ဘဝ ဆိုတာအမြဲအဆင်ပြေတာမျိုးကြီးမရှိပါဘူး

အခု လက်ရှိဖြစ်နေရတဲ့အရာတွေက
အတိတ်ကံကြောင့်ပါ။
ကိုယ်ပေးဆပ်ရမယ့် ဝဋ်ကြွေးရှိရင်ရှောင်လွှဲမရအောင်ကို ကိုယ့်နားကထပ်ကြပ်မကွာလိုက်လာပြီးဆပ်ခိုင်း
တတ်တယ်။
လူတိုင်းလူတိုင်းမှာ ” အတိတ်ရဲ့ကံ “နဲ့
လက်ရှိ ပစ္စုပ္ပန် ရဲ့ ” အနာဂတ်ကံ “ဆိုတာ
ရှိထားပြီးသားပါ
ကိုယ့်အတိတ်ကံမကောင်းခဲ့ဘူးဆိုရင်တောင်
လက်ရှိ ပစ္စုပ္ပန် မှာအနာဂတ်အတွက်
ပြင်ဆင်ချိန်အများကြီးရပါတယ်။
လက်ရှိပစ္စုပ္ပန်မှာကောင်းအောင်နေရင်
ကိုယ့်ရဲ့အနာဂတ်ကတောက်ပနေမှာ
အသေအချာပါပဲ။
ကိုယ်ကတော့ ဗုဒ္ဓဘာသာ ဝင်တဦးဖြစ်တဲ့အတွက်
ကံကံရဲ့အကျိုးကိုယုံတယ်။
ကောင်းတာလုပ်ရင် ” ကောင်းတာ ” ဖြစ်မယ်။
မကောင်းတာလုပ်ရင် “မကောင်းတာ “ဖြစ်မယ်။
ကိုယ်ကောင်းတာလုပ်နေရင်း
အဆိုးတွေကြုံနေရသေးလို့ ဘယ်အချိန်အကျိုးပေးမလဲမမေးနဲ့
အကျိုးပေးမယ့်အချိန်တန်ရင်အကျိုးပေးလိမ့်မယ်။
အရာရာတိုင်းက ကိုယ်စိုက်ပျိုးသမျှကိုယ်ရိတ်သိမ်းရမှာပဲလေ။
အရာရာတိုင်းက
အကြောင်းရှိလို့ အကျိုးဖြစ်လာတာ
ကိုယ့်ဘဝမှာဘယ်လိုအရာတွေပဲကြုံလာကြုံလာ
ဘယ်သူကိုမှအပြစ်တင်စရာမလိုဘူး။
အရာရာတိုင်းမှာကိုယ်ကိုတိုင်ကသာ ကိုယ့်ဘဝကိုထုဆစ်ခွင့်ရှိတဲ့ ဘဝရဲ့ပန်းပုဆရာတယောက်ပါပဲ။
အရာရာကိုအကောင်းစိတ်နဲ့ပဲမြင်ကြည့်
လောကကြီးကပိုပြီးသာယာလှပနေတာကို
တွေ့မြင်ရလိမ့်မယ်။
ကိုယ့်ဘက်ကကောင်းတာတွေလုပ်နေသ၍
ကောင်းတဲ့အရာတွေပဲကိုယ့်ဆီရောက်လာလိမ့်မယ်
မယုံမရှိနဲ့နော်
ဘဝ မှာဆုံးရှုံးမှုတွေကြုံလာရတိုင်း
ဘယ်တော့မှ အရှုံးမပေးဘူး
အရာရာကိုလက်လျော့လိုက်မိရင်
ကိုယ့်ဘဝဒီထက်ပိုဆုတ်ယုတ်သွားလိမ့်မယ်ဆိုတာ
အမြဲခေါင်းထဲထည့်ထားတယ်။
အဲ့ဒီ့အတွက်ဘေးလူဝမ်းသာတဲ့အလုပ်မလုပ်ဘူး
တခါတခါ….
ဒဏ်ရာတွေနဲ့ဆုံးရှုံးမှုတွေကြုံလာရတိုင်း
ကိုယ့်ဘဝကိုယ်ဒီ့ထက်ပိုတိုးတက်အောင်ကြိုးစားတယ်။
ဒီ့ထက်ပိုပျော်ရွှင်အောင်ဖန်တီးတယ်။
ကိုယ့်လိုအပ်ချက်တွေကို
ပိုပြည့်စုံလာအောင်ဖြည့်စွက်ပြင်ဆင်နေတယ်။
အဲ့ဒီ့အတွက်
ကိုယ့်ကြိုးစားမှုရယ် ကံတရား က
မျက်နှာသာပေးလိုက်တဲ့အချိန်မှာ
ရလဒ်က…..
အနှစ်ပါတဲ့ပျော်ရွှင်မှုတွေပိုင်ဆိုင်လာတယ်
ဘဝ တွေပိုခိုင်မာလာတယ်။
အနာဂတ်တွေပိုတောက်ပလာတယ်။
အရာရာတိုင်းကလေးနက်လာတယ်။
ဘဝဆိုတာတစ်နေ့ထက်တစ်နေ့နေရတာ
ပိုပြီးအဓိပ္ပါယ်ရှိလာပါတယ်။
အဲ့တော့သင့် ဘ၀ ရဲ့ပဲ့ကိုင်ရှင် ကတော့သင်ကိုယ်တိုင်ပါပဲ။
Credit : Sinphyutaw 

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...