လူမႈကြန္ယက္ေပၚမွာေရာ အျပင္မွာပါ ပရိသတ္အသီးသီး ရွိေနၾကၿပီး ျဖစ္တဲ့ Myanmar Idol ၿပိဳင္ပြဲ၀င္ ႏွစ္ဦးကေတာ့ သားငယ္နဲ႔ ဘီလီလမင္းေအး တို႔ျဖစ္ပါတယ္...
ပရိသတ္ေတြ ရင္ခုန္စြာ ေစာင့္ေမွ်ာ္ေနၾကတဲ့ Myanmar Idol ဖိုင္နယ္ပြဲႀကီးကလည္း တစ္ရက္နဲ႔ တစ္ရက္ နီးကပ္လို႔လာခဲ့ပါၿပီ..။
ကိုယ္အားေပးတဲ့ ၿပိဳင္ပြဲ၀င္ကို က်ိန္းေသ Winner ျဖစ္မယ္လို႔ လူတိုင္းယံုၾကည္ထားၾကတဲ့ အခ်ိန္လည္းျဖစ္ေနပါတယ္...။ ၿပိဳင္ပြဲ၀င္ေတြကလည္း အေကာင္းေတြထဲက အေကာင္းဆံုးေတြပဲ က်န္ရွိေနတဲ ့ၿပိဳင္ပြဲ ၀င္ေတြျဖစ္ေနတဲ့ အတြက္ ၿပိဳင္ပြဲ၀င္ႏွစ္ဦးစလံုးကလည္း အင္မတန္မွ ခြဲရခက္ေနတဲ့ အခ်ိန္ကို ေရာက္ရွိလို႔ေနပါၿပီ...။
လာမယ့္ စေနေန႔မွာ က်င္းမမယ့္ Myanmar Idol ဖိုင္နယ္ အတြက္ သားငယ္ရဲ႕ အမာခံပရိသတ္တစ္ေယာက္ကေတာ့ အခုလို ေပၚတင္ မဲဆြယ္လိုက္ပါၿပီ...
"Myanmar Idol ဖိုင္နယ္ အတြက္ ေပၚတင္ မဲဆြယ္ပါၿပီ...
သားငယ္ Vs ဘီလီ ၿပိဳင္မယ့္ ဖိုင္နယ္အတြက္
ဘီလီ ကို ပုဂၢိဳလ္ေရး တိုက္ခိုက္မႈ personal Attack မပါဘဲ
သားငယ္ သာလွ်င္ winner အစစ္အမွန္
ျဖစ္သင့္ေၾကာင္းေလး ေျပာျပပါမယ္။
( မိတ္ေဆြနဲ႔ သေဘာထား မတူလို႔ ေရွ႕ဆက္မဖတ္လိုက
ဒီေနရာမွ လွည့္ျပန္ႏိုင္ပါတယ္)
ႏွစ္ေယာက္တည္း ၿပိဳင္ရမယ့္ ဖိုင္နယ္ ျဖစ္တဲ့အတြက္
ဘာမွေတြေဝေနစရာ မလိုဘဲ
တစ္ဖက္ဖက္ကို ရပ္တည္ေပးရမွာ ျဖစ္ပါတယ္။
သို႔ေသာ္ ဗုတ္မေပးဘဲလည္း ေနလိုက ေနႏိုင္ပါတယ္။
ဗုတ္ေပးမယ္ ဆိုရင္ေတာ့ ဒီအခ်က္ေလးေတြကို
စဥ္းစားဆံုးျဖတ္ၾကည့္ပါ။
သားငယ္ ဟာ top10 အဆင့္မွ ဒီေန႔ ဖိုင္နယ္အထိ
Bottom3 တခါမွ မထိုင္ခဲ့ရေသးတဲ့ တစ္ဦးတည္းေသာ
ထူးျခားတဲ့ ၿပိဳင္ပြဲဝင္ ပါ။
Rock သီခ်င္းေတြကို အပိုင္ႏိုင္ဆံုး၊ အားအသာဆံုး၊
