ပိေတာက္ေရႊ၀ါဖူးမ႑ပ္ ၿပိဳက်


၁၅.၄.၂၀၁၇ ရက္ေန႔ ၁၈၄၅ အခ်ိန္ခန္႔တြင္ ဒဂံုၿမိဳ႕သစ္(ဆိပ္ကမ္း)ၿမိဳ႕နယ္၊ (၉၂)ရပ္ကြက္၊ ပဲခူးျမစ္လမ္းႏွင့္ ကၽြန္းေရႊ၀ါလမ္းမႀကီးေဘးရွိ ပိေတာက္ေရႊ၀ါဖူးမ႑ပ္ ၿပိဳက်မႈျဖစ္ပြားခဲ့ေၾကာင္း သိရွိရသည္
ယင္းသို႔ ျဖစ္ပြားစဥ္ ၎မ႑ပ္ျဖစ္ေျမာက္ေရးေကာ္မတီ ကိုယ္စားျပဳအဖဲြ႕မွ ယိမ္းအကျဖင့္ေဖ်ာ္ေျဖေနစဥ္ ျဖစ္ၿပီး ၎မ႑ပ္၏ ယာဘက္ျခမ္းရွိ သံစင္ျမင့္ ၁၀ ေပပတ္လည္ခန္႔ၿပိဳဆင္းသြားခဲ့ျခင္းျဖစ္ကာ မ႑ပ္ေပၚတြင္ ၾကည့္ရႈေနသူ ပရိတ္သတ္ (၁၅)ဦးခန္႔ေအာက္သို႔ က်သြားခဲ့ၿပီး အမ်ိဳးသမီး(၃)ဦးမွာ ေျခေထာက္ဒဏ္ရာ အနည္းငယ္ရရွိခဲ့သျဖင့္ သဃၤန္းကၽြန္းစံျပေဆးရံုးသို႔ ပို႔အပ္ေဆးကုသေပးခဲ့ေၾကာင္းႏွင့္ အဆိုပါ မ႑ပ္အား ယာယီပိတ္သိမ္းထားခဲ့ေၾကာင္း သတင္းရရွိပါသည္။

Yangon Police
https://www.facebook.com/yangonpolice



၁၅.၄.၂၀၁၇ ရက်နေ့ ၁၈၄၅ အချိန်ခန့်တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၉၂)ရပ်ကွက်၊ ပဲခူးမြစ်လမ်းနှင့် ကျွန်းရွှေဝါလမ်းမကြီးဘေးရှိ ပိတောက်ရွှေဝါဖူးမဏ္ဍပ် ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ယင်းသို့ ဖြစ်ပွားစဉ် ၎င်းမဏ္ဍပ်ဖြစ်မြောက်ရေးကော်မတီ ကိုယ်စားပြုအဖွဲ့မှ ယိမ်းအကဖြင့်ဖျော်ဖြေနေစဉ် ဖြစ်ပြီး ၎င်းမဏ္ဍပ်၏ ယာဘက်ခြမ်းရှိ သံစင်မြင့် ၁၀ ပေပတ်လည်ခန့်ပြိုဆင်းသွားခဲ့ခြင်းဖြစ်ကာ မဏ္ဍပ်ပေါ်တွင် ကြည့်ရှုနေသူ ပရိတ်သတ် (၁၅)ဦးခန့်အောက်သို့ ကျသွားခဲ့ပြီး အမျိုးသမီး(၃)ဦးမှာ ခြေထောက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့သဖြင့် သင်္ဃန်းကျွန်းစံပြဆေးရုံးသို့ ပို့အပ်ဆေးကုသပေးခဲ့ကြောင်းနှင့် အဆိုပါ မဏ္ဍပ်အား ယာယီပိတ်သိမ်းထားခဲ့ကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...