အမျိုးသမီးတစ်ဦးကို ပါးစပ်အဝတ်ပိတ် သိုင်းဖက်ခဲ့သူ မိသားစုနိုး၍ ဖမ်းဆီးခံရ


မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ကျေးရွားအုပ်စု စပ္ပနဂိုရ်ကျေးရွာရှိ အမျိုးသမီးတစ်ဦး၏ နေအိမ်တစ်အိမ်ကို အမျိုးသားတစ်ဦး ဝင်ရောက် ကျုးကျော်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း စပ္ပနဂိုရ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းက ပြောသည်။ကျေးရွာ နေအိမ် အိပ်ခန်းနှင့်တွဲလျှက် မြောက်ဘက် မီးဖိုချောင်အတွင်း ဧပြီလ ၂၈ ရက် နံနက် ၃ နာရီအချိန်ခန့်က ဈေးရောင်းရန် ပြင်ဆင်နေသော မခင်မျိုးခိုင်ကို တစ်ရွာတည်းနေသူ ပြည့်ဖြိုးမောင်မှ နေအိမ်အတွင်းသို့ ဝင်ရောက်၍ ပါးစပ်ကို အဝတ်နှင့်ပိတ်ကာ သိုင်းဖက်ခဲ့ကြောင်း ၎င်းကဆိုသည်။“ဈေးရောင်းဖို့ ကောက်ညှင်းပေါင်းအိုး တည်နေတာ အနောက်က လူဝင်လာသံကြားလို့ လှည့်ကြည့်တဲ့အချိန် ပြည့်ဖြိုးမောင်က ပါးစပ်ကို အဝတ်စနဲ့ ပိတ်ပြီး သိုင်းဖက်ခဲ့တာပါ”ဟု တိုင်တန်းခဲ့သူ ကာယကံရှင် မခင်မျိုးခိုင်က ပြောသည်။ဤသို့ အဝတ်ဖြင့် ပါးစပ်ပိတ် သိုင်းဖက်ခဲ့စဉ် ရုန်းကန်ရာပါးစပ်ကို ပိတ်ဆို့ထားသည့် အဝတ်လွတ်သွားချိန်တွင် ဖခင်ဖြစ်သူနှင့်မောင်ဖြစ်သူကို အော်ဟစ် အကူအညီ တောင်းခံခဲ့သည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။“သမီးက အဖေ အဖေလို့ အော်လိုက်တဲ့အချိန် သား၊ မိန်းမနဲ့ ကျွန်တော်လည်း နိုးပြီး မီးဖိုချောင်အခန်းမှာ ဒီကောင်ကို ဖမ်းဆီးပြီး ကျေးရွာအုပ်ချုပ်ရေးမှူးကို ခေါ်အပ်ခဲ့တာပါ”ဟု ဖခင်ဖြစ်သူ ဦးသောင်းမင်းကလည်း ဆိုသည်။အဆိုပါ နေအိမ်သို့ ဝင်ရောက်ခဲ့သူ ပြည့်ဖြိုးမောင် (အသက် ၂၇ နှစ်) ကို (ပ) ၉၆/ ၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၄၅၆/၃၅၃ ရေးဖွင့်၍ ယနေ့ (ဧပြီလ ၂၉ ရက်) နံနက်ပိုင်း အချိန်က ဖမ်းဆီးပြီး အမှုဖြစ်စဉ် အသေးစိပ်ကို လက်ခံ စစ်ဆေးလျက်ရှိသည်ဟု သပိတ်ကျင်းမြို့မ ရဲစခန်းရဲအုပ်မြတ်ကျော်ဦးက ပြောသည်။
thevoicemyanmar

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...