ကိုယ္၀န္ရျပီး လက္ထပ္ခါနီးမွ ေမာင္ႏွမ အရင္းျဖစ္မွန္းသိတဲ့ ခ်စ္သူစံုတြဲ


ေလာကၾကီးတခါတေလအရမ္းအံၾသဖုိ႔ ေကာင္းပါတယ္...။
ကိုယ္ရဲ့သူငယ္ခ်င္းတြလဲ ဒီလုိမျဖစ္ေစခ်င္ပါဘူး...
ကိုယ္ ခ်စ္ေတာမယ္ဆုိရင္ေသခ်ာစံုဖို႔ေတာလုိပါျပီ..။
 ေလာကၾကီးဟာ ဆန္းၾကယ္လြန္းတယ္... မရည္ရြယ္ေပမယ့္လည္း လူသားေတြကို အျပစ္ေတြက်ဴးလြန္မိေစတယ္။ တိုက္ဆိုင္မႈေတြကလည္း တခါတေလမွာ ထူးဆန္းလြန္းလွပါတယ္။

ဒီျဖစ္ရပ္မွာ ပါ၀င္တဲ့ စံုတြဲဟာ တျခား သာမန္ လူေတြလိုပါပဲ... တကၠသိုလ္မွာ ေက်ာင္းတက္ရင္း ႏွစ္ဦးသားေတြ႕ခဲ့ရာကေန ခ်စ္ၾကိဳက္မိျပီး ငါးႏွစ္ၾကာ အတူေနထိုင္ခဲ့ပါတယ္။ ေကာင္မေလးက ကိုယ္၀န္လြယ္ထားတာ ေနာက္လထဲ ေမြးဖြားရေတာ့မယ့္ အေျခအေနမွာ သူတို႔ႏွစ္ေယာက္ဟာ လက္ထပ္ဖို႔ ဆံုးျဖတ္လိုက္ၾကျပီး သူတို႔ဆီက ထံုးစံအတိုင္း မိဘခ်င္းေပးေတြ႔ျပီး လက္ထပ္ကိစၥစီစဥ္ဖို႔ လုပ္ခဲ့ၾကပါတယ္။ အဲဒီမွာပဲ သူတို႔ႏွစ္ေယာက္ဟာ ႏွစ္ေပါင္းမ်ားစြာ ကြဲကြာေနခဲ့ၾကတဲ့ ေမာင္ႏွမေတြမွန္း သိခဲ့ၾကရပါတယ္။

သူတို႔ႏွစ္ဦးစလံုးကို ယခုခ်ိန္ထိ မိဘတစ္ဦးစီက ေကြ်းေမြးေစာင့္ေရွာက္ခဲ့ၾကျပီး ေကာင္ေလးက သူ႔တို႔အေဖနဲ႔ ေကာင္မေလးက သူတို႔အေမနဲ႔ ၾကီးျပင္းခဲ့ၾကတာပါ။ သူတို႔ အေဖနဲ႔ အေမဟာ ေကာင္ေလး အသက္ ၂ႏွစ္ခန္႔အရြယ္၊ ေကာင္မေလး အသက္ ၈လအရြယ္ခန္႔မွာ အျငင္းပြားဖြယ္ လင္မယားကြဲကြာခဲ့ၾကျပီး အဲဒီတုန္းက အေဖျဖစ္သူက အေမျဖစ္သူကို သူ႔အေပၚလိမ္ညာေနတယ္လို႔ ေျပာျပီး ၁၉၈၃ခုႏွစ္ကတည္းက သူမကိုစြန္႔ခဲ့တယ္လို႔ ဆိုပါတယ္။ ေကာင္ေလးနဲ႔ ေကာင္မေလးႏွစ္ေယာက္လံုး သူတို႔မွာ ေမာင္ႏွမရွိခဲ့ၾကမွန္း လံုး၀ မသိခဲ့ပါဘူး...