အႀကိဳက္ႏွစ္သက္ဆံုး ဆိုေပမယ့္ သီခ်င္းအမ်ိဳးအစား
ေပါင္းစံု ယွဥ္ၿပိဳင္ရတဲ့ ၿပိဳင္ပြဲမွာ ေခတ္ေပါင္းစံုက
သီခ်င္းအမ်ိဳးအစားေပါင္းစံုကို အပိုင္အႏိုင္ ဆိုျပခဲ့ၿပီးပါၿပီ။
ဘယ္ကစမ္းစမ္း ညာကစမ္းစမ္း အသားခ်ည္းပါပဲ။
(ဝ ရွိတဲ့ လူကိုးဗ် 😜)
ဒါကိုမွ သားငယ္ ဘယ္ေန႔မွာ မေကာင္းဆံုးလဲလို႔
ေမးရင္ေတာ့ Blues သီခ်င္းေတြ ဆိုတဲ့ေန႔ လို႔ပဲ ေျဖရမွာပါ။
ဒါဟာလည္း ဦးညီထြဋ္ ရဲ႕ သီခ်င္းဟာ
ပ်က္စီးစုတ္ျပတ္သြားၿပီး နားေထာင္လို႔ မရေတာ့တဲ့
အေျခအေန မဟုတ္ခဲ့ပါဘူး။
ကီးယိုင္ျခင္း၊ တိုင္မင္မွားျခင္း၊ ႏုတ္မဝင္ျခင္းမ်ား
လံုးဝ မရွိခဲ့တာ ေသခ်ာပါတယ္။
မူရင္းသီခ်င္းကိုယ္တိုင္ကလည္း ဒီပံုစံ ျဖစ္ေနၿပီး
ယခင္အပတ္မ်ားႏွင့္ ယွဥ္၍ အားမရၾကျခင္း ျဖစ္ပါတယ္။
သီခ်င္းအမ်ိဳးအစားေပါင္းစံုကို ပီပီျပင္ျပင္ ဆိုႏိုင္တာ
ဒီ top10 မွာ သားငယ္၊ ပိုးမီ နဲ႔ ဇင္ႀကီး တို႔ပဲ ရွိပါတယ္။
မိတ္ကပ္မႀကိဳက္ေသာ သီခ်င္းမ်ား လို
တိုင္မင္စိပ္စိပ္မွာ စာသားေတြ ႁပြတ္သိပ္ထည့္ထားတဲ့
ရက္ေဂး အမ်ိဳးအစားမ်ိဳး၊
အသက္ရႉတိုင္မင္ မွားရံုနဲ႔ ဒုကၡေရာက္သြားမယ့္
ပဲ့ကိုင္ လို သီခ်င္းမ်ိဳး ေတြကို
အမွားအယြင္းကင္းစြာ ဆိုႏိုင္တာ သူ႔အရည္အခ်င္းပါ။
ေမဘရဏီ လို ဆိုတဲ့ မမမိုး သီခ်င္းဟာ
သားငယ္ ေၾကာင့္ သံသရာတစ္ပတ္လည္ၿပီး
လူတိုင္းရဲ႕ ပါးစပ္ျဖား ျပန္ေရာက္လာခဲ့တာပါ။
တမလြန္က ဦးဝင္းဦး လည္း ေက်နပ္ေနမွာပါ။
ေနာက္တစ္ခုက ႏွစ္လိုဖြယ္ မ်က္ႏွာေပး (charming) ပါ။
Top10 ဆယ္ေယာက္မွာ မ်က္ႏွာျမင္ ခ်စ္ခင္စိတ္ ေပၚတာ
ရဲေနာင္၊ ယြန္း နဲ႔ သားငယ္ ဒီသံုးေယာက္ပါ။
ရဲေနာင္ ကို သူ႔ပရိတ္သတ္ တခ်ိဳ႕ေၾကာင့္သာ
ဖိုင္နယ္ မေရာက္ေစခ်င္ၾကေပမယ့္
ရဲေနာင္ ရဲ႕ မ်က္ႏွာဟာ အျပစ္ကင္းစင္ပါတယ္။
ယြန္း လည္း ဒီလိုပါပဲ။
က်န္တဲ့သူေတြလည္း သူ႔ဟာနဲ႔သူ
