Mister Asia Myanmar 2016 Mister ေတဇလင္း က စင္သီတာေနာ့ အား ကာမလိမ္လည္ေပါင္းသင္းေနထုိင္ခဲ့ျခင္းကုိ တရား၀င္ သတင္းစာရွင္းလင္း တရားစြဲျပီ ( ရုပ္သံ )

Mister Asia Myanmar 2016 ၿပိဳင္ပြဲမွ ႏုိင္ငံကုိယ္စားျပဳ Mister ေမာင္ေတဇလင္းအေနျဖင့္ စင္သီတာေနာ့ အား လိမ္လည္ေပါင္းသင္းေနထုိင္ခဲ့ျခင္းႏွင့္ ပတ္သက္၍ စင္သီတာေနာ့မွ မတ္လ(၂၀)ရက္တြင္ သတင္းစာ ရွင္းလင္းပြဲ ျပဳလုပ္ခဲ့ေၾကာင္း သိရွိရသည္။
စင္သီတာေနာ့မွ ေမာင္ေတဇလင္းအား အေရွ႕ပုိင္းခရုိင္တရားရုံးတြင္ တရားမႀကီးနစ္နာမႈ ၃၁၄/၂၀၁၇/ ျဖင့္ တာေမြၿမိဳ႕နယ္တရားရံုးတြင္ ကာမလိမ္လည္မႈ ပုဒ္မ(၄၁၇)ျဖင့္ ဦးတိုက္ေလွ်ာက္ တရားစြဲဆိုထားေၾကာင္း သိရသည္။
“ကြ်န္မ ဒီပြဲလုပ္ရတဲ့ရည္ရြယ္ခ်က္က အခုကုိယ္၀န္ ၇လ ရွိၿပီ။ ဒီ Mister ဆုကေနျပဳတ္ေစခ်င္တယ္။ကေလးရဲ႕ အေဖနာမည္ခံေစခ်င္တယ္။ ေထာင္က်ေစခ်င္တယ္။ တရားစြဲထားတဲ့ ေတာက္ေလွ်ာက္မွာလည္း တရားရုံးကုိ မ ေရာက္လာခဲ့ပါဘူး။ ကြ်န္မ ဒီလုိတြဲေနတာက သူ႔မိဘေတြဘက္က သိတယ္။ အခု တရားစြဲမယ္ဆုိေတာ့ သူ႔မိဘ ေတြ ကုိယ္တုိင္က သူ႔အေမက လုပ္ခ်င္တာလုိ႔ေျပာတယ္။ ေထာင္က်လဲ ရပါတယ္။ သူ႔သားကုိ သူ႔အျပစ္ သူ ခံေစခ်င္တာပါ။ အခု ဒီလုိကုိယ္၀န္ႀကီးနဲ႔ ကိစၥေတြႀကဳံေနတာကုိ ကြ်န္မမိဘေတြဘက္က မသိဘူး။ အသိေပး မထားဘူး။ ဒီစာနယ္ဇင္းပြဲကေနတဆင့္ သိသြားမွာပါ။“ ဟု စင္သီတာေနာ့က ေျပာသည္။
စင္သီတာေနာ့နွင့္ ေမာင္ေတဇာလင္းတုိ႔သည္ စင္သီတာေနာ့ အသက္ ၁၆ ႏွစ္အရြယ္ကတည္းက သမီး ရည္းစားအျဖစ္မွ တရား၀င္လက္ထပ္မည္ဟု ဆုိကာ (၃)ႏွစ္တာ ခ်စ္ခင္ေပါင္းသင္းေနထုိင္လာခဲ့ေၾကာင္း သိရသည္။
“ကြ်န္ေတာ္တို႔ အဲ့ပြဲမွာ ေမာင္ေတဇာလင္းကို ေစလႊတ္ခဲ့တယ္။ ဒီျပႆနာမွာ သူတကယ္က်ဴးလြန္တာ ဟုတ္မ ဟုတ္ စံုစမ္းစစ္ေဆးမယ္။ တကယ္မွန္ရင္ စည္းမ်ဥ္းစည္းကမ္းမညီတဲ့အတြက္ သရဖူကိုျပန္သိမ္းပါ့မယ္။”ဟု Master of Myanmar Organization ၏ CEO ဦးေဇယံဟိန္းက ေျပာသည္။
စင္သီတာေနာ့သည္ ေဟာင္ေကာင္တြင္ ေနထုိင္သူျဖစ္ၿပီး ၂၀၁၄ ခုနွစ္မွ ျမန္မာႏုိင္ငံသုိ႔ ျပန္လည္ေရာက္ရွိလာကာ ၎နွင့္အတူ ေနထုိင္ျခင္းျဖစ္ေၾကာင္း သိရသည္။
ေတဇာလင္းအေနျဖင့္ ၿပိဳင္ပြဲယွဥ္ၿပိဳင္ရန္ဟုဆိုကာ အေတြ႔မခံေတာ့ဘဲ ေရွာင္ေနၿပီး ကုိယ္၀န္ရရွိေသာ္လည္း တရား၀င္လက္ထပ္ျခင္းမရွိဘဲ ကုိယ္၀န္ျဖတ္ခ်ရန္ ေစခုိင္းခဲ့ေၾကာင္း၊ လက္ရွိတြင္ ေမာင္ေတဇာလင္း အေနျဖင့္ တျခားအမ်ိဳးသမီးတစ္ဦးျဖင့္ နယ္ၿမိဳ႕တြင္ ေနထုိင္လွ်က္ရွိေၾကာင္း စင္သီတာေနာ့ထံမွ သိရသည္။
myitmakhamediagroup

