တတိယ ကမၻာစစ္ရဲ႕အရိပ္ အေငြ႔ေလလား


ခုရက္ပိုင္းအတြင္းမွာ အေရွ႕အာရွေဒသတင္မကဘဲ ကမၻာတဝန္းလံုး စိုးရိမ္ထိတ္လန္႔ ျဖစ္သြားၾကတဲ့ ကိစၥကေတာ့ ေျမာက္ကိုရီးယားႏိုင္ငံရဲ႕ ႏ်ဴကလီးယာဗံုး စမ္းသပ္မႈကို ဒီအတိုင္း ၾကည့္ေနလို႔ မျဖစ္ေတာ့ဘူး၊ အေရးယူ ကိုင္တြယ္မွျဖစ္မယ္လို႔ ဆံုးျဖတ္လိုက္တဲ့ အေမရိကန္သမၼတ ေဒၚနယ္လ္ထရမ့္ရဲ႕ ဆံုးျဖတ္ခ်က္နဲ႔ စတင္လႈပ္ရွား ေဆာင္ရြက္လာတဲ့ စစ္ေရးလႈပ္ရွားမႈေတြ၊ အေမရိကန္ႏိုင္ငံရဲ႕ အဲဒီလႈပ္ရွား ျပင္ဆင္မႈေတြအေပၚကို တု႔ံျပန္လာတဲ့ ေျမာက္ကိုရီးယားႏိုင္ငံရဲ႕ ျပင္းထန္တဲ့ တုံ႔ျပန္မႈေတြေၾကာင့္ ကမာၻတဝန္းလံုး တတိယကမာၻစစ္ႀကီးမ်ား စျဖစ္လာေလေတာ့မလားလို႔ စိုးရိမ္ေသာက ျဖစ္ၾကရတာာကို စာဖတ္သူေတြ သိရွိခဲ့ၾကၿပီး ျဖစ္ပါလိမ့္မယ္။
ဒီမတိုင္ခင္ ၿပီးခဲ့တဲ့ အပတ္ကေတာ့ ဒံုးက်ည္နဲ႔မ်ား ကစားေနေလေရာ့သလား ဆိုၿပီး ေျမာက္ကိုရီးယားရဲ႕ ဒံုးက်ည္စမ္းသပ္ပစ္ခတ္မႈေတြနဲ႔ သက္ေရာက္မႈေတြကို က်ေနာ္ ဒီဗီြဘီရဲ႕ အပတ္စဥ္ေဆာင္းပါးအျဖစ္ ေရးသားတင္ျပခဲ့ၿပီး ျဖစ္ပါတယ္။ ေျမာက္ကိုရီးယားႏိုင္ငံကလည္း ကုလသမဂၢ အပါအ၀င္ ႏိုင္ငံတကာက ကန္႔ကြက္ေနတဲ့ၾကားကပဲ တာတိုပစ္၊ တာလတ္္ပစ္နဲ႔ တာေ၀းပစ္ ဒံုးက်ည္ေတြ၊ ႏ်ဴကလီးယားထိပ္ဖူး သယ္ေဆာင္ႏိုင္တဲ့ ဒံုးပ်ံေတြ၊ ယာဥ္ေတြကို စမ္းသပ္လာခဲ့တာ ၾကာပါၿပီ။ အျမင့္ဆံုး ဟိုက္ဒ႐ိုဂ်င္ဗံုးအထိ စမ္းသပ္ခဲ့တာကို ေတြ႔ခဲ့ၾကရၿပီး ျဖစ္ပါတယ္။ ဒါေတြကေတာ့ အထူးေျပာေနစရာမလိုတဲ့ ေျမာက္ကိုရီးယားႏိုင္ငံရဲ႕ အတင့္ရဲတဲ့၊ ငါ့ႏိုင္ငံမွာ ငါလုပ္ခ်င္တာ လုပ္မယ္၊ ဘယ္သူ႔ ဂ႐ုစိုက္ရမွာလဲဆိုတဲ့ ငါ အေတြးအေခၚနဲ႔ လုပ္ခဲ့တဲ့ လုပ္ရပ္ေတြ ျဖစ္ပါတယ္။
ခုျဖစ္ရပ္ကေတာ့ ေျမာကိကိုရီးယားႏိုင္ငံရဲ႕ ႏိုင္ငံတည္ေထာင္သူ ေခါင္းေဆာင္ႀကီး ကင္အီဆြန္းရဲ႕ ၁၀၅ ႏွစ္ျပည့္ ေမြးေန႔မွာ ေျမေအာက္ ႏ်ဴကလီးယာဗံုး စမ္းသပ္မယ့္ကိစၥကို အေမရိကန္သမၼတသစ္ ေဒၚနယ္လ္ထရမ့္က တုံ႔ျပန္အေရးယူဖို႔ ႀကိဳးစားလာတဲ့ ကိစၥေၾကာင့္ ျဖစ္ပါတယ္။
ဒါကလည္း ေျမာက္ကိုရီးယားႏိုင္ငံက သူ႔တိုက္ခ်င္းပစ္ဒံုးေတြ စမ္းသပ္ပစ္ခတ္ ေအာင္ျမင္မႈရလာတဲ့အခ်ိန္မွာ အေမရိကန္ႏိုင္ငံကို ရန္သူလို သေဘာထားၿပီး မီးေလာင္္ျပာက် သြားခ်င္သလား၊ အေမရိကန္ႏိုင္ငံ ေပ်ာက္သြားခ်င္သလားဆိုတဲ့ အသံုးအႏႈန္းမ်ိဳးေတြနဲ႔ ပါးစပ္ ေသနတ္ပစ္ တိုက္ခိုက္ခဲ့တာေတြကို သမၼတ မျဖစ္ခင္ စီးပြားေရးသမားတေယာက္ ဘ၀မွာကတည္းက ၾကားခဲ့၊ ခံစားခဲ့ရတဲ့အတြက္ သမၼတ ျဖစ္လာခ်ိန္မွာ ခံျပင္းေဒါသျဖစ္ၿပီး ခုလို အေရးယူဖို႔ ဆံုးျဖတ္လိုက္တာလည္း ျဖစ္ခ်င္ျဖစ္ႏိုင္ပါတယ္။