ဆြဲေဆာင္မႈ ရွိၾကပါတယ္။
ဒါေပမယ့္ ခ်စ္ဖို႔ေကာင္းလိုက္တာဟယ္ ဆိုတာမ်ိဳးႀကီးက
သားငယ္ နဲ႔မွ တကယ္ သင့္ေတာ္တာပါ။
ဒီေနရာမွာ ဖိုင္နယ္အတြက္ ယွဥ္ေျပာစရာ ရွိလာပါၿပီ။
ဘီလီ အားေပးသူမ်ားကလည္း ေျပာၾကပါတယ္။
ဘီလီ ကမွ ႐ုပ္ရည္ေရာ၊ အသံေရာ၊
အို ပညာအရည္အခ်င္းေရာ အဖက္ဖက္က ျပည့္စံုတယ္၊
ဒါမ်ိဳးမွ Idol အစစ္ ဆိုၿပီး။
ေျပာပါမယ္၊ ပုဂၢိဳလ္ေရး တိုက္ခိုက္မႈ မဟုတ္ပါဘူး။
ၿပိဳင္ပြဲဟာ Miss Universe ၿပိဳင္ပြဲ မဟုတ္ပါဘူး၊
အဆိုၿပိဳင္ပြဲပါ၊သီခ်င္းဆို ၿပိဳင္ပြဲပါ။
ဘီလီ ႐ုပ္ေခ်ာသလို သားငယ္ ကေရာ
အျမင္ကပ္စရာ ေကာင္းေနပါသလား။
ေဘးပေယာဂ မပါဘဲ ေနရင္းထိုင္ရင္း
သားငယ္ ကို အျမင္ကပ္ေနသူ
ျမန္မာျပည္မွာ ရာဂဏန္း ပင္ မရွိသည္မွာ ေသခ်ာပါတယ္။
Idol ၿပိဳင္ပြဲေတြရဲ႕ အစျပဳရာ America Idol season-2 ရဲ႕
Winner ျဖစ္တဲ့ Christopher Ruben Studdard ဟာ
သားငယ္ လိုပဲ ဝဝတုတ္တုတ္ နဲ႔ ကပၸလီတစ္ေယာက္ပါ။
အသံ အေၾကာင္းကေတာ့ အေပၚမွာလည္း
သားငယ္ အတြက္ အေတာ္အသင့္ ေျပာခဲ့ပါၿပီ။
ဘီလီ လည္း အသံေကာင္းပါတယ္၊ ဆိုတတ္ပါတယ္။
Top10 ေရာက္လာၿပီး ဒီအဆင့္ေရာက္လာမွေတာ့
ဒီေလာက္ အရည္အခ်င္းရွိေနရမွာ မထူးဆန္းပါဘူး။
ဒါေပမယ့္ သားငယ္ ရဲ႕ vocal power ႀကီးမႈ၊
Vocal range က်ယ္မႈ၊ စာသား အစိပ္အက်ဲေပၚမွာ
လိုသလို ကစားႏိုင္မႈ စတဲ့ ပါရမီေတြမွာ
ဘီလီ ဟာ သားငယ္ကို မယွဥ္ႏိုင္ပါဘူး။
သူတို႔ဟာ အဆိုၿပိဳင္ပြဲဝင္ အဆင့္ကေန
ေဖ်ာ္ေျဖေရးသမား အဆင့္ကို ကူးေျပာင္းေနတဲ့ အခ်ိန္ပါ။
ထူးအိမ္သင္ ေလာက္ကိုသာ အႏုပညာရွင္ လို႔ ဆိုမယ္ဆိုရင္
အဲ့အဆင့္က အေဝးႀကီး လိုပါေသးတယ္။
ဒီလိုအခ်ိန္မွာ ပရိတ္သတ္ရဲ႕ ေမတၱာမပ်က္ဖို႔
အေရးႀကီးပါတယ္။
သားငယ္ ဟာ ခုခ်ိန္ထိ ၿပိဳင္ပြဲဝင္ ဘယ္တစ္ေယာက္နဲ႔မွ