သူတို႔ႏွစ္ေယာက္လံုး အခုခ်ိန္ထိ အံ့ၾသျပီး ေရွာ့ခ္ျဖစ္ေနတဲ့ အေနအထားမွာ ရွိေနတုန္းပါပဲ... ေကာင္မေလးက ရွင္းျပရာမွာ ကြ်န္မတို႔ႏွစ္ေယာက္ ျမင္ျမင္ခ်င္း ခ်စ္ၾကိဳက္ခဲ့တာပါ။ အဲအခ်ိန္ကစျပီး ကြ်န္မတို႔ ေရွ႕ေရးအတြက္ပဲ စဥ္းစားခဲ့ၾကျပီး ဘယ္ေတာ့မွ ေနာက္ျပန္ဆုတ္ဖို႔ မစဥ္းစားခဲ့ၾကပါဘူး.. ကြ်န္မတို႔ ကေလးေတြ အမ်ားၾကီးယူျပီး ေပ်ာ္ရႊင္စရာ မိသားစုေလးတစ္ခုကို ဖန္တီးဖို႔ ရိုးရိုးေလးပဲ စိတ္ကူးယဥ္ခဲ့ၾကပါတယ္။ အခုဒါကို သိလိုက္ရတဲ့အခ်ိန္မွာ ဘာေျပာလို႔ ဘာလုပ္ရမွန္းေတာင္ မသိေတာ့ေလာက္ေအာင္ ခံစားရပါတယ္။ ေကာင္ေလးကေတာ့ ကြဲကြာေနတဲ့ မိသားစုႏွစ္ခုနဲ႔ ဒီျပႆနာကို ျဖည္းျဖည္းခ်င္း ေျဖရွင္းသြားမယ္လို႔ ဆိုပါတယ္။ ေလာေလာဆယ္ေတာ့ လက္ထပ္ဖို႔ကိစၥကို လံုး၀ ဖ်က္ပစ္လိုက္ၾကပါျပီး...

သူတို႔လူမႈအဖြဲ႕အစည္းမွာေတာ့ ေသြးနီးခ်င္း ႏွီးေႏွာတာကို လံုး၀လက္မခံတတ္ပါဘူး... ဒါဟာ စဥ္းေတာင္မစဥ္းစားသင့္တဲ့ ကိစၥလို႔ ယံုၾကည္ထားတဲ့ လူေတြျဖစ္ပါတယ္။ ျဗိတိန္က ေဆးဂ်ာနယ္ရဲ႕ သုတသနမွာေတာ့ ဒီလိုကိစၥဟာ ေမာင္ႏွမအရင္း၊ တစ္၀မ္း ႏွစ္၀မ္းကြဲေမာင္ႏွမေတြ တစ္ေယာက္နဲ႔ တစ္ေယာက္ မသိၾကဘဲ ၾကီးလာမွ ျပန္ေတြ႕ၾကတဲ့အခါ ကာမရာဂနဲ႔ ခ်စ္ၾကိဳက္မိတဲ့ စိတ္ေတြ ျဖစ္ေပၚတတ္ၾကတယ္လို႔ ဆိုပါတယ္။ ဒီလို ေမာင္ႏွမနဲ႔ ၀မ္းကြဲအခ်င္းခ်င္း အတူၾကီးျပင္းခဲ့ရင္ေတာ့ ဒီစိတ္ေတြဟာ ေသြးခ်င္းႏွီးေႏွာလို႔ မသင့္ေတာ္ဘူးဆိုတဲ့ အသိစိတ္နဲ႔ ကာမရာဂစိတ္ေတြကို တြန္းလွန္ျပီးသား ျဖစ္သြားတယ္လို႔ ဒီသုေတသနက ဆိုပါတယ္။

