရီေက်ာ္ေလာက္ ရွိေနၿပီး အဆံုးမွာေတာ့ ဆရာ၀န္ေတြဟာ ငါးႏွစ္ေကာင္စလံုးကို အမ်ဳိးသားရဲ႕၀မ္းဗိုက္ထဲကေန ဖယ္ရွားႏိုင္ခဲ့ၿပီး တစ္ေကာင္ဆိုရင္ အရွည္ ေျခာက္လက္မရွိတယ္လို႔ သိရပါတယ္။

“ဒုတိယ ငါးတစ္ေကာင္က အရွည္ ေလးလက္မနဲ႔ လံုးပတ္ ၀ ဒသမ ၈ လက္မ ရွိတယ္၊ အခန္႔မသင့္ရင္ အသက္အႏ ၱရာယ္ေတာင္ ထိခိုက္ႏိုင္တယ္” လို႔ ဆရာ၀န္တစ္ေယာက္က ေျပာၾကားခဲ့ၿပီး ေနာက္ပိုင္း အမ်ဳိးသားကို အထူးၾကပ္မတ္ကုသေဆာင္ကို ပို႔ထားတယ္လို႔ သိရပါတယ္။

Credit : momolay
============

အရက်မူးလာရင် အမှန်တွေ ပြောလာတယ် ဆိုတာကို ရည်ရွယ်ပြီး “အရက်မူးသော် ကျွဲခိုးပေါ်” ဆိုတဲ့ စကား ရှိလာတာဖြစ်ပေမဲ့ တရုတ်နိုင်ငံက အမျိုးသားတစ်ဦးရဲ့ မူးမူးရူးရူးနဲ့ လုပ်ရပ်တစ်ခုကတော့ ကြားရသူတိုင်းကို နားလည်ရ ခက်ခဲစေမှာ အမှန်ပဲ ဖြစ်ပါတယ်။ အကြောင်းကတော့ တရုတ်နိုင်ငံ၊ တောင်ဘက်ပိုင်းက အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ မတ် ၁၀ ရက်က အရက်သောက်၊ မူးမူးရူးရူးနဲ့ သူ့ရဲ့စအိုထဲ ငါးအရှင်နှစ်ကောင် ကိုယ်တိုင်ထည့်သွင်းခဲ့တယ်လို့ ဝန်ခံခဲ့ပြီး အဲဒီအတွက် အကျိုးဆက်ကတော့ ဆေးရုံကို အပြေးအလွှား သွားရောက် ဆေးကုသမှု ခံယူခဲ့ရပါတယ်။


ငါးအရှင်နှစ်ကောင်ဟာ အမျိုးသားရဲ့ အူလမ်းကြောင်း တစ်လျှောက် ရောက်ရှိသွားပြီး တစ်ကောင်က အူမကြီးအတွင်းတစ်နေရာအထိ ရောက်ရှိသွားလို့ အမျိုးသားဟာ အဖျားကြီး၊ သွေးအားနည်းမှုနဲ့အတူ ဝမ်းဗိုက် နာကျင်မှုဝေဒနာ ခံစားလာရတာကြောင့် ဆေးရုံကို အပြေးအလွှား သွားရောက်ခဲ့ရတယ်လို့ သိရပါတယ်။ ငါးအရှင်နှစ်ကောင်ဟာ အမျိုးသားရဲ့ဝမ်းဗိုက်ထဲမှာ ၂၄ နာရီကျော်လောက် ရှိနေပြီး အဆုံးမှာတော့ ဆရာဝန်တွေဟာ ငါးနှစ်ကောင်စလုံးကို အမျိုးသားရဲ့ဝမ်းဗိုက်ထဲကနေ ဖယ်ရှားနိုင်ခဲ့ပြီး တစ်ကောင်ဆိုရင် အရှည် ခြောက်လက်မရှိတယ်လို့ သိရပါတယ်။

“ဒုတိယ ငါးတစ်ကောင်က အရှည် လေးလက်မနဲ့ လုံးပတ် ၀ ဒသမ ၈ လက်မ ရှိတယ်၊ အခန့်မသင့်ရင် အသက်အန ္တရာယ်တောင် ထိခိုက်နိုင်တယ်” လို့ ဆရာဝန်တစ်ယောက်က ပြောကြားခဲ့ပြီး နောက်ပိုင်း အမျိုးသားကို အထူးကြပ်မတ်ကုသဆောင်ကို ပို့ထားတယ်လို့ သိရပါတယ်။

Credit : momolay

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...