ျပသနာျဖစ္တာ၊ ဘယ္ၿပိဳင္ပြဲဝင္ကမွ သူ႔ကို မုန္းတီးတာ၊
ဘယ္ၿပိဳင္ပြဲဝင္ရဲ႕ ပရိတ္သတ္ကမွ
အသားလြတ္ တိုက္ခိုက္ခံရတာ
ဒါမ်ိဳးေတြ လံုးဝ မရွိေသးပါဘူး။
ဒီအစီအစဥ္ကို ေစာင့္ၾကည့္စိတ္ဝင္စားသူ အားလံုးရဲ႕
ငါးဆယ္ရာခိုင္ႏႈန္းေက်ာ္ဟာ
သားငယ္ သာ winner ျဖစ္ထိုက္သူလို႔
တညီတၫြတ္တည္း လက္ခံထားၾကပါတယ္။
ဘီလီ ကို အတင္းကေရာ ပုဂၢိဳလ္ေရး တိုက္ခိုက္တာေတြ၊
သူ႔မ်က္ႏွာကို ဘီလူးပံုျဖစ္ေအာင္ ပန္းခ်ီဆြဲတာေတြကို
ရႈတ္ခ်ပါတယ္။ လက္မခံပါဘူး။
တစ္ဖက္မွာလည္း သားငယ္ ကို
လူေတြ ေနရင္းထိုင္ရင္း ခ်စ္ၾကတာ၊
winner ျဖစ္ေစခ်င္တာလည္း လက္ခံရမွာပါပဲ။
ဖိုင္နယ္ေန႔မွာ တစ္ေယာက္သံုးပုဒ္ ဆိုရမယ္ ၾကားပါတယ္။
တစ္ပုဒ္က ကိုယ့္စိတ္ႀကိဳက္နဲ႔ ႏွစ္ပုဒ္က
လူႀကီးေတြက ေရြးခ်ယ္ေပးမွာပါတဲ့။
အဲ့က်ရင္ ပရိတ္သတ္ကေတာ့ ကိုယ္သန္ရာသန္ရာ လူက
ပိုေကာင္းတယ္ ေျပာၾကမွာပါပဲ။
ကံတရားေၾကာင့္ အဲ့ေန႔မွာ သားငယ္ က ဘီလီေလာက္
မေပၚလြင္ခဲ့ရင္လည္း ၿပိဳင္ပြဲတစ္လွ်ာက္
သားငယ္ အျပတ္အသတ္ သာခဲ့တာ၊
အေပၚက တင္ျပခဲ့တဲ့ အခ်က္ေတြေၾကာင့္
Winner ျဖစ္ထိုက္တာ စသည္ျဖင့္
စဥ္းစားဆင္ျခင္ေပးၾကဖို႔ လိုပါတယ္။
ဒီပိုစ့္က ဟိုဘက္ဒီဘက္ အမာခံျဖစ္ၿပီးသား
ပရိတ္သတ္ေတြအတြက္ မရည္ရြယ္ပါဘူး။
ေဝေဝဝါးဝါး ျဖစ္ေနေသးတဲ့
ဘယ္သူ႔ဗုတ္ရမွန္းမသိ မေသခ်ာေသးတဲ့
ၾကားေန swing voters မ်ားအတြက္ ရည္ရြယ္ပါတယ္။
ဘာမွ အပင္ပန္းခံၿပီး စဥ္းစားမေနပါနဲ႔ မျမဝင္းရယ္၊
နင္းမယ့္နင္း သားငယ္ ဘက္ကိုသာ
ရဲရဲႀကီး နင္းခ်လိုက္ပါ မျမဝင္း ရယ္။
အသားမ်ားေတာ့ နင္းရတာ အရသာ ရွိပါတယ္ 😜။ ။"
ကဲ... ခ်စ္ပရိသတ္ႀကီးတို႔လည္း မိမိႏွစ္သက္အားေပးတဲ့ ၿပိဳင္ပြဲ၀င္ Winner ျဖစ္ၿပီး အားရပါးရ ေပ်ာ္ရႊင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္...