ဒီလိုမ်ိဳး ရန္စတဲ့ အေျပာကို ခံခဲ့ရတာက အေမရိကန္ျဖစ္ၿပီး ဂ်ပန္ႏိုင္ငံကေတာ့ သူ႔ရဲ႕ ပင္လယ္ျပင္ထဲအထိ စမ္းသပ္ပစ္ခတ္လာတဲ့ ဒံုးက်ည္ေတြကို ရင္တမမနဲ႔ သည္းခံခဲ့ရရွာပါတယ္။ လူမ်ိဳး တမ်ိဳးတည္းျဖစ္တဲ့ ေတာင္ကိုရီးယားႏိုင္ငံဟာလည္း ေျမာက္ကိုရီးယားရဲ႕ ရန္စတိုက္ခိုက္မႈေၾကာင့္ ထိခိုက္နစ္နာ ဆံုး႐ံႈးမႈေတြ ႀကံဳေတြ႔ခဲ့ရတာေတြလည္း မ်ားခဲ့ပါၿပီ။
ဒါေၾကာင့္လည္း ေျမာက္ကိုရီးယားႏိုင္ငံကို အစဥ္တစိုက္ ကူညီေထာက္ပံ့သလို ေထာက္လည္း ေထာက္ခံခဲ့တဲ့ တ႐ုတ္ျပည္သူ႔သမၼတႏုိင္ငံကေတာင္ ခု ေျမာက္ကိုရီးယားႏိုင္ငံရဲ႕ ႏ်ဴကလီးယာဒ စမ္းသပ္မႈေတြကို ဆန္႔က်င္ ကန္႔ကြက္လာခဲ့တာကို ေတြ႔ရပါတယ္။ ႐ုရွားႏိုင္ငံကေတာ့ ခုထိလည္း ေထာက္ခံေနဆဲပဲ ျဖစ္ပါတယ္။
ဒါေပမယ့္ ခုျဖစ္ခဲ့တဲ့ ျဖစ္ရပ္မွာ အေမရိကန္သမၼတ ေဒၚနယ္လ္ထရမ့္က တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ သမၼတ ရွီက်င္းပင္နဲ႔ ေဆြးေႏြး ေျပာဆိုခဲ့ၿပီး တ႐ုတ္က ၾကား၀င္ေဖ်ာင္းဖ် ေျဖရွင္းေပးဖို႔ ေမတၱာရပ္ခံခဲ့သလို ေအာင္ေအာင္ျမင္ျမင္ ေဖ်ာင္းဖ်ေျဖရွင္းေပးႏိုင္မယ္လို႔လည္း ယံုၾကည္ထားတယ္လို႔ ဆိုပါတယ္။ တ႐ုတ္ႏိုင္ငံကလည္း တတ္ႏိုင္သမၽွ ႀကိဳးစားေဖ်ာင္းဖ်ခဲ့ပံုရပါတယ္။ ဒါေပမယ့္ ေခါင္းမာလွတဲ့ ေျမာက္ကိုရီးယား ေခါင္းေဆာင္ေလးက စစ္ေၾကညာမိန္႔ခြန္းကိုပါ ေျပာလာတဲ့အတြက္ ေျမာက္ကိုရီးယား နယ္စပ္ကို သူ႔တပ္အင္အား ထပ္မံတိုးခ်ဲ႕ခ်ထားေပးၿပီး တံု႔ျပန္သတိေပးခဲ့ပါတယ္။ ဒီကိစၥမွာေတာ့ တို႔မေထာက္ခံဘူးလို႔ အတိအလင္း ေျပာလိုက္သလိုပါပဲ။ တ႐ုတ္ႏိုင္ငံကလည္း အကိ်ဳးစီးပြား အဓိကၾကည့္တဲ့ ႏိုင္ငံတခု ျဖစ္လို႔ သူ႔အက်ိဳးစီးပြားကို ၾကည့္ၿပီး ရပ္တည္ခ်က္ ေျပာင္းလဲလာပံုရပါတယ္။ ဒီေနရာမွာေတာ့ စီးပြားေရး အက်ိဳးစီးပြားအေၾကာင္း အဓိကေျပာလိုရင္း မဟုတ္တဲ့အတြက္ ဒီေလာက္ပဲ တင္ျပခ်င္ပါတယ္။