Unicode
Mister Asia Myanmar 2016 ပြိုင်ပွဲမှ နိုင်ငံကိုယ်စားပြု Mister မောင်တေဇလင်းအနေဖြင့် စင်သီတာနော့ အား လိမ်လည်ပေါင်းသင်းနေထိုင်ခဲ့ခြင်းနှင့် ပတ်သက်၍ စင်သီတာနော့မှ မတ်လ(၂၀)ရက်တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
စင်သီတာနော့မှ မောင်တေဇလင်းအား အရှေ့ပိုင်းခရိုင်တရားရုံးတွင် တရားမကြီးနစ်နာမှု ၃၁၄/၂၀၁၇/ ဖြင့် တာမွေမြို့နယ်တရားရုံးတွင် ကာမလိမ်လည်မှု ပုဒ်မ(၄၁၇)ဖြင့် ဦးတိုက်လျှောက် တရားစွဲဆိုထားကြောင်း သိရသည်။
“ကျွန်မ ဒီပွဲလုပ်ရတဲ့ရည်ရွယ်ချက်က အခုကိုယ်ဝန် ၇လ ရှိပြီ။ ဒီ Mister ဆုကနေပြုတ်စေချင်တယ်။ကလေးရဲ့ အဖေနာမည်ခံစေချင်တယ်။ ထောင်ကျစေချင်တယ်။ တရားစွဲထားတဲ့ တောက်လျှောက်မှာလည်း တရားရုံးကို မ ရောက်လာခဲ့ပါဘူး။ ကျွန်မ ဒီလိုတွဲနေတာက သူ့မိဘတွေဘက်က သိတယ်။ အခု တရားစွဲမယ်ဆိုတော့ သူ့မိဘ တွေ ကိုယ်တိုင်က သူ့အမေက လုပ်ချင်တာလို့ပြောတယ်။ ထောင်ကျလဲ ရပါတယ်။ သူ့သားကို သူ့အပြစ် သူ ခံစေချင်တာပါ။ အခု ဒီလိုကိုယ်ဝန်ကြီးနဲ့ ကိစ္စတွေကြုံနေတာကို ကျွန်မမိဘတွေဘက်က မသိဘူး။ အသိပေး မထားဘူး။ ဒီစာနယ်ဇင်းပွဲကနေတဆင့် သိသွားမှာပါ။“ ဟု စင်သီတာနော့က ပြောသည်။
စင်သီတာနော့နှင့် မောင်တေဇာလင်းတို့သည် စင်သီတာနော့ အသက် ၁၆ နှစ်အရွယ်ကတည်းက သမီး ရည်းစားအဖြစ်မှ တရားဝင်လက်ထပ်မည်ဟု ဆိုကာ (၃)နှစ်တာ ချစ်ခင်ပေါင်းသင်းနေထိုင်လာခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ အဲ့ပွဲမှာ မောင်တေဇာလင်းကို စေလွှတ်ခဲ့တယ်။ ဒီပြဿနာမှာ သူတကယ်ကျူးလွန်တာ ဟုတ်မ ဟုတ် စုံစမ်းစစ်ဆေးမယ်။ တကယ်မှန်ရင် စည်းမျဉ်းစည်းကမ်းမညီတဲ့အတွက် သရဖူကိုပြန်သိမ်းပါ့မယ်။”ဟု Master of Myanmar Organization ၏ CEO ဦးဇေယံဟိန်းက ပြောသည်။
စင်သီတာနော့သည် ဟောင်ကောင်တွင် နေထိုင်သူဖြစ်ပြီး ၂၀၁၄ ခုနှစ်မှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာကာ ၎င်းနှင့်အတူ နေထိုင်ခြင်းဖြစ်ကြောင်း သိရသည်။
တေဇာလင်းအနေဖြင့် ပြိုင်ပွဲယှဉ်ပြိုင်ရန်ဟုဆိုကာ အတွေ့မခံတော့ဘဲ ရှောင်နေပြီး ကိုယ်ဝန်ရရှိသော်လည်း တရားဝင်လက်ထပ်ခြင်းမရှိဘဲ ကိုယ်ဝန်ဖြတ်ချရန် စေခိုင်းခဲ့ကြောင်း၊ လက်ရှိတွင် မောင်တေဇာလင်း အနေဖြင့် တခြားအမျိုးသမီးတစ်ဦးဖြင့် နယ်မြို့တွင် နေထိုင်လျှက်ရှိကြောင်း စင်သီတာနော့ထံမှ သိရသည်။

myitmakhamediagroup

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...