ၿပီးခဲ့တဲ့အပတ္က #MMIdol ကို Hexagon Complex မွာ လူကိုယ္တုိင္သြားၾကည့္ရင္း ျဖစ္သြားခဲ့တဲ့စိတ္ေလးကို ေျပာခ်င္လို႕
အမွန္က အစီစဥ္မရွိဘူး။ အဲ့ေန႕က်မွ အသိအစ္မတစ္ေယာက္က သူလက္မွတ္ေတာင္းထားတာ လိုက္ခဲ့တဲ့။ အမွန္မွာ ကိုယ္က ဒီ Season 2 ကလူေတြထက္ Season 1 ကလူေတြကို ပိုသေဘာက်တဲ့သူ။။ Season 2 မွာ ကိုယ္တုိင္စိတ္ေရာကိုယ္ပါ (Vote လုပ္ၿပီး) အားေပးခဲ့တာမ်ိဳး မရွိခဲ့ေတာ့ သြားၾကည့္ရမွာလဲ စိတ္ကမပါဘူး။ ဒါမဲ့ သူကလဲ အတင္းေရာ ဇြတ္ေရာ (မမရဲေနာင္ဖန္) ဆုိေတာ့ ပါသြားခဲ့တယ္ေပါ့။
ကိုယ္ေတြက ေရာက္သြားေတာ့ အဲ့မမလက္မွတ္ေတာင္းထားတာ ပိုးမီအေမနဲ႔ အသိအစ္ကိုျဖစ္ေနေတာ့ အထဲဝင္ေတာ့လဲ ပိုးမီအေမနဲ႔တူတူ ထုိင္ရေတာ့လဲ ပိုးမီဖန္ေတြခ်ည္းရွိတဲ့စင္ဘက္မွာ။ သူတို႕ေတြရဲ႕လက္ထဲမွာလဲ ပိုးမီကဒ္ေလးေတြကိုင္လို႔။
ဒီေနရာမွာေျပာခ်င္တာက က်န္တာမဟုတ္ဘဲ ဘီလီလမင္းေအးအေၾကာင္းပါ။
ကိုယ္သြားၾကည့္တာ Result Show ဆုိေတာ့ ေက်ာ္ထက္ေအာင္က သံုးေယာက္လံုးကို စင္ေပၚတစ္ၿပိဳင္တည္းေခၚလိုက္တည္းက သားငယ္ သားငယ္ ပိုုးမီ ပိုးမီ ဆုိတဲ့အသံေတြသာ ညံသြားၿပီး ဘီလီ ဆုိတဲ့အသံေလးေတြ တိမ္ဝင္သြားေရာ။ အမွန္မွာလဲ ပိုးမီဖန္ေတြ သားငယ္ဖန္ေတြ ေတာင့္သေလာက္ ဘီလီဖန္ေတြဟာ လာၾကည့္တဲ့အေရအတြက္ အရမ္းနည္းပါတယ္။
အဲ့ဒီ Complex ႀကီးတစ္ခုလံုးကို ငါးပံုပံုရင္ ဘီလီဖန္က ၁ ပံုပဲပါတာျဖစ္ၿပီး ကိုယ္ေတြကအျခမ္းက ပိုးမီ ဟိုဘက္ျခမ္းက သားငယ္။ ကိုယ္ေတြရဲ႕ ညာဘက္အစြန္းဘက္မွာမွ ဘီလီ့ဖန္က တစ္ျခမ္းေလးပဲ။ သူတို႕သံုးေယာက္ စင္ေပၚမွာရွိေနၾကခ်ိန္တစ္ေလွ်ာက္လံုး သားငယ္နဲ႔ ပိုးမီဆုိတဲ့အသံေတြသာ ဖံုးေနတဲ့အခ်ိန္ ကိုယ္ဂရုစိုက္မိသြားတာ ဘီလီမ်က္ႏွာေလးကိုပဲ။
စဥ္းစားၾကည့္ေလ။ စာအတူတူေတာ္တဲ့ ေက်ာင္းသားသံုးေယာက္ စာေမးပြဲအမွတ္စာရင္း ေစာင့္ေနၾကခ်ိန္ ဆရာမက ဒီဘက္ႏွစ္ေယာက္ကိုက် "ဟယ္ ေတာ္လိုက္တာ စိတ္မပူနဲ႔ အေကာင္းဆံုးပဲ" ဆုိၿပီး ႏွစ္သိမ့္ေနသေလာက္ က်န္တဲ့တစ္ေယာက္က်ေတာ့ "ေျဖႏုိင္တယ္မလား ရမွာပါ" ေလာက္သာ ေလာကြတ္လုပ္တဲ့အခ်ိန္ေတြကို က်န္တဲ့တစ္ေယာက္ရဲ႕ စိတ္ထဲ ဘယ္လိုျဖစ္ေနမယ္ဆုိတာ ကိုယ္တုိင္ႀကံဳဖူးၾကရင္ ကုိယ္ခ်င္းစာတတ္ၾကမွာပါ။