အေမရိကန္သမၼတ ေဒၚနယ္လ္ထရမ့္ကေတာ့ သမၼတသစ္ ပူပူေႏြးေႏြးျဖစ္သလို ေျပာတဲ့အတိုင္း လုပ္တယ္ဆိုတဲ့ သူ႔ရဲ႕အေျပာကိုလည္း တည္ေစခ်င္ပံု ရပါတယ္။ ဒါေၾကာင့္လည္း ဆီးရီးယားႏိုင္ငံကို ခ႐ူးစ္ဒံုးက်ည္ေတြနဲ႔ ပစ္ခတ္တိုက္ခိုက္ျပခဲ့သလို မထင္မွတ္တဲ့ အာဖဂန္နိုင္ငံ အိုင္စက္စ္ေတြရဲ႕ အခ်က္အခ်ာေနရာလို႔ ယူဆရတဲ့ ေနရာကို ႏ်ဴကလီးယားဗံုးၿပီးရင္ အင္အားအႀကီးဆံုး သမား႐ိုးက် မိခင္ဗံုးႀကီးကို ႀကဲခ်ျပလိုက္တာ ေတြ႔ရပါတယ္။ တကယ္ေတာ့ ဒါဟာ စဥ္းစဥ္းစားစား လုပ္တတ္တဲ့ သမၼတမ်ိဳးဆိုရင္ေတာ့ လုပ္ခ်င္မွ လုပ္မယ့္ကိစၥလို႔ ေျပာရမွာပါပဲ။ ဒါေပမယ့္ ႏိုင္ငံေရးသမား မဟုတ္တဲ့ ေဒၚနယ္လ္ထရမ့္ကေတာ့ ခပ္ျပတ္ျပတ္ပဲ အမိန္႔ေပးခဲ့တဲ့အတြက္ ထိတ္လန္႔တုန္လႈပ္စရာ ျဖစ္သြားခဲ့ရပါတယ္။ ဒါေပမယ့္ ဒီလို ႏိုင္ငံနဲ႔ခ်ီၿပီး အေရးႀကီးတဲ့ တိုက္ခိုက္မႈမ်ိဳးကို သမၼတ တေယာက္တည္း သူ႔သေဘာနဲ႔ သူ ဆံုးျဖတ္တာမ်ိဳး မရွိပါဘူး။ အနည္းဆံုး အမ်ိဳးသားလံုၿခံဳေရး အႀကံေပးအရာရွိ၊ အေမရိကန္ ဗဟိုေထာက္လွမ္းေရး (CIA) အႀကီးအကဲနဲ႔ ကာကြယ္ေရး၀န္ႀကီး စသူေတြနဲ႔ တိုင္ပင္ေဆြးေႏြးၿပီးမွသာ ဒီလို ဆံုးျဖတ္ခ်က္မ်ိဳးကို ခ်မွတ္ေလ့ရွိတာပါ။ ဒါဟာ ဒီမိုကေရစီႏိုင္ငံတခုရဲ႕ လုပ္ထံုးလုပ္နည္း ျဖစ္ပါတယ္။ အဲဒီေတာ့ ဆီးရီးယားႏိုင္ငံ အစိုးရ ထိန္းခ်ဳပ္တဲ့ ေလဆိပ္တခုကို ဒါဇင္နဲ႔ခ်ီတဲ့ ခ႐ုစ္ ဒံုးက်ည္ေတြနဲ႔ ပစ္ခတ္တာ၊ အာဖဂန္နစၥတန္က အိုင္အက္စ္ အေျခစိုက္စခန္းကို အားအျပင္းဆံုး သမား႐ိုးက်ဗံုးမိခင္ဗံုးႀကီးသံုးၿပီး တိုက္ခိုက္တာေတြဟာ သမၼတ တေယာက္တည္း စိတ္႐ူးေပါက္ၿပီး အမိန္႔ေပးခဲ့တာ မဟုတ္ပါဘူး။ သက္ဆိုင္ရာ တာ၀န္ရွိသူေတြရဲ႕ သေဘာတူညီခ်က္နဲ႔မွသာ လုပ္လို႔ရတဲ့ လုပ္ရပ္ေတြ ျဖစ္ပါတယ္။
အေမရိကန္နို္င္ငံက အဓိကၿပိဳင္ဘက္ ပါတီႀကီး ၂ ခုမွာ အမ်ားရဲ႕ နားလည္လက္ခံထားမႈအရ ရီပတ္ဗလစ္ကန္ပါတီရဲ႕ ေခါင္းေဆာင္ေတြဟာ သိန္း(Hawk) ေတြ မ်ားတယ္လို႔ ဆိုပါတယ္။ တိုက္ခိုက္ေခ်မွဳန္းလိုသူေတြ ျဖစ္တယ္လို႔ ေျပာတာပါပဲ။ ခု သမၼတသစ္ ေဒၚနယ္လ္ထရမ့္ ဆိုတာကလည္း ရီပတ္ဗလစ္ကန္ပါတီက သမၼတ ျဖစ္ပါတယ္။ သူ႔မွာလည္း ဒီအျမင္ရွိမယ္လို႔ ယူဆရသလို သူ႔ကို ၀ိုင္းရံထားတဲ့ သူေတြမွာလည္း ဒီလို စိတ္အေျခခံေတြရွိၾကမွာကေတာ့ အေသအခ်ာပဲ ျဖစ္ပါတယ္။
ဒါေၾကာင့္ပဲ ျပႆနာစျဖစ္တာနဲ႔ ႏ်ဴကလီးယားစြမ္းအင္သံုး ေလယာဥ္တင္ သေဘၤာႀကီး ကားလ္ဗင္ဆင္နဲ႔ တိုက္ခိုက္ေရး ေရယာဥ္အုပ္စုကို ကိုရီးယားကၽြန္းဆြယ္ဆီကို ေစလႊတ္ခဲ့လို႔ ေျမာက္ကိုရီးယားက သူတို႔ေတာ့ အေမရိကန္ရဲ႕ စတင္တိုက္ခိုက္တာ မခံဘူး၊ သူတို႔က လက္ဦးေအာင္ တိုက္ခိုက္ရလိမ့္မယ္လို႔ ခပ္တင္းတင္း သတိေပးတံု႔ျပန္ခဲ့ပါတယ္။