Source - Zayar Phyo
ကိုးကား - ApannPyay
www.apannpyay.com
==============
လူမှုကွန်ယက်ပေါ်မှာရော အပြင်မှာပါ ပရိသတ်အသီးသီး ရှိနေကြပြီး ဖြစ်တဲ့ Myanmar Idol ပြိုင်ပွဲဝင် နှစ်ဦးကတော့ သားငယ်နဲ့ ဘီလီလမင်းအေး တို့ဖြစ်ပါတယ်...
ပရိသတ်တွေ ရင်ခုန်စွာ စောင့်မျှော်နေကြတဲ့ Myanmar Idol ဖိုင်နယ်ပွဲကြီးကလည်း တစ်ရက်နဲ့ တစ်ရက် နီးကပ်လို့လာခဲ့ပါပြီ..။
ကိုယ်အားပေးတဲ့ ပြိုင်ပွဲဝင်ကို ကျိန်းသေ Winner ဖြစ်မယ်လို့ လူတိုင်းယုံကြည်ထားကြတဲ့ အချိန်လည်းဖြစ်နေပါတယ်...။ ပြိုင်ပွဲဝင်တွေကလည်း အကောင်းတွေထဲက အကောင်းဆုံးတွေပဲ ကျန်ရှိနေတဲ ့ပြိုင်ပွဲ ဝင်တွေဖြစ်နေတဲ့ အတွက် ပြိုင်ပွဲဝင်နှစ်ဦးစလုံးကလည်း အင်မတန်မှ ခွဲရခက်နေတဲ့ အချိန်ကို ရောက်ရှိလို့နေပါပြီ...။
လာမယ့် စနေနေ့မှာ ကျင်းမမယ့် Myanmar Idol ဖိုင်နယ် အတွက် သားငယ်ရဲ့ အမာခံပရိသတ်တစ်ယောက်ကတော့ အခုလို ပေါ်တင် မဲဆွယ်လိုက်ပါပြီ...
"Myanmar Idol ဖိုင်နယ် အတွက် ပေါ်တင် မဲဆွယ်ပါပြီ...