ဒီကိစၥနဲ႔ ပက္သက္ျပီး ဒါကို သူတို႔က Genetic Sexual Attraction (GSA) လို႔ အမည္ေပးထားပါတယ္။ ေအာက္မွ အေသးစိတ္ ရွင္းျပထားပါတယ္။ ဘာသာေတာ့ မျပန္ေတာ့ဘူး... သတင္းဖတ္ျပီး ကိုယ္တိုင္လည္း အင္မတန္မွ ေရွာ့ခ္ရျပီး ေၾကာက္စရာေကာင္းတယ္လို႔ ျမင္ပါတယ္။ ကိုယ္ေတြ ဗုဒၶဘာသာအျမင္နဲ႔ဆိုရင္ ၀ဋ္ေၾကြးလို႔ပဲ ေျပာရမလားပါပဲ။
credit ..thadinatin
http://www.dailymail.co.uk/news/article-2057081


လောကကြီးတခါတလေအရမ်းအံသြဖို့ ကောင်းပါတယ်...။
ကိုယ်ရဲ့သူငယ်ချင်းတွလဲ ဒီလိုမဖြစ်စေချင်ပါဘူး...
ကိုယ် ချစ်တောမယ်ဆိုရင်သေချာစုံဖို့တောလိုပါပြီ..။
 လောကကြီးဟာ ဆန်းကြယ်လွန်းတယ်... မရည်ရွယ်ပေမယ့်လည်း လူသားတွေကို အပြစ်တွေကျူးလွန်မိစေတယ်။ တိုက်ဆိုင်မှုတွေကလည်း တခါတလေမှာ ထူးဆန်းလွန်းလှပါတယ်။

ဒီဖြစ်ရပ်မှာ ပါဝင်တဲ့ စုံတွဲဟာ တခြား သာမန် လူတွေလိုပါပဲ... တက္ကသိုလ်မှာ ကျောင်းတက်ရင်း နှစ်ဦးသားတွေ့ခဲ့ရာကနေ ချစ်ကြိုက်မိပြီး ငါးနှစ်ကြာ အတူနေထိုင်ခဲ့ပါတယ်။ ကောင်မလေးက ကိုယ်ဝန်လွယ်ထားတာ နောက်လထဲ မွေးဖွားရတော့မယ့် အခြေအနေမှာ သူတို့နှစ်ယောက်ဟာ လက်ထပ်ဖို့ ဆုံးဖြတ်လိုက်ကြပြီး သူတို့ဆီက ထုံးစံအတိုင်း မိဘချင်းပေးတွေ့ပြီး လက်ထပ်ကိစ္စစီစဉ်ဖို့ လုပ်ခဲ့ကြပါတယ်။ အဲဒီမှာပဲ သူတို့နှစ်ယောက်ဟာ နှစ်ပေါင်းများစွာ ကွဲကွာနေခဲ့ကြတဲ့ မောင်နှမတွေမှန်း သိခဲ့ကြရပါတယ်။

သူတို့နှစ်ဦးစလုံးကို ယခုချိန်ထိ မိဘတစ်ဦးစီက ကျွေးမွေးစောင့်ရှောက်ခဲ့ကြပြီး ကောင်လေးက သူ့တို့အဖေနဲ့ ကောင်မလေးက သူတို့အမေနဲ့ ကြီးပြင်းခဲ့ကြတာပါ။ သူတို့ အဖေနဲ့ အမေဟာ ကောင်လေး အသက် ၂နှစ်ခန့်အရွယ်၊ ကောင်မလေး အသက် ၈လအရွယ်ခန့်မှာ အငြင်းပွားဖွယ် လင်မယားကွဲကွာခဲ့ကြပြီး အဲဒီတုန်းက အဖေဖြစ်သူက အမေဖြစ်သူကို သူ့အပေါ်လိမ်ညာနေတယ်လို့ ပြောပြီး ၁၉၈၃ခုနှစ်ကတည်းက သူမကိုစွန့်ခဲ့တယ်လို့ ဆိုပါတယ်။ ကောင်လေးနဲ့ ကောင်မလေးနှစ်ယောက်လုံး သူတို့မှာ မောင်နှမရှိခဲ့ကြမှန်း လုံးဝ မသိခဲ့ပါဘူး...