က်ေနာ္တို႔လည္း ဟန္ျပ ျမန္မာသႀကၤန္္ကိုေတာင္ အာ႐ံုမထားႏိုင္ဘဲ ဘယ္ေတာ့မ်ား၊ ဘယ္ဘက္က စၿပီး ပစ္ခတ္တိုက္ခိုက္ေလမလဲလို႔ ရင္တမမ ေစာင့္ၾကည့္ေနခဲ့ရတာပါ။ ဒါေပမယ့္ ၄၈ နာရီအတြင္း၊ ၇၂ နာရီအတြင္း စတဲ့ ခန္႔မွန္းမႈေတြဟာ ခု က်ေနာ္ ဒီေဆာင္းပါး ေရးတဲ့အခ်ိန္အထိ ျဖစ္လာတာ မေတြ႔ရေသးပါဘူး။ တ႐ုတ္ႏိုင္ငံကေတာ့ ဆိုင္ေနတဲ့ ႏိုင္ငံေတြအေနနဲ႔ ျပန္ၿပီးေဆြးေႏြး အေျဖရွာၾကဖိုိ႔၊ လက္မလြန္ၾကဖို႔ သတိေပးေနပါတယ္။ ခပ္မိုက္မိုက္ ေျပာတတ္တဲ့ ႐ုရွားႏိုင္ငံကေတာင္ မျဖစ္သင့္တာ မျဖစ္၊ ျပန္ျပင္လို႔ မရေတာ့တဲ့ အေျခအေနမ်ိဳး မျဖစ္ခင္ သတိနဲ႔ စဥ္းစဥ္းစားစား ေျဖရွင္းၾကဖို႔ ေျပာလာခဲ့ပါတယ္။
တကယ္လို႔မ်ား အေမရိကန္ ေရတပ္သေဘၤာအုပ္စု ကိုရီးယားကၽြန္းဆြယ္ ေရာက္တာနဲ႔ ေျမာက္ကိုရီးယားႏိုင္ငံက စၿပီး သူ႔ရဲ႕ဒံုးက်ည္ေတြနဲ႔ လက္ဦးေအာင္ တိုက္ခိုက္မယ္၊ အေမရိကန္ ေရတပ္သေဘၤာေတြကလည္း သူတို႔ရဲ႕ စြမ္းအားႀကီးမားတဲ့ တိုက္ခိုက္ေရး လက္နက္ေတြနဲ႔ တုံ႔ျပန္တိုက္ခိုက္မယ္ဆိုရင္ေတာ့ အနိမ့္ဆံုး အျပစ္မဲ့တဲ့ ကိုရီးယားျပည္သူေတြ အတိဒုကၡေရာက္ၾက၊ ေသေက် ပ်က္စီးၾကရမွာ ျဖစ္သလို အေမရိကန္ျပည္သူလူထုရဲ႕ အေျခအေနကလည္း တိုက္ခ်င္းပစ္ဒံုးက်ည္ေတြ အခ်ိန္မေရြး က်ေရာက္ ေပါက္ကြဲ ေသေက် ဒဏ္ရာရႏိုင္စရာ ျဖစ္ေနပါတယ္။
ေျမာက္ကိုရီးယား ပိုင္ဆိုင္ထားတဲ့ အစြမ္းထက္ဒံုးက်ည္ေတြကိုလည္း ေလၽွာ႔တြက္လို႔ မရပါဘူး။ ေနာက္ဆံုး ႏ်ဴကလီးယား လက္နက္သံုးလာၿပီဆိုရင္ေတာ့ အရင္တုန္းက “ေကာင္ကေလး” ဗံုးလိုမ်ိဳး မဟုတ္ေတာ့တဲ့ ဒီထက္အဖ်က္စြမ္းအား ႀကီးမားတဲ့ ဗံုးေတြ ျဖစ္ေနၾကေတာ့ ဘယ္ဘက္ကမဆို အပ်က္အစၤီး အထိအခိုက္ မ်ားၾကမွာကေတာ့ အေသအခ်ာပါပဲ။
ဒီကိစၥက ေကာင္းဘြိဳင္းကားေတြထဲကလို ႏွစ္ေယာက္တည္း ေသနတ္ခ်င္း ယွဥ္ပစ္ၾကတဲ့ကိစၥ မဟုတ္တဲ့အတြက္ သက္ဆိုင္ရာႏိုင္ငံေတြ ကုလ အပါအဝင္ ႏိုင္ငံတကာက ၀ိုင္း၀န္းေဖ်ာင္းဖ် တားဆီးၾကရမယ့္ ကိစၥပါ။ တကယ္လို႔ ႏွစ္ေယာက္တည္း ေသနတ္ခ်င္း ယွဥ္ပစ္ခ်င္တယ္ဆိုရင္ေတာ့ လႊတ္ေပးလိုက္ၾက႐ံုပါပဲ။ ႏွစ္ေယာက္စလံုးက သူမသာ၊ ကိုယ္ အသုဘျဖစ္ေနၾကတဲ့အတြက္ လက္ခုပ္တီးေပးလိုက္ၾက႐ံုပဲ လုပ္လို႔ရမွာပါ။
စိုးေနလင္း
http://burmese.dvb.no/archives/201562