သားငယ် Vs ဘီလီ ပြိုင်မယ့် ဖိုင်နယ်အတွက်
ဘီလီ ကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု personal Attack မပါဘဲ
သားငယ် သာလျှင် winner အစစ်အမှန်
ဖြစ်သင့်ကြောင်းလေး ပြောပြပါမယ်။
( မိတ်ဆွေနဲ့ သဘောထား မတူလို့ ရှေ့ဆက်မဖတ်လိုက
ဒီနေရာမှ လှည့်ပြန်နိုင်ပါတယ်)
နှစ်ယောက်တည်း ပြိုင်ရမယ့် ဖိုင်နယ် ဖြစ်တဲ့အတွက်
ဘာမှတွေဝေနေစရာ မလိုဘဲ
တစ်ဖက်ဖက်ကို ရပ်တည်ပေးရမှာ ဖြစ်ပါတယ်။
သို့သော် ဗုတ်မပေးဘဲလည်း နေလိုက နေနိုင်ပါတယ်။
ဗုတ်ပေးမယ် ဆိုရင်တော့ ဒီအချက်လေးတွေကို
စဉ်းစားဆုံးဖြတ်ကြည့်ပါ။
သားငယ် ဟာ top10 အဆင့်မှ ဒီနေ့ ဖိုင်နယ်အထိ
Bottom3 တခါမှ မထိုင်ခဲ့ရသေးတဲ့ တစ်ဦးတည်းသော
ထူးခြားတဲ့ ပြိုင်ပွဲဝင် ပါ။
Rock သီချင်းတွေကို အပိုင်နိုင်ဆုံး၊ အားအသာဆုံး၊
အကြိုက်နှစ်သက်ဆုံး ဆိုပေမယ့် သီချင်းအမျိုးအစား
ပေါင်းစုံ ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲမှာ ခေတ်ပေါင်းစုံက
သီချင်းအမျိုးအစားပေါင်းစုံကို အပိုင်အနိုင် ဆိုပြခဲ့ပြီးပါပြီ။
ဘယ်ကစမ်းစမ်း ညာကစမ်းစမ်း အသားချည်းပါပဲ။
(ဝ ရှိတဲ့ လူကိုးဗျ 😜)
ဒါကိုမှ သားငယ် ဘယ်နေ့မှာ မကောင်းဆုံးလဲလို့
မေးရင်တော့ Blues သီချင်းတွေ ဆိုတဲ့နေ့ လို့ပဲ ဖြေရမှာပါ။
ဒါဟာလည်း ဦးညီထွဋ် ရဲ့ သီချင်းဟာ
ပျက်စီးစုတ်ပြတ်သွားပြီး နားထောင်လို့ မရတော့တဲ့
အခြေအနေ မဟုတ်ခဲ့ပါဘူး။
ကီးယိုင်ခြင်း၊ တိုင်မင်မှားခြင်း၊ နုတ်မဝင်ခြင်းများ
လုံးဝ မရှိခဲ့တာ သေချာပါတယ်။
မူရင်းသီချင်းကိုယ်တိုင်ကလည်း ဒီပုံစံ ဖြစ်နေပြီး
ယခင်အပတ်များနှင့် ယှဉ်၍ အားမရကြခြင်း ဖြစ်ပါတယ်။
သီချင်းအမျိုးအစားပေါင်းစုံကို ပီပီပြင်ပြင် ဆိုနိုင်တာ
ဒီ top10 မှာ သားငယ်၊ ပိုးမီ နဲ့ ဇင်ကြီး တို့ပဲ ရှိပါတယ်။
မိတ်ကပ်မကြိုက်သော သီချင်းများ လို
တိုင်မင်စိပ်စိပ်မှာ စာသားတွေ ပြွတ်သိပ်ထည့်ထားတဲ့
ရက်ဂေး အမျိုးအစားမျိုး၊
အသက်ရှူတိုင်မင် မှားရုံနဲ့ ဒုက္ခရောက်သွားမယ့်
ပဲ့ကိုင် လို သီချင်းမျိုး တွေကို
အမှားအယွင်းကင်းစွာ ဆိုနိုင်တာ သူ့အရည်အချင်းပါ။
မေဘရဏီ လို ဆိုတဲ့ မမမိုး သီချင်းဟာ