သူတို့နှစ်ယောက်လုံး အခုချိန်ထိ အံ့သြပြီး ရှော့ခ်ဖြစ်နေတဲ့ အနေအထားမှာ ရှိနေတုန်းပါပဲ... ကောင်မလေးက ရှင်းပြရာမှာ ကျွန်မတို့နှစ်ယောက် မြင်မြင်ချင်း ချစ်ကြိုက်ခဲ့တာပါ။ အဲအချိန်ကစပြီး ကျွန်မတို့ ရှေ့ရေးအတွက်ပဲ စဉ်းစားခဲ့ကြပြီး ဘယ်တော့မှ နောက်ပြန်ဆုတ်ဖို့ မစဉ်းစားခဲ့ကြပါဘူး.. ကျွန်မတို့ ကလေးတွေ အများကြီးယူပြီး ပျော်ရွှင်စရာ မိသားစုလေးတစ်ခုကို ဖန်တီးဖို့ ရိုးရိုးလေးပဲ စိတ်ကူးယဉ်ခဲ့ကြပါတယ်။ အခုဒါကို သိလိုက်ရတဲ့အချိန်မှာ ဘာပြောလို့ ဘာလုပ်ရမှန်းတောင် မသိတော့လောက်အောင် ခံစားရပါတယ်။ ကောင်လေးကတော့ ကွဲကွာနေတဲ့ မိသားစုနှစ်ခုနဲ့ ဒီပြဿနာကို ဖြည်းဖြည်းချင်း ဖြေရှင်းသွားမယ်လို့ ဆိုပါတယ်။ လောလောဆယ်တော့ လက်ထပ်ဖို့ကိစ္စကို လုံးဝ ဖျက်ပစ်လိုက်ကြပါပြီး...

သူတို့လူမှုအဖွဲ့အစည်းမှာတော့ သွေးနီးချင်း နှီးနှောတာကို လုံးဝလက်မခံတတ်ပါဘူး... ဒါဟာ စဉ်းတောင်မစဉ်းစားသင့်တဲ့ ကိစ္စလို့ ယုံကြည်ထားတဲ့ လူတွေဖြစ်ပါတယ်။ ဗြိတိန်က ဆေးဂျာနယ်ရဲ့ သုတသနမှာတော့ ဒီလိုကိစ္စဟာ မောင်နှမအရင်း၊ တစ်ဝမ်း နှစ်ဝမ်းကွဲမောင်နှမတွေ တစ်ယောက်နဲ့ တစ်ယောက် မသိကြဘဲ ကြီးလာမှ ပြန်တွေ့ကြတဲ့အခါ ကာမရာဂနဲ့ ချစ်ကြိုက်မိတဲ့ စိတ်တွေ ဖြစ်ပေါ်တတ်ကြတယ်လို့ ဆိုပါတယ်။ ဒီလို မောင်နှမနဲ့ ဝမ်းကွဲအချင်းချင်း အတူကြီးပြင်းခဲ့ရင်တော့ ဒီစိတ်တွေဟာ သွေးချင်းနှီးနှောလို့ မသင့်တော်ဘူးဆိုတဲ့ အသိစိတ်နဲ့ ကာမရာဂစိတ်တွေကို တွန်းလှန်ပြီးသား ဖြစ်သွားတယ်လို့ ဒီသုတေသနက ဆိုပါတယ်။

ဒီကိစ္စနဲ့ ပက်သက်ပြီး ဒါကို သူတို့က Genetic Sexual Attraction (GSA) လို့ အမည်ပေးထားပါတယ်။ အောက်မှ အသေးစိတ် ရှင်းပြထားပါတယ်။ ဘာသာတော့ မပြန်တော့ဘူး... သတင်းဖတ်ပြီး ကိုယ်တိုင်လည်း အင်မတန်မှ ရှော့ခ်ရပြီး ကြောက်စရာကောင်းတယ်လို့ မြင်ပါတယ်။ ကိုယ်တွေ ဗုဒ္ဓဘာသာအမြင်နဲ့ဆိုရင် ဝဋ်ကြွေးလို့ပဲ ပြောရမလားပါပဲ။

credit ..thadinatin

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...