ခုရက်ပိုင်းအတွင်းမှာ အရှေ့အာရှဒေသတင်မကဘဲ ကမ္ဘာတဝန်းလုံး စိုးရိမ်ထိတ်လန့် ဖြစ်သွားကြတဲ့ ကိစ္စကတော့ မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယာဗုံး စမ်းသပ်မှုကို ဒီအတိုင်း ကြည့်နေလို့ မဖြစ်တော့ဘူး၊ အရေးယူ ကိုင်တွယ်မှဖြစ်မယ်လို့ ဆုံးဖြတ်လိုက်တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ဆုံးဖြတ်ချက်နဲ့ စတင်လှုပ်ရှား ဆောင်ရွက်လာတဲ့ စစ်ရေးလှုပ်ရှားမှုတွေ၊ အမေရိကန်နိုင်ငံရဲ့ အဲဒီလှုပ်ရှား ပြင်ဆင်မှုတွေအပေါ်ကို တုံ့ပြန်လာတဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ ပြင်းထန်တဲ့ တုံ့ပြန်မှုတွေကြောင့် ကမ္ဘာတဝန်းလုံး တတိယကမ္ဘာစစ်ကြီးများ စဖြစ်လာလေတော့မလားလို့ စိုးရိမ်သောက ဖြစ်ကြရတာကို စာဖတ်သူတွေ သိရှိခဲ့ကြပြီး ဖြစ်ပါလိမ့်မယ်။ဒီမတိုင်ခင် ပြီးခဲ့တဲ့ အပတ်ကတော့ ဒုံးကျည်နဲ့များ ကစားနေလေရော့သလား ဆိုပြီး မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုတွေနဲ့ သက်ရောက်မှုတွေကို ကျနော် ဒီဗွီဘီရဲ့ အပတ်စဉ်ဆောင်းပါးအဖြစ် ရေးသားတင်ပြခဲ့ပြီး ဖြစ်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံကလည်း ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက ကန့်ကွက်နေတဲ့ကြားကပဲ တာတိုပစ်၊ တာလတ်ပစ်နဲ့ တာဝေးပစ် ဒုံးကျည်တွေ၊ နျူကလီးယားထိပ်ဖူး သယ်ဆောင်နိုင်တဲ့ ဒုံးပျံတွေ၊ ယာဉ်တွေကို စမ်းသပ်လာခဲ့တာ ကြာပါပြီ။ အမြင့်ဆုံး ဟိုက်ဒရိုဂျင်ဗုံးအထိ စမ်းသပ်ခဲ့တာကို တွေ့ခဲ့ကြရပြီး ဖြစ်ပါတယ်။ ဒါတွေကတော့ အထူးပြောနေစရာမလိုတဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ အတင့်ရဲတဲ့၊ ငါ့နိုင်ငံမှာ ငါလုပ်ချင်တာ လုပ်မယ်၊ ဘယ်သူ့ ဂရုစိုက်ရမှာလဲဆိုတဲ့ ငါ အတွေးအခေါ်နဲ့ လုပ်ခဲ့တဲ့ လုပ်ရပ်တွေ ဖြစ်ပါတယ်။ခုဖြစ်ရပ်ကတော့ မြောကိကိုရီးယားနိုင်ငံရဲ့ နိုင်ငံတည်ထောင်သူ ခေါင်းဆောင်ကြီး ကင်အီဆွန်းရဲ့ ၁၀၅ နှစ်ပြည့် မွေးနေ့မှာ မြေအောက် နျူကလီးယာဗုံး စမ်းသပ်မယ့်ကိစ္စကို အမေရိကန်သမ္မတသစ် ဒေါ်နယ်လ်ထရမ့်က တုံ့ပြန်အရေးယူဖို့ ကြိုးစားလာတဲ့ ကိစ္စကြောင့် ဖြစ်ပါတယ်။ဒါကလည်း မြောက်ကိုရီးယားနိုင်ငံက သူ့တိုက်ချင်းပစ်ဒုံးတွေ စမ်းသပ်ပစ်ခတ် အောင်မြင်မှုရလာတဲ့အချိန်မှာ အမေရိကန်နိုင်ငံကို ရန်သူလို သဘောထားပြီး မီးလောင်ပြာကျ သွားချင်သလား၊ အမေရိကန်နိုင်ငံ ပျောက်သွားချင်သလားဆိုတဲ့ အသုံးအနှုန်းမျိုးတွေနဲ့ ပါးစပ် သေနတ်ပစ် တိုက်ခိုက်ခဲ့တာတွေကို သမ္မတ မဖြစ်ခင် စီးပွားရေးသမားတယောက် ဘဝမှာကတည်းက ကြားခဲ့၊ ခံစားခဲ့ရတဲ့အတွက် သမ္မတ ဖြစ်လာချိန်မှာ ခံပြင်းဒေါသဖြစ်ပြီး ခုလို အရေးယူဖို့ ဆုံးဖြတ်လိုက်တာလည်း ဖြစ်ချင်ဖြစ်နိုင်ပါတယ်။ဒီလိုမျိုး ရန်စတဲ့ အပြောကို ခံခဲ့ရတာက အမေရိကန်ဖြစ်ပြီး ဂျပန်နိုင်ငံကတော့ သူ့ရဲ့ ပင်လယ်ပြင်ထဲအထိ စမ်းသပ်ပစ်ခတ်လာတဲ့ ဒုံးကျည်တွေကို ရင်တမမနဲ့ သည်းခံခဲ့ရရှာပါတယ်။ လူမျိုး တမျိုးတည်းဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံဟာလည်း မြောက်ကိုရီးယားရဲ့ ရန်စတိုက်ခိုက်မှုကြောင့် ထိခိုက်နစ်နာ ဆုံးရှုံးမှုတွေ ကြုံတွေ့ခဲ့ရတာတွေလည်း များခဲ့ပါပြီ။ဒါကြောင့်လည်း မြောက်ကိုရီးယားနိုင်ငံကို အစဉ်တစိုက် ကူညီထောက်ပံ့သလို ထောက်လည်း ထောက်ခံခဲ့တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံကတောင် ခု မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယာဒ စမ်းသပ်မှုတွေကို ဆန့်ကျင် ကန့်ကွက်လာခဲ့တာကို တွေ့ရပါတယ်။ ရုရှားနိုင်ငံကတော့ ခုထိလည်း ထောက်ခံနေဆဲပဲ ဖြစ်ပါတယ်။ဒါပေမယ့် ခုဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှာ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင်းပင်နဲ့ ဆွေးနွေး ပြောဆိုခဲ့ပြီး တရုတ်က ကြားဝင်ဖျောင်းဖျ ဖြေရှင်းပေးဖို့ မေတ္တာရပ်ခံခဲ့သလို အောင်အောင်မြင်မြင် ဖျောင်းဖျဖြေရှင်းပေးနိုင်မယ်လို့လည်း ယုံကြည်ထားတယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံကလည်း တတ်နိုင်သမျှ ကြိုးစားဖျောင်းဖျခဲ့ပုံရပါတယ်။ ဒါပေမယ့် ခေါင်းမာလှတဲ့ မြောက်ကိုရီးယား ခေါင်းဆောင်လေးက စစ်ကြေညာမိန့်ခွန်းကိုပါ ပြောလာတဲ့အတွက် မြောက်ကိုရီးယား နယ်စပ်ကို သူ့တပ်အင်အား ထပ်မံတိုးချဲ့ချထားပေးပြီး တုံ့ပြန်သတိပေးခဲ့ပါတယ်။ ဒီကိစ္စမှာတော့ တို့မထောက်ခံဘူးလို့ အတိအလင်း ပြောလိုက်သလိုပါပဲ။ တရုတ်နိုင်ငံကလည်း အကျိုးစီးပွား အဓိကကြည့်တဲ့ နိုင်ငံတခု ဖြစ်လို့ သူ့အကျိုးစီးပွားကို ကြည့်ပြီး ရပ်တည်ချက် ပြောင်းလဲလာပုံရပါတယ်။ ဒီနေရာမှာတော့ စီးပွားရေး အကျိုးစီးပွားအကြောင်း အဓိကပြောလိုရင်း မဟုတ်တဲ့အတွက် ဒီလောက်ပဲ တင်ပြချင်ပါတယ်။အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ကတော့ သမ္မတသစ် ပူပူနွေးနွေးဖြစ်သလို ပြောတဲ့အတိုင်း လုပ်တယ်ဆိုတဲ့ သူ့ရဲ့အပြောကိုလည်း တည်စေချင်ပုံ ရပါတယ်။ ဒါကြောင့်လည်း ဆီးရီးယားနိုင်ငံကို