ျမန္မာညစ္ညမ္းဗီဒီယိုမွာ သူနာျပဳအသိုင္းအဝိုင္းကို သိကၡာခ်ျခင္းဟု ၫႊန္ခ်ဳပ္ဆို


သူနာျပဳဝတ္စုံျဖင့္ ျမန္မာ့ညစ္ညမ္းဗီဒီယို ထြက္ေပၚလာမႈသည္ သူနာျပဳအသိုင္းအဝိုင္းကိုဦးတည္၍ သိကၡာခ်ျခင္း ျဖစ္သည့္အတြက္ လက္ခံႏိုင္ဖြယ္ မရွိေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၊ ကုသေရး ဦးစီးဌာန၊ ၫႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာျမင့္ဟန္က The Voice သို႔ ေျပာၾကားသည္။
“Personal မဟုတ္ဘဲနဲ႔ အသိုင္းအဝိုင္းတစ္ခုကို ေဖာ္ထုတ္ၿပီးေတာ့ ဒါမ်ိဳး ေဖာ္ျပတာေတာ့ မသင့္ေတာ္ဘူး။ ဆရာတို႔ အေနနဲ႔ကေတာ့ လက္ခံႏိုင္ဖို႔ မရွိပါဘူး”ဟု ၎က ဆိုသည္။
Art of Myanmar Production က ထုတ္လုပ္သည့္ ျမန္မာ့ညစ္ညမ္းဗီဒီယိုကို ဧၿပီလ ၂၄ ရက္ေန႔တြင္ လူမႈကြန္ရက္မွတစ္ဆင့္ ျဖန္႔ခ်ိခဲ့ၿပီး ယင္းဇာတ္ကားတြင္ ပါဝင္သည့္ အမ်ိဳးသမီးဇာတ္ေဆာင္၏ဝတ္စုံမွာ သူနာျပဳဝတ္စုံႏွင့္ ဆင္တူေနေၾကာင္း၊ ျမန္မာႏိုင္ငံ သူနာျပဳႏွင့္ သားဖြားေကာင္စီ အေနျဖင့္ အဆိုပါ ဇာတ္ကားတြင္ သူနာျပဳဝတ္စုံ အမွန္တကယ္ ဝတ္ဆင္ထားျခင္း ရွိ မရွိ စုံစမ္းေဖာ္ထုတ္ေပးရန္ က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာနသို႔ တင္ျပထားေၾကာင္း ကုသေရး ဦးစီးဌာနထံမွ သိရသည္။
“သူနာျပဳေကာင္စီကေန သူတို႔ ရဲစခန္းကို တိုင္ၾကားထားတာကို ဆရာတို႔ကို Copy ေပးထားပါတယ္။ သူနာျပဳေကာင္စီက တိုင္ၾကားထားၿပီးသား ဆိုတဲ့အတြက္ သူတို႔က အဓိက လုပ္ေဆာင္မွာ ျဖစ္ပါတယ္”ဟု ေဒါက္တာျမင့္ဟန္က ရွင္းျပသည္။
Credit:The Voice
Image may contain: one or more people and text

သူနာပြုဝတ်စုံဖြင့် မြန်မာ့ညစ်ညမ်းဗီဒီယို ထွက်ပေါ်လာမှုသည် သူနာပြုအသိုင်းအဝိုင်းကိုဦးတည်၍ သိက္ခာချခြင်း ဖြစ်သည့်အတွက် လက်ခံနိုင်ဖွယ် မရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်ဟန်က The Voice သို့ ပြောကြားသည်။
“Personal မဟုတ်ဘဲနဲ့ အသိုင်းအဝိုင်းတစ်ခုကို ဖော်ထုတ်ပြီးတော့ ဒါမျိုး ဖော်ပြတာတော့ မသင့်တော်ဘူး။ ဆရာတို့ အနေနဲ့ကတော့ လက်ခံနိုင်ဖို့ မရှိပါဘူး”ဟု ၎င်းက ဆိုသည်။
Art of Myanmar Production က ထုတ်လုပ်သည့် မြန်မာ့ညစ်ညမ်းဗီဒီယိုကို ဧပြီလ ၂၄ ရက်နေ့တွင် လူမှုကွန်ရက်မှတစ်ဆင့် ဖြန့်ချိခဲ့ပြီး ယင်းဇာတ်ကားတွင် ပါဝင်သည့် အမျိုးသမီးဇာတ်ဆောင်၏ဝတ်စုံမှာ သူနာပြုဝတ်စုံနှင့် ဆင်တူနေကြောင်း၊ မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီ အနေဖြင့် အဆိုပါ ဇာတ်ကားတွင် သူနာပြုဝတ်စုံ အမှန်တကယ် ဝတ်ဆင်ထားခြင်း ရှိ မရှိ စုံစမ်းဖော်ထုတ်ပေးရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသို့ တင်ပြထားကြောင်း ကုသရေး ဦးစီးဌာနထံမှ သိရသည်။
“သူနာပြုကောင်စီကနေ သူတို့ ရဲစခန်းကို တိုင်ကြားထားတာကို ဆရာတို့ကို Copy ပေးထားပါတယ်။ သူနာပြုကောင်စီက တိုင်ကြားထားပြီးသား ဆိုတဲ့အတွက် သူတို့က အဓိက လုပ်ဆောင်မှာ ဖြစ်ပါတယ်”ဟု ဒေါက်တာမြင့်ဟန်က ရှင်းပြသည်။
Credit:The Voice

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...