သားငယ် ကြောင့် သံသရာတစ်ပတ်လည်ပြီး
လူတိုင်းရဲ့ ပါးစပ်ဖြား ပြန်ရောက်လာခဲ့တာပါ။
တမလွန်က ဦးဝင်းဦး လည်း ကျေနပ်နေမှာပါ။
နောက်တစ်ခုက နှစ်လိုဖွယ် မျက်နှာပေး (charming) ပါ။
Top10 ဆယ်ယောက်မှာ မျက်နှာမြင် ချစ်ခင်စိတ် ပေါ်တာ
ရဲနောင်၊ ယွန်း နဲ့ သားငယ် ဒီသုံးယောက်ပါ။
ရဲနောင် ကို သူ့ပရိတ်သတ် တချို့ကြောင့်သာ
ဖိုင်နယ် မရောက်စေချင်ကြပေမယ့်
ရဲနောင် ရဲ့ မျက်နှာဟာ အပြစ်ကင်းစင်ပါတယ်။
ယွန်း လည်း ဒီလိုပါပဲ။
ကျန်တဲ့သူတွေလည်း သူ့ဟာနဲ့သူ
ဆွဲဆောင်မှု ရှိကြပါတယ်။
ဒါပေမယ့် ချစ်ဖို့ကောင်းလိုက်တာဟယ် ဆိုတာမျိုးကြီးက
သားငယ် နဲ့မှ တကယ် သင့်တော်တာပါ။
ဒီနေရာမှာ ဖိုင်နယ်အတွက် ယှဉ်ပြောစရာ ရှိလာပါပြီ။
ဘီလီ အားပေးသူများကလည်း ပြောကြပါတယ်။
ဘီလီ ကမှ ရုပ်ရည်ရော၊ အသံရော၊
အို ပညာအရည်အချင်းရော အဖက်ဖက်က ပြည့်စုံတယ်၊
ဒါမျိုးမှ Idol အစစ် ဆိုပြီး။
ပြောပါမယ်၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု မဟုတ်ပါဘူး။
ပြိုင်ပွဲဟာ Miss Universe ပြိုင်ပွဲ မဟုတ်ပါဘူး၊
အဆိုပြိုင်ပွဲပါ၊သီချင်းဆို ပြိုင်ပွဲပါ။
ဘီလီ ရုပ်ချောသလို သားငယ် ကရော
အမြင်ကပ်စရာ ကောင်းနေပါသလား။
ဘေးပယောဂ မပါဘဲ နေရင်းထိုင်ရင်း
သားငယ် ကို အမြင်ကပ်နေသူ
မြန်မာပြည်မှာ ရာဂဏန်း ပင် မရှိသည်မှာ သေချာပါတယ်။
Idol ပြိုင်ပွဲတွေရဲ့ အစပြုရာ America Idol season-2 ရဲ့
Winner ဖြစ်တဲ့ Christopher Ruben Studdard ဟာ
သားငယ် လိုပဲ ဝဝတုတ်တုတ် နဲ့ ကပ္ပလီတစ်ယောက်ပါ။
အသံ အကြောင်းကတော့ အပေါ်မှာလည်း
သားငယ် အတွက် အတော်အသင့် ပြောခဲ့ပါပြီ။
ဘီလီ လည်း အသံကောင်းပါတယ်၊ ဆိုတတ်ပါတယ်။
Top10 ရောက်လာပြီး ဒီအဆင့်ရောက်လာမှတော့
ဒီလောက် အရည်အချင်းရှိနေရမှာ မထူးဆန်းပါဘူး။
ဒါပေမယ့် သားငယ် ရဲ့ vocal power ကြီးမှု၊
Vocal range ကျယ်မှု၊ စာသား အစိပ်အကျဲပေါ်မှာ
လိုသလို ကစားနိုင်မှု စတဲ့ ပါရမီတွေမှာ
ဘီလီ ဟာ သားငယ်ကို မယှဉ်နိုင်ပါဘူး။
သူတို့ဟာ အဆိုပြိုင်ပွဲဝင် အဆင့်ကနေ
ဖျော်ဖြေရေးသမား အဆင့်ကို ကူးပြောင်းနေတဲ့ အချိန်ပါ။
ထူးအိမ်သင် လောက်ကိုသာ အနုပညာရှင် လို့ ဆိုမယ်ဆိုရင်