ခရူးစ်ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ပြခဲ့သလို မထင်မှတ်တဲ့ အာဖဂန်နိုင်ငံ အိုင်စက်စ်တွေရဲ့ အချက်အချာနေရာလို့ ယူဆရတဲ့ နေရာကို နျူကလီးယားဗုံးပြီးရင် အင်အားအကြီးဆုံး သမားရိုးကျ မိခင်ဗုံးကြီးကို ကြဲချပြလိုက်တာ တွေ့ရပါတယ်။ တကယ်တော့ ဒါဟာ စဉ်းစဉ်းစားစား လုပ်တတ်တဲ့ သမ္မတမျိုးဆိုရင်တော့ လုပ်ချင်မှ လုပ်မယ့်ကိစ္စလို့ ပြောရမှာပါပဲ။ ဒါပေမယ့် နိုင်ငံရေးသမား မဟုတ်တဲ့ ဒေါ်နယ်လ်ထရမ့်ကတော့ ခပ်ပြတ်ပြတ်ပဲ အမိန့်ပေးခဲ့တဲ့အတွက် ထိတ်လန့်တုန်လှုပ်စရာ ဖြစ်သွားခဲ့ရပါတယ်။ ဒါပေမယ့် ဒီလို နိုင်ငံနဲ့ချီပြီး အရေးကြီးတဲ့ တိုက်ခိုက်မှုမျိုးကို သမ္မတ တယောက်တည်း သူ့သဘောနဲ့ သူ ဆုံးဖြတ်တာမျိုး မရှိပါဘူး။ အနည်းဆုံး အမျိုးသားလုံခြုံရေး အကြံပေးအရာရှိ၊ အမေရိကန် ဗဟိုထောက်လှမ်းရေး (CIA) အကြီးအကဲနဲ့ ကာကွယ်ရေးဝန်ကြီး စသူတွေနဲ့ တိုင်ပင်ဆွေးနွေးပြီးမှသာ ဒီလို ဆုံးဖြတ်ချက်မျိုးကို ချမှတ်လေ့ရှိတာပါ။ ဒါဟာ ဒီမိုကရေစီနိုင်ငံတခုရဲ့ လုပ်ထုံးလုပ်နည်း ဖြစ်ပါတယ်။ အဲဒီတော့ ဆီးရီးယားနိုင်ငံ အစိုးရ ထိန်းချုပ်တဲ့ လေဆိပ်တခုကို ဒါဇင်နဲ့ချီတဲ့ ခရုစ် ဒုံးကျည်တွေနဲ့ ပစ်ခတ်တာ၊ အာဖဂန်နစ္စတန်က အိုင်အက်စ် အခြေစိုက်စခန်းကို အားအပြင်းဆုံး သမားရိုးကျဗုံးမိခင်ဗုံးကြီးသုံးပြီး တိုက်ခိုက်တာတွေဟာ သမ္မတ တယောက်တည်း စိတ်ရူးပေါက်ပြီး အမိန့်ပေးခဲ့တာ မဟုတ်ပါဘူး။ သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ သဘောတူညီချက်နဲ့မှသာ လုပ်လို့ရတဲ့ လုပ်ရပ်တွေ ဖြစ်ပါတယ်။အမေရိကန်နိ်ုင်ငံက အဓိကပြိုင်ဘက် ပါတီကြီး ၂ ခုမှာ အများရဲ့ နားလည်လက်ခံထားမှုအရ ရီပတ်ဗလစ်ကန်ပါတီရဲ့ ခေါင်းဆောင်တွေဟာ သိန်း(Hawk) တွေ များတယ်လို့ ဆိုပါတယ်။ တိုက်ခိုက်ချေမှုန်းလိုသူတွေ ဖြစ်တယ်လို့ ပြောတာပါပဲ။ ခု သမ္မတသစ် ဒေါ်နယ်လ်ထရမ့် ဆိုတာကလည်း ရီပတ်ဗလစ်ကန်ပါတီက သမ္မတ ဖြစ်ပါတယ်။ သူ့မှာလည်း ဒီအမြင်ရှိမယ်လို့ ယူဆရသလို သူ့ကို ဝိုင်းရံထားတဲ့ သူတွေမှာလည်း ဒီလို စိတ်အခြေခံတွေရှိကြမှာကတော့ အသေအချာပဲ ဖြစ်ပါတယ်။ဒါကြောင့်ပဲ ပြဿနာစဖြစ်တာနဲ့ နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင် သင်္ဘောကြီး ကားလ်ဗင်ဆင်နဲ့ တိုက်ခိုက်ရေး ရေယာဉ်အုပ်စုကို ကိုရီးယားကျွန်းဆွယ်ဆီကို စေလွှတ်ခဲ့လို့ မြောက်ကိုရီးယားက သူတို့တော့ အမေရိကန်ရဲ့ စတင်တိုက်ခိုက်တာ မခံဘူး၊ သူတို့က လက်ဦးအောင် တိုက်ခိုက်ရလိမ့်မယ်လို့ ခပ်တင်းတင်း သတိပေးတုံ့ပြန်ခဲ့ပါတယ်။ကျနော်တို့လည်း ဟန်ပြ မြန်မာသင်္ကြန်ကိုတောင် အာရုံမထားနိုင်ဘဲ ဘယ်တော့များ၊ ဘယ်ဘက်က စပြီး ပစ်ခတ်တိုက်ခိုက်လေမလဲလို့ ရင်တမမ စောင့်ကြည့်နေခဲ့ရတာပါ။ ဒါပေမယ့် ၄၈ နာရီအတွင်း၊ ၇၂ နာရီအတွင်း စတဲ့ ခန့်မှန်းမှုတွေဟာ ခု ကျနော် ဒီဆောင်းပါး ရေးတဲ့အချိန်အထိ ဖြစ်လာတာ မတွေ့ရသေးပါဘူး။ တရုတ်နိုင်ငံကတော့ ဆိုင်နေတဲ့ နိုင်ငံတွေအနေနဲ့ ပြန်ပြီးဆွေးနွေး အဖြေရှာကြဖိို့၊ လက်မလွန်ကြဖို့ သတိပေးနေပါတယ်။ ခပ်မိုက်မိုက် ပြောတတ်တဲ့ ရုရှားနိုင်ငံကတောင် မဖြစ်သင့်တာ မဖြစ်၊ ပြန်ပြင်လို့ မရတော့တဲ့ အခြေအနေမျိုး မဖြစ်ခင် သတိနဲ့ စဉ်းစဉ်းစားစား ဖြေရှင်းကြဖို့ ပြောလာခဲ့ပါတယ်။တကယ်လို့များ အမေရိကန် ရေတပ်သင်္ဘောအုပ်စု ကိုရီးယားကျွန်းဆွယ် ရောက်တာနဲ့ မြောက်ကိုရီးယားနိုင်ငံက စပြီး သူ့ရဲ့ဒုံးကျည်တွေနဲ့ လက်ဦးအောင် တိုက်ခိုက်မယ်၊ အမေရိကန် ရေတပ်သင်္ဘောတွေကလည်း သူတို့ရဲ့ စွမ်းအားကြီးမားတဲ့ တိုက်ခိုက်ရေး လက်နက်တွေနဲ့ တုံ့ပြန်တိုက်ခိုက်မယ်ဆိုရင်တော့ အနိမ့်ဆုံး အပြစ်မဲ့တဲ့ ကိုရီးယားပြည်သူတွေ အတိဒုက္ခရောက်ကြ၊ သေကျေ ပျက်စီးကြရမှာ ဖြစ်သလို အမေရိကန်ပြည်သူလူထုရဲ့ အခြေအနေကလည်း တိုက်ချင်းပစ်ဒုံးကျည်တွေ အချိန်မရွေး ကျရောက် ပေါက်ကွဲ သေကျေ ဒဏ်ရာရနိုင်စရာ ဖြစ်နေပါတယ်။မြောက်ကိုရီးယား ပိုင်ဆိုင်ထားတဲ့ အစွမ်းထက်ဒုံးကျည်တွေကိုလည်း လျှော့တွက်လို့ မရပါဘူး။ နောက်ဆုံး နျူကလီးယား လက်နက်သုံးလာပြီဆိုရင်တော့ အရင်တုန်းက “ကောင်ကလေး” ဗုံးလိုမျိုး မဟုတ်တော့တဲ့ ဒီထက်အဖျက်စွမ်းအား ကြီးမားတဲ့ ဗုံးတွေ ဖြစ်နေကြတော့ ဘယ်ဘက်ကမဆို အပျက်အင်္စီး အထိအခိုက် များကြမှာကတော့ အသေအချာပါပဲ။ဒီကိစ္စက ကောင်းဘွိုင်းကားတွေထဲကလို နှစ်ယောက်တည်း သေနတ်ချင်း ယှဉ်ပစ်ကြတဲ့ကိစ္စ မဟုတ်တဲ့အတွက် သက်ဆိုင်ရာနိုင်ငံတွေ ကုလ အပါအဝင် နိုင်ငံတကာက ဝိုင်းဝန်းဖျောင်းဖျ တားဆီးကြရမယ့် ကိစ္စပါ။ တကယ်လို့ နှစ်ယောက်တည်း သေနတ်ချင်း ယှဉ်ပစ်ချင်တယ်ဆိုရင်တော့ လွှတ်ပေးလိုက်ကြရုံပါပဲ။ နှစ်ယောက်စလုံးက သူမသာ၊ ကိုယ် အသုဘဖြစ်နေကြတဲ့အတွက် လက်ခုပ်တီးပေးလိုက်ကြရုံပဲ လုပ်လို့ရမှာပါ။စိုးနေလင်း

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...