၁၄ အရွယ်ထဲကအဆိုတော်လောက ကိုရောက်ရှိခဲ့တဲ့ စိုးမြတ်နန္ဒာ တူမ






Credit:Oasis


အသံအေးအေးလေးနဲ့ သီချင်းဆိုကောင်းတဲ့ တေးရေးဇဝါ ရဲ့ သမီးဆိုရင် ပိုပိုဟေသာ ကိုလူတိုင်းသိကြမှာဖြစ်ပါတယ် ။ ပိုပိုဟာ ဂီတကို ငယ်ငယ်လေးထဲက ဝါသနာပါခဲ့ပြီး ကိုးတန်းအရွယ်မှာ ချစ်တဲ့စိတ်သီချင်းကိုစသွင်းခဲ့ပါတယ်။ဆယ်တန်းနှစ်မှာပဲ အခွေထွက်လာခဲ့ပြီး ပရိတ်သတ်သိတဲ့ သီချင်းတပုဒ်ဖြစ်ခဲ့ပါတယ်။

၂၀၁၆ ဖေဖော်ဝါရီမှာ ကမ္ဘာဦးရည်းစားဆိုတဲ့ Album ထွက်ထားပြီး အတွဲသီချင်း အပုဒ် ၂၀ ကျော်နဲ့ တစ်ကိုယ်တော် ၁၆ ပုဒ် လောက်ရှိနေပါပြီ ။ အနုပညာအသိုင်းအဝိုင်းနဲ့ မစိမ်းတဲ့ ပိုပိုဟေသာ ဟာ အဖေက တေးရေးဆရာဖြစ်သလို အဒေါ်တွေကလဲ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်ကြတဲ့ စိုးမြတ်သူဇာနဲ့ စိုးမြတ်နန္ဒာ တို့ ဖြစ်ကြပါတယ်။

စိုးမြတ်နန္ဒာ ၊ စိုးမြတ်သူဇာ တို့ က အဒေါ်ဝမ်ကွဲ တော်ပြီး အဘိုးတွေကတော့ ညီအကို အရင်းတွေပါလို့ ပြောပြသွားခဲ့ ပါတယ် ။ လက်ဦးဆရာကတော့ အဖေဖြစ်ပြီး အနုပညာအလုပ်တွေနဲ့ပတ်သတ်ပြီး အများကြီးသင်ပြပေးပါတယ်။

ပြည်တွင်း၊ပြည်ပ အနုပညာရှင်တွေအကုန်လုံးကတော့ Idol တွေပါပဲ အကုန်လုံးအတုယူစရာ တွေအများကြီးပါ ။ အနောက်ပိုင်း ဂီတတွေအပြင် K-Pop တွေကိုလဲသဘောကျ ပါတယ်။ ပြည်တွင်းမှာ ဆိုလဲ စီနီယာတွေအကုန်လုံးကိုစံထားရပါတယ်လို့ ပြောပြသွားခဲ့ ပါတယ် ။

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...