အဲ့အဆင့်က အဝေးကြီး လိုပါသေးတယ်။
ဒီလိုအချိန်မှာ ပရိတ်သတ်ရဲ့ မေတ္တာမပျက်ဖို့
အရေးကြီးပါတယ်။
သားငယ် ဟာ ခုချိန်ထိ ပြိုင်ပွဲဝင် ဘယ်တစ်ယောက်နဲ့မှ
ပြသနာဖြစ်တာ၊ ဘယ်ပြိုင်ပွဲဝင်ကမှ သူ့ကို မုန်းတီးတာ၊
ဘယ်ပြိုင်ပွဲဝင်ရဲ့ ပရိတ်သတ်ကမှ
အသားလွတ် တိုက်ခိုက်ခံရတာ
ဒါမျိုးတွေ လုံးဝ မရှိသေးပါဘူး။
ဒီအစီအစဉ်ကို စောင့်ကြည့်စိတ်ဝင်စားသူ အားလုံးရဲ့
ငါးဆယ်ရာခိုင်နှုန်းကျော်ဟာ
သားငယ် သာ winner ဖြစ်ထိုက်သူလို့
တညီတညွတ်တည်း လက်ခံထားကြပါတယ်။
ဘီလီ ကို အတင်းကရော ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာတွေ၊
သူ့မျက်နှာကို ဘီလူးပုံဖြစ်အောင် ပန်းချီဆွဲတာတွေကို
ရှုတ်ချပါတယ်။ လက်မခံပါဘူး။
တစ်ဖက်မှာလည်း သားငယ် ကို
လူတွေ နေရင်းထိုင်ရင်း ချစ်ကြတာ၊
winner ဖြစ်စေချင်တာလည်း လက်ခံရမှာပါပဲ။
ဖိုင်နယ်နေ့မှာ တစ်ယောက်သုံးပုဒ် ဆိုရမယ် ကြားပါတယ်။
တစ်ပုဒ်က ကိုယ့်စိတ်ကြိုက်နဲ့ နှစ်ပုဒ်က
လူကြီးတွေက ရွေးချယ်ပေးမှာပါတဲ့။
အဲ့ကျရင် ပရိတ်သတ်ကတော့ ကိုယ်သန်ရာသန်ရာ လူက
ပိုကောင်းတယ် ပြောကြမှာပါပဲ။
ကံတရားကြောင့် အဲ့နေ့မှာ သားငယ် က ဘီလီလောက်
မပေါ်လွင်ခဲ့ရင်လည်း ပြိုင်ပွဲတစ်လျှာက်
သားငယ် အပြတ်အသတ် သာခဲ့တာ၊
အပေါ်က တင်ပြခဲ့တဲ့ အချက်တွေကြောင့်
Winner ဖြစ်ထိုက်တာ စသည်ဖြင့်
စဉ်းစားဆင်ခြင်ပေးကြဖို့ လိုပါတယ်။
ဒီပိုစ့်က ဟိုဘက်ဒီဘက် အမာခံဖြစ်ပြီးသား
ပရိတ်သတ်တွေအတွက် မရည်ရွယ်ပါဘူး။
ဝေဝေဝါးဝါး ဖြစ်နေသေးတဲ့
ဘယ်သူ့ဗုတ်ရမှန်းမသိ မသေချာသေးတဲ့
ကြားနေ swing voters များအတွက် ရည်ရွယ်ပါတယ်။
ဘာမှ အပင်ပန်းခံပြီး စဉ်းစားမနေပါနဲ့ မမြဝင်းရယ်၊
နင်းမယ့်နင်း သားငယ် ဘက်ကိုသာ
ရဲရဲကြီး နင်းချလိုက်ပါ မမြဝင်း ရယ်။
အသားများတော့ နင်းရတာ အရသာ ရှိပါတယ် 😜။ ။"
ကဲ... ချစ်ပရိသတ်ကြီးတို့လည်း မိမိနှစ်သက်အားပေးတဲ့ ပြိုင်ပွဲဝင် Winner ဖြစ်ပြီး အားရပါးရ ပျော်ရွှင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်...
Source - Zayar Phyo
ကိုးကား - ApannPyay
www.apannpyay.com
Subscribe to:
Post Comments
(
Atom
)
Loading...
0 comments :
Post a Comment