သရဲလိုဟန္ေဆာင္ၿပီး ကားမ်ားလမ္းေခ်ာ္တိမ္းေမွာက္ေအာင္ ေျခာက္လွန္႔ေနသူကို ဖမ္းဆီးမိ



နဂါးတြန္႔ တံခါးႏွင့္ ေမွာ္ဇာ လမ္းဆံု အၾကား ေဖေဖာ္ဝါရီ တစ္ရက္ေန႔က ဆိုင္ကယ္ အက္စီးဒန္႔ ျဖစ္ေသာ ေနရာတြင္ ေျခာက္လွန္႔မႈ႐ွိေနေၾကာင္း သတင္းမ်ား ထြက္ေနပါသည္။ ည ၁၁း၀၀/ ၁၂း၀၀ သန္းေခါင္ယံအခ်ိန္မ်ားတြင္ အခင္းျဖစ္ပြားရာေနရာ အနီး လမ္းေဘးတြင္ မတ္တပ္ရပ္ေနျခင္း၊ ထိုင္ေနျခင္း အစ႐ွိသျဖင့္ ေျခာက္လွန္႔သည့္ပံုစံမ်ား ေတြ႕ရသည္ဟု ေျပာဆိုသံမ်ား ထြက္ေနပါသည္။ အမွန္မွာ လူတစ္ဦးမွ မ်က္ႏွာတြင္ ေဆးအနက္မ်ားျခယ္ကာ၊ အကႌ်အနက္၀တ္၍၊ လြယ္အိတ္တစ္အိတ္လြယ္ကာ လမ္းသြား လမ္းလာ ခရီးသြား ယာဥ္မ်ားကို အရိပ္အေယာင္ျပ၍ ေျခာက္လွန္႔လ်က္႐ွိျခင္းသာ ျဖစ္ပါသည္။

၎အား မေန႔ ည ၁၆-ေဖေဖာ္ဝါရီ-၂၀၁၇ (ၾကာသပေတးေန႔) ၁၁း၅၃ အခ်ိန္တြင္ အဆိုပါ ေနရာအား ဆရာဦးသန္႔ေအာင္စိုး၊ ဆရာဦးေသာ္ဇင္ၿဖိဳးႏွင့္ မိတ္ေဆြ (၂) ဦးတို႔ ကားျဖင့္ျဖတ္သန္းလာစဥ္ေျခာက္လွန္႔သည္ကို ႀကံဳေတြ႕ရပါသည္။ ၎၏ လက္ထဲမွ ဓားတစ္လက္လည္း သိမ္းဆည္းရမိခဲ့ပါသည္။ သို႔ျဖစ္၍ ေျခာက္လွန္႔မႈ႐ွိေနျခင္းမွာ  ေကာလဟလ သာျဖစ္ပါသည္။ အဆိုပါေနရာမွာ လူျပတ္ေသာေနရာျဖစ္ေသာေၾကာင့္ မသမာသူမ်ား၏ ေျခာက္လွန္႔ေႏွာင့္ယွက္မႈေၾကာင့္ ဆိုင္ကယ္/ ကား မ်ား လမ္းေခ်ာ္တိမ္းေမွာက္ခဲ့ပါက လုယက္မႈအႏၲရာယ္ အလြန္မ်ားပါသည္။ သို႔ျဖစ္ပါ၍ ညပိုင္း သြားစရာ လာစရာ႐ွိပါက သတိထားသြားလာၾကဖို႔ တိုက္တြန္းအပ္ပါသည္။

 Aung Kyaw
====
Unicode
နဂါးတွန့် တံခါးနှင့် မှော်ဇာ လမ်းဆုံ အကြား ဖေဖော်ဝါရီ တစ်ရက်နေ့က ဆိုင်ကယ် အက်စီးဒန့် ဖြစ်သော နေရာတွင် ခြောက်လှန့်မှုရှိနေကြောင်း သတင်းများ ထွက်နေပါသည်။ ည ၁၁းဝ၀/ ၁၂းဝ၀ သန်းခေါင်ယံအချိန်များတွင် အခင်းဖြစ်ပွားရာနေရာ အနီး လမ်းဘေးတွင် မတ်တပ်ရပ်နေခြင်း၊ ထိုင်နေခြင်း အစရှိသဖြင့် ခြောက်လှန့်သည့်ပုံစံများ တွေ့ရသည်ဟု ပြောဆိုသံများ ထွက်နေပါသည်။ အမှန်မှာ လူတစ်ဦးမှ မျက်နှာတွင် ဆေးအနက်များခြယ်ကာ၊ အင်္ကျီအနက်ဝတ်၍၊ လွယ်အိတ်တစ်အိတ်လွယ်ကာ လမ်းသွား လမ်းလာ ခရီးသွား ယာဉ်များကို အရိပ်အယောင်ပြ၍ ခြောက်လှန့်လျက်ရှိခြင်းသာ ဖြစ်ပါသည်။

၎င်းအား မနေ့ ည ၁၆-ဖေဖော်ဝါရီ-၂၀၁၇ (ကြာသပတေးနေ့) ၁၁း၅၃ အချိန်တွင် အဆိုပါ နေရာအား ဆရာဦးသန့်အောင်စိုး၊ ဆရာဦးသော်ဇင်ဖြိုးနှင့် မိတ်ဆွေ (၂) ဦးတို့ ကားဖြင့်ဖြတ်သန်းလာစဉ်ခြောက်လှန့်သည်ကို ကြုံတွေ့ရပါသည်။ ၎င်း၏ လက်ထဲမှ ဓားတစ်လက်လည်း သိမ်းဆည်းရမိခဲ့ပါသည်။ သို့ဖြစ်၍ ခြောက်လှန့်မှုရှိနေခြင်းမှာ  ကောလဟလ သာဖြစ်ပါသည်။ အဆိုပါနေရာမှာ လူပြတ်သောနေရာဖြစ်သောကြောင့် မသမာသူများ၏ ခြောက်လှန့်နှောင့်ယှက်မှုကြောင့် ဆိုင်ကယ်/ ကား များ လမ်းချော်တိမ်းမှောက်ခဲ့ပါက လုယက်မှုအန္တရာယ် အလွန်များပါသည်။ သို့ဖြစ်ပါ၍ ညပိုင်း သွားစရာ လာစရာရှိပါက သတိထားသွားလာကြဖို့ တိုက်တွန်းအပ်ပါသည်။

 Aung Kyaw

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...