တာေမြၿမိဳ႕နယ္ ေမတၱာၫြန္႔ရပ္ကြက္ မာလာႏြယ္လမ္းရိွ ေအာင္စည္းဇိမ္လၻက္ရည္ဆုိင္အတြင္သုိ႔ သၾကၤန္အၾကိဳေန႔( ဧၿပီ ၁၃) ည ၁၁ နာရီခြဲခန္႔က ကားတစီးဝင္တုိက္ခဲ့ေၾကာင္း သတင္းရရိွသည္။
ယာဥ္တုိက္မႈ ျဖစ္ပြားခ်ိန္တြင္ အနီးပတ္ဝန္းက်င္ရိွ ျပည္သူမ်ားက ယာဥ္ေမာင္းျဖစ္သူအား ကားအတြင္းမွ ဆဲြထုတ္ခဲ့ရၿပီး ယာဥ္ေမာင္းမွာလည္း အရက္ေသစာေသာက္စားထားေၾကာင္း မ်က္ျမင္ၾကံဳေတြ႔ရသူတစ္ဦးကေျပာသည္။
"ဒဏ္ရာရတာေတာ့ မေတြ႔မိဘူး။ လူကေတာ့ ေတာ္ေတာ္မေနတဲ့ပုံပဲ''ဟု ၄င္းကေျပာသည္။
ယာဥ္တုိက္မႈ ျဖစ္ပြားသည့္ေနရာသုိ႔ သက္ဆုိင္ရာ ရဲတပ္ဖဲြ႔ဝင္မ်ား၊ ယာဥ္မႈစစ္မ်ားေရာက္ရိွလာၿပီး ေခၚယူစစ္ေဆးခဲ့ျပီး အနီးပတ္ဝန္းက်င္ရိွ ျပည္သူအခ်ဳိ႕၏ ေျပာျပခ်က္အရ အဆုိပါယာဥ္ေမာင္းသည္ ကားဝပ္ေ႐ွာ့ ဝန္ထမ္းတဦးျဖစ္ၿပီး ဝပ္ေရွာ့ပုိင္႐ွင္ ခရီးထြက္ေနစဥ္ ပုိင္႐ွင္၏ Crown Royal Saloon ကားကုိ ယူေဆာင္ေမာင္းႏွင္စဥ္ ယာဥ္တုိက္မႈျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
ဆုိင္တြင္းရိွ စားသုံးသူမ်ား ထိခုိက္ဒဏ္ရာရရိွခဲ့ျခင္းမရိွခဲ့ေသာ္လည္း ေအာင္စည္းဇိမ္ဆုိင္အနီးရိွထုိင္ခုံတြင္ ထုိင္ေနေသာ လူငယ္တဦးမွာ ေျခေထာက္၊ ခါးနင့္ ဦးေခါင္းတုိ႔တြင္ အနည္းငယ္ရရိွခဲ့သည္။
လင္းလင္းေအာင္
တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် မာလာနွယ်လမ်းရှိ အောင်စည်းဇိမ်လ္ဘက်ရည်ဆိုင်အတွင်သို့ သင်္ကြန်အကြိုနေ့( ဧပြီ ၁၃) ည ၁၁ နာရီခွဲခန့်က ကားတစီးဝင်တိုက်ခဲ့ကြောင်း သတင်းရရှိသည်။
ယာဉ်တိုက်မှု ဖြစ်ပွားချိန်တွင် အနီးပတ်ဝန်းကျင်ရှိ ပြည်သူများက ယာဉ်မောင်းဖြစ်သူအား ကားအတွင်းမှ ဆွဲထုတ်ခဲ့ရပြီး ယာဉ်မောင်းမှာလည်း အရက်သေစာသောက်စားထားကြောင်း မျက်မြင်ကြုံတွေ့ရသူတစ်ဦးကပြောသည်။
"ဒဏ်ရာရတာတော့ မတွေ့မိဘူး။ လူကတော့ တော်တော်မနေတဲ့ပုံပဲ''ဟု ၄င်းကပြောသည်။
ယာဉ်တိုက်မှု ဖြစ်ပွားသည့်နေရာသို့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်မှုစစ်များရောက်ရှိလာပြီး ခေါ်ယူစစ်ဆေးခဲ့ပြီး အနီးပတ်ဝန်းကျင်ရှိ ပြည်သူအချို့၏ ပြောပြချက်အရ အဆိုပါယာဉ်မောင်းသည် ကားဝပ်ရှော့ ဝန်ထမ်းတဦးဖြစ်ပြီး ဝပ်ရှော့ပိုင်ရှင် ခရီးထွက်နေစဉ် ပိုင်ရှင်၏ Crown Royal Saloon ကားကို ယူဆောင်မောင်းနှင်စဉ် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဆိုင်တွင်းရှိ စားသုံးသူများ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိခဲ့သော်လည်း အောင်စည်းဇိမ်ဆိုင်အနီးရှိထိုင်ခုံတွင် ထိုင်နေသော လူငယ်တဦးမှာ ခြေထောက်၊ ခါးနင့် ဦးခေါင်းတို့တွင် အနည်းငယ်ရရှိခဲ့သည်။
လင်းလင်းအောင်
0 comments :
Post a Comment