အမျိုးသမီးစီးဖိနပ်များ ထုတ်လုပ်ရောင်းချသွားမယ့် နိုင်ငံကျော်အဆိုတော်မလေး
အမျိုးသမီးစီး ဟန်းမိတ်ဖိနပ်များ ထုတ်လုပ်ရောင်းချသွားမယ့် စန္ဒီမြင့်လွင်
စန္ဒီမြင့်လွင်က သူငယ်ချင်း တစ်ဦးနဲ့ ပူးပေါင်းပြီး အမျိုးသမီးစီး ဟန်းမိတ်ဖိနပ်များကို မေလကုန်မှ စတင်ကာ ထုတ်လုပ်ရောင်းချသွားမှာဖြစ်ကြောင်း သိရပါတယ်။ ဖိနပ်များကို ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံတို့မှ မှာယူပြီး မြန်​မာနိုင်​ငံမှာ ကိုယ်ပိုင်ဒီဇိုင်းဆန်းများဖြင့် ဟန်းမိတ်ပြုလုပ်ကာ ရောင်းချသွားမှာ ဖြစ်ကြောင်း စန္ဒီမြင့်လွင်ကပြောပါတယ်။
''ဒီးဒီ က ဖိနပ် အရမ်းကြိုက်တယ်။ သူငယ်ချင်းတစ်ယောက်က နဂိုကတည်းက ဖိနပ်လုပ်ငန်း လုပ်တဲ့သူဆိုတော့ နှစ်ယောက်ပေါင်းပြီး လုပ်ကြရအောင် ဆိုပြီး တိုင်ပင်ဖြစ်သွားတာပါ။ ဒီးဒီက Creationပိုင်း၊ အိုင်ဒီယာပိုင်းနဲ့ မီဒီယာ ပိုင်းကို ပိုလုပ်ဖြစ်မယ်။ ဒီးဒီတို့ ဒီလုပ်ငန်းကို လုပ်ကြမယ်ဆိုပြီး တိုင်ပင်ထားတာ လွန်ခဲ့တဲ့ တစ်နှစ်လောက် ကတည်းကပါ။ ဘယ်သူ့ကိုမှ မပြောဖြစ်သေးတာပါ။ လောလောဆယ်တော့ အမျိုးသမီးစီး ကိုပဲအရင်ထုတ်မယ်။ ဟန်းမိတ်ရယ်၊ ဒီးဒီရဲ့ Creation တွေပါမယ်။ လူတန်းစားအားလုံးအတွက် ရည်ရွယ်ပါတယ်။ စျေးကလည်း အမြင့်ကြီးမဟုတ်ဘူး။ ကွာလတီလည်း ကောင်းရမယ်။ ပရိတ်သတ်တွေအတွက်ရော၊ အပြင်သွား အပြင်လာ ရုံးသမားတွေအတွက်လည်း ရည်ရွယ်ပါတယ်။ ဒီးဒီရဲ့ ပရိတ်သတ်တွေအတွက်ဆိုရင် ဒီးဒီဝတ်နေကျ ရှူးဖိနပ် ပုံစံမျိုးတွေကို ဒီးဒီရဲ့ Creation တွေ၊ အိုင်ဒီယာတွေနဲ့ ဒီဇိုင်းပြန်လုပ်ပြီး ထုတ်မယ်။ ဟန်းမိတ်တွေကို ကိုယ်တိုင် လုပ်မှာပါ။ ဒီဇိုင်နာတွေဆီက လည်း Creation တွေတောင်းသွားဖို့လည်း ရှိပါတယ်​။''လို့ပြောပါတယ်။ စန္ဒီမြင့်လွင်က အမျိုးသမီးစီး ဖိနပ်များကို အရင်ဆုံးထုတ်လုပ်သွားမှာဖြစ်ပြီး နောက်ပိုင်းမှာ အမျိုးသားစီးဖိနပ်များ၊ အိတ် နဲ့ အခြားပစ္စည်းများကို ထုတ်လုပ်ရောင်းချသွားမှာဖြစ်ကြောင်း သိရပါတယ်။
ခိုင်ဝေလွင်၊ ဓာတ်​ပုံ - စန္ဒီမြင့်လွင် ဖေ့ဘုတ်
Admin Unknown
ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။
0 comments :
Post a Comment
Loading...