ေကာင္မေလးကုိ(၇)ႏွစ္အထိအေခါင္းထဲထည့္ၿပီး အဓမၼက်င့္ခ်ိန္က်မွအျပင္ထုတ္တဲ့သူ
Colleen Stan လုိ႔ အမည္ရတဲ့ ေကာင္မေလးဟာ အသက္(20) အရြယ္မွာ လင္မယားႏွစ္ေယာက္ရဲ႕ ဖမ္းဆီးျခင္းကို ခံခဲ့ရပါတယ္။ ထုိစဥ္က 1977 ခုႏွစ္ ၀န္းက်င္ျဖစ္ၿပီး ထုိစဥ္က Colleen ဟာ တစ္ခုေသာ လမ္းေဘးကေန သူတုိ႔ရဲ႕ကားကုိ ကားႀကဳံစီးခြင့္ ေတာင္းခံခဲ့ျခင္း ျဖစ္ပါတယ္။ အဲဒီလင္မယားရဲ႕ နာမည္ဟာ Cameron နဲ႔ Janice တုိ႔ျဖစ္ၾကပါတယ္။ သူတုိ႔ဟာ ကေလးတစ္ေယာက္နဲ႔အတူ ခရီးတစ္ခုကုိ ထြက္ဖုိ႔ ျပင္ထားပုံရပါတယ္။ ဒါေပမယ့္ လမ္းတစ္ေနရာအေရာက္မွာ သူတုိ႔ရည္မွန္းထားတဲ့လမ္းမႀကီးကို ဆက္မသြားဘဲ တစ္ျခားေတာလမ္းတစ္ခုကို ႐ုတ္တရက္ ေရြးခ်ယ္လုိက္ၾကပါတယ္။ ေနာက္ Colleen ကုိ ႀကိဳေတြးနဲ႔တုပ္၊ ပါးစပ္ကို တိတ္နဲ႔ပတ္ၿပီး အတင္းအဓမၼ ဖမ္းဆီးေခၚေဆာင္ျခင္းကို ခံခဲ့ရပါတယ္။ အဲဒီေနာက္ ကယ္လီဖုိးနီးယားက ရက္ဒ္ကလစ္ရွိ ေနအိမ္ကို ေရာက္ခဲ့ၾကၿပီး Colleen ကုိ လူမဆန္တဲ့ ခ်ဳပ္ေႏွာင္မႈနဲ႔ ထိန္းသိမ္းခဲ့ပါတယ္။ လူေသအေခါင္းထဲမွာ အခ်ိန္ျပည့္ေနရၿပီး အဓမၼက်င့္ခ်ိန္နဲ႔၊ ႏွိပ္စက္ကလူ ျပဳခ်ိန္မွာသာ အျပင္ကို ထြက္ခြင့္ ေပးပါတယ္။ အဲဒီ အေခါင္းကိုလည္း Cameron က သူတုိ႔လင္မယား အိပ္ယာေအာက္မွာ ထားပါတယ္။ ဒီနည္းနဲ႔ Colleen ဟာ Cameron ရဲ႕ လိင္သားေကာင္တစ္ေယာက္ျဖစ္ခဲ့ရသလုိ၊ မထင္ရင္ မထင္သလုိ ႐ိုက္ႏွက္ ကန္ ေက်ာက္တာကုိလည္း ခံခဲ့ရပါတယ္။ ဇနီးျဖစ္သူ Janice ကေတာ့ မိန္းမခ်င္း ကိုယ္ခ်င္းစာၿပီး ေယာက္်ားကုိ ေၾကာက္လုိ႔သာ ဘာတစ္ခြန္းမွ မေျပာရဲခဲ့ပဲ ႀကိတ္မွိတ္ေနခဲ့ရပါတယ္။ Janice ကို္ယ္ႏႈိက္ကလည္း တစ္ခါတေလမွာ Cameron ရဲ႕ အ ျပင္းအထန္ ႐ုိက္ႏွက္ခံရေလ့ရွိပါတယ္။ ေနာက္ဆုံးေတာ့ Janice ဟာ ခင္ပြန္းျဖစ္သူရဲ႕ ယုတ္မာမႈေတြကို လုံး၀ သည္းမခံႏုိင္ေတာ့ပါဘူး။ ဒါေၾကာင့္ ခင္ပြန္းျဖစ္သူ Cameron အလစ္မွာ Colleen ကို ကယ္ထုတ္ခဲ့ပါတယ္။ အဲဒီအခ်ိန္မွာ 1984 ခုႏွစ္ အခ်ိန္ကို ေရာက္ေနၿပီျဖစ္ၿပီး အခ်ဳပ္ ေႏွာင္ခံရတာ (7)ႏွစ္ ျပည့္ေျမာက္ခဲ့ပါတယ္။ Cameron ဟာ ဒီလူမဆန္တဲ့ အမႈအတြက္ ေထာင္ဒဏ္ 104 ႏွစ္ က်ခံခဲ့ရပါတယ္။ ဒီျဖစ္ရပ္မွန္ အေၾကာင္းအရာေလးကို ေနာက္ခံျပၿပီး ႐ုပ္ရွင္႐ုိက္ကူးခဲ့ပါတယ္။ ဇာတ္ကားရဲ႕ နာမည္က Girl in the Box ျဖစ္ၿပီး လာမည့္စေနေန႔က စတင္ၿပီး အေမရိကန္မွာ မၾကာခင္ရုံတင္ျပသသြားမွာလုိ႔ သိရပါတယ္။
source : mirror.co.uk shwemom
Unicode
