သႀကၤန္လည္ပတ္တဲ့ကားတစ္စီး စီးပြားေရးတကၠသိုလ္နားမွာ တိမ္းေမွာက္


စီးပြါးေရးတကၠသိုလ္ (လႈိင္နယ္ေျမ) နားမွာ ယေန႔ ေန႔လည္ ၂နာရီခြဲက သႀကၤန္လည္ပတ္တဲ့ကားတစ္စီး အရွိန္ျပင္းစြာေမာင္းႏွင္တဲ့ အတြက္ တိမ္းေမွာက္ခဲ့တယ္လို႔ သိရပါတယ္။
“ကားေပၚမွာ ပါလာတဲ့ သူေတြ အကုန္လံုးကေတာ့ အခု ရန္ကုန္ေဆးရံုႀကီးမွာ တင္ထားရပါတယ္ ” လို႔
အေရးေပၚကူညီကယ္ဆယ္ေရးနဲ႔ လူမႈအေထာက္အကူျပဳ ဖြံ႕ၿဖိဳးေရးအသင္းမွ ကိုဇြဲရန္ႏိုင္ က ေျပာပါတယ္။
ျဖစ္စဥ္မွာ အင္းယားလမ္းေထာင့္နဲ႔ စီးပြါးေရးတကၠသိုလ္(လႈိင္နယ္ေျမ) နားမွာ ယာဥ္ေကြ႕တာ အရွိန္မထိန္းႏိုင္ဘဲ တိမ္းေမွာက္ခဲ့တာ ျဖစ္ပါတယ္။
ကားေပၚမွာ သႀကၤန္လည္ပတ္သူ ၉ေယာက္ပါလာၿပီး လူႀကီး၄ေယာက္ ကေလး ၅ေယာက္ပါလာတယ္လို႔ သိရပါတယ္။ အမ်ိဳးသမီး တစ္ဦးနဲ႔ အမ်ိဳးသားတစ္ဦးကေတာ့ ေခါင္းကြဲဒဏ္ရာရရွိခဲ့ၿပီး က်န္သူေတြကေတာ့ ပြန္းပဲ့ဒဏ္ရာေတြ ရရွိခဲ့တယ္လို႔ သိပါရတယ္။
ေအာင္ေလး
Photo – ကိုဇြဲရန္ႏိုင္


စီးပွါးရေးတက္ကသိုလ် (လှိုင်နယ်မြေ) နားမှာ ယနေ့ နေ့လည် ၂နာရီခွဲက သင်္ကြန်လည်ပတ်တဲ့ကားတစ်စီး အရှိန်ပြင်းစွာမောင်းနှင်တဲ့ အတွက် တိမ်းမှောက်ခဲ့တယ်လို့ သိရပါတယ်။
“ကားပေါ်မှာ ပါလာတဲ့ သူတွေ အကုန်လုံးကတော့ အခု ရန်ကုန်ဆေးရုံကြီးမှာ တင်ထားရပါတယ် ” လို့
အရေးပေါ်ကူညီကယ်ဆယ်ရေးနဲ့ လူမှုအထောက်အကူပြု ဖွံ့ဖြိုးရေးအသင်းမှ ကိုဇွဲရန်နိုင် က ပြောပါတယ်။
ဖြစ်စဉ်မှာ အင်းယားလမ်းထောင့်နဲ့ စီးပွါးရေးတက္ကသိုလ်(လှိုင်နယ်မြေ) နားမှာ ယာဉ်ကွေ့တာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။
ကားပေါ်မှာ သင်္ကြန်လည်ပတ်သူ ၉ယောက်ပါလာပြီး လူကြီး၄ယောက် ကလေး ၅ယောက်ပါလာတယ်လို့ သိရပါတယ်။ အမျိုးသမီး တစ်ဦးနဲ့ အမျိုးသားတစ်ဦးကတော့ ခေါင်းကွဲဒဏ်ရာရရှိခဲ့ပြီး ကျန်သူတွေကတော့ ပွန်းပဲ့ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိပါရတယ်။
အောင်လေး
Photo – ကိုဇွဲရန်နိုင်

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...