Colleen Stan လို့ အမည်ရတဲ့ ကောင်မလေးဟာ အသက်(20) အရွယ်မှာ လင်မယားနှစ်ယောက်ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ ထိုစဉ်က 1977 ခုနှစ် ဝန်းကျင်ဖြစ်ပြီး ထိုစဉ်က Colleen ဟာ တစ်ခုသော လမ်းဘေးကနေ သူတို့ရဲ့ကားကို ကားကြုံစီးခွင့် တောင်းခံခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီလင်မယားရဲ့ နာမည်ဟာ Cameron နဲ့ Janice တို့ဖြစ်ကြပါတယ်။ သူတို့ဟာ ကလေးတစ်ယောက်နဲ့အတူ ခရီးတစ်ခုကို ထွက်ဖို့ ပြင်ထားပုံရပါတယ်။ ဒါပေမယ့် လမ်းတစ်နေရာအရောက်မှာ သူတို့ရည်မှန်းထားတဲ့လမ်းမကြီးကို ဆက်မသွားဘဲ တစ်ခြားတောလမ်းတစ်ခုကို ရုတ်တရက် ရွေးချယ်လိုက်ကြပါတယ်။ နောက် Colleen ကို ကြိုတွေးနဲ့တုပ်၊ ပါးစပ်ကို တိတ်နဲ့ပတ်ပြီး အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံခဲ့ရပါတယ်။ အဲဒီနောက် ကယ်လီဖိုးနီးယားက ရက်ဒ်ကလစ်ရှိ နေအိမ်ကို ရောက်ခဲ့ကြပြီး Colleen ကို လူမဆန်တဲ့ ချုပ်နှောင်မှုနဲ့ ထိန်းသိမ်းခဲ့ပါတယ်။ လူသေအခေါင်းထဲမှာ အချိန်ပြည့်နေရပြီး အဓမ္မကျင့်ချိန်နဲ့၊ နှိပ်စက်ကလူ ပြုချိန်မှာသာ အပြင်ကို ထွက်ခွင့် ပေးပါတယ်။ အဲဒီ အခေါင်းကိုလည်း Cameron က သူတို့လင်မယား အိပ်ယာအောက်မှာ ထားပါတယ်။ ဒီနည်းနဲ့ Colleen ဟာ Cameron ရဲ့ လိင်သားကောင်တစ်ယောက်ဖြစ်ခဲ့ရသလို၊ မထင်ရင် မထင်သလို ရိုက်နှက် ကန် ကျောက်တာကိုလည်း ခံခဲ့ရပါတယ်။ ဇနီးဖြစ်သူ Janice ကတော့ မိန်းမချင်း ကိုယ်ချင်းစာပြီး ယောကျာ်းကို ကြောက်လို့သာ ဘာတစ်ခွန်းမှ မပြောရဲခဲ့ပဲ ကြိတ်မှိတ်နေခဲ့ရပါတယ်။ Janice ကိ်ုယ်နှိုက်ကလည်း တစ်ခါတလေမှာ Cameron ရဲ့ အ ပြင်းအထန် ရိုက်နှက်ခံရလေ့ရှိပါတယ်။ နောက်ဆုံးတော့ Janice ဟာ ခင်ပွန်းဖြစ်သူရဲ့ ယုတ်မာမှုတွေကို လုံးဝ သည်းမခံနိုင်တော့ပါဘူး။ ဒါကြောင့် ခင်ပွန်းဖြစ်သူ Cameron အလစ်မှာ Colleen ကို ကယ်ထုတ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ 1984 ခုနှစ် အချိန်ကို ရောက်နေပြီဖြစ်ပြီး အချုပ် နှောင်ခံရတာ (7)နှစ် ပြည့်မြောက်ခဲ့ပါတယ်။ Cameron ဟာ ဒီလူမဆန်တဲ့ အမှုအတွက် ထောင်ဒဏ် 104 နှစ် ကျခံခဲ့ရပါတယ်။ ဒီဖြစ်ရပ်မှန် အကြောင်းအရာလေးကို နောက်ခံပြပြီး ရုပ်ရှင်ရိုက်ကူးခဲ့ပါတယ်။ ဇာတ်ကားရဲ့ နာမည်က Girl in the Box ဖြစ်ပြီး လာမည့်စနေနေ့က စတင်ပြီး အမေရိကန်မှာ မကြာခင်ရုံတင်ပြသသွားမှာလို့ သိရပါတယ်။
source : mirror.co.uk shwemom
0 comments :
Post a Comment