အဲဒီခ်ိန္မွာ အဲ့ကေလးမ မ်က္ႏွာေလးဟာ ကိုယ္ TV မွာပဲ ျမင္ဖူးေနတဲ့ ေခ်ေနတဲ့ရုပ္ စိတ္ပုပ္ေနတဲ့ရုပ္ဆုိတာ မဟုတ္ဘဲ သူ႕ခမ်ာ သူ႕ကိုယ္သူအားတင္းေနရတဲ့မ်က္ႏွာ စိတ္ပူတာ စိုးရိမ္တာ အားငယ္တာကို ဟန္မေဆာင္တတ္ပဲ ျဖစ္လာတဲ့ မ်က္ႏွာမ်ိဳးလို႕ ခံစားလိုက္ရတယ္။ သနားလဲသနားသြားတယ္။
တကယ္တမ္း သီခ်င္းဆိုၿပိဳင္ခဲ့တဲ့ေန႕ေတြတုန္းက ဒီကေလးမ ဘယ္လိုစိတ္မ်ိဳးနဲ႔ အားတင္းၿပိး ၿပိဳင္ခဲ့ပါလိမ့္ဆုိၿပီးလဲ စိတ္မေကာင္းျဖစ္သြားတယ္။
ဒါေတာင္ ကိုယ္ၾကည့္မိတာ Result Show ပါ။ သားငယ္ Safe ျဖစ္သြားတယ္လို႕ ေၾကာ္ျငာအၿပီး ဟိုဘက္ကသားငယ္ဖန္ေတြကပါ ပိုးမီ ပိုးမီဆုိၿပီးထေအာ္ေနၾကခ်ိန္ ဒီ Hall ႀကီးထဲမွာ ဒီကေလးမတစ္ေယာက္ ဘယ္လိုအားတင္းၿပီး ရပ္ေနရမလဲ တကယ္ခံစားၾကည့္ရင္ ၾကက္သီးထမိတယ္။ ခ်ီးလဲခ်ီးက်ဴးမိတယ္။
Billy နဲ႔ပတ္သက္ၿပီး ကိုယ္သိတာဆုိလုိ႕ သူေဆးရံုးကဆင္းေတာ့ Live ဗီဒီယို Clip ေလး တစ္ခ်က္ၾကည့္ဖူးတာရယ္ သူ႕ကို Review ေရးထားတာရယ္ပဲရွိတာ။ (ဒါေတာင္ ဘီလီဘက္လိုက္ၿပီး ေရးတယ္ထင္လို႔ အဆံုးထိေတာင္ မဖတ္ျဖစ္ဘူး)။ TV မွာ သူတို႕ေလးေတြရဲ႕ မ်က္ႏွာကိုသာျပထားၿပီး အျပင္ကအေျခေအေနကို ဘာမွမသိတဲ့သူေတြအေနနဲ႔ သူ႕ကိုဒီလိုမ်ိဳးေကာက္ခ်က္ခ်မိၾကတယ္။ ဒီလိုအခ်ိန္မွာ သူ႔မ်က္ႏွာဟာ အဲ့လိုမွျဖစ္မေနရင္ ဘယ္လိုေနမလဲ။ ကိုယ္သာသူ႕ေနရာမွာဆုိရင္ဆုိၿပီး ဝင္ၾကည့္မိတယ္။ သူလူေတြအမ်ားႀကီးေရွ႕မွာ ေဖ်ာ္ေျဖေနေပမယ့္ အဲ့လူေတြက သူ႕ကိုမေကာင္းတဲ့မွတ္ခ်က္မ်ိဳးနဲ႔ပဲ ေစာင့္ၾကည့္ေနၾကတယ္။ သူ႕အတြက္ အားျဖစ္ေစမယ့္ လက္ခုပ္သံဆုိတာ အရမ္းတိတ္ဆိတ္လြန္းတယ္။ (သားငယ္နဲ႔ ပိုးမီအတြက္ လက္ခုပ္သံေတြမစဲသေလာက္) ။ သူ႕ရဲ႕ ဟန္မေဆာင္တတ္တဲ့ မ်က္ႏွာေလးတစ္ခုေၾကာင့္ သူ႕အတြက္ comment ေတြဟာ ပိုပိုဆုိးလာခဲ့တာ။
အဲဒီခ်ိန္မွာပဲ ေက်ာ္ထက္ေအာင္က ေနာက္တစ္ဆင့္တက္သြားတာ Billyလမင္းေအး ဆုိၿပီး ေၾကာ္ျငာလိုက္ေတာ့ ကိုယ္ေက်နပ္သြားတယ္ စိတ္ခ်မ္းသာသြားတယ္။ ကေလးမေလးကိုၾကည့္ၿပီးလဲ မုဒိတာပြားမိတယ္။ သူေလးဟာ သူ႕ကိုေစာင့္ၾကည့္ေနၾကတဲ့ ကင္မရာအန္ဂယ္လ္ေပါင္းမ်ားစြာ လူေတြမ်က္စိေပါင္းမ်ားစြာေရွ႕မွာ ေပ်ာ္တာေတာင္ ရဲရဲဝံ့ဝံ့မေပ်ာ္ရဲရွာဘူး။ လူေတြက သူ႕ကိုဟန္ေဆာင္ၾကတယ္လို႔ ေျပာၾကေပမယ့္ ကိုယ့္အျမင္မွာ သူက လံုးဝဟန္မေဆာင္တတ္ရွာဘူးပဲလို႕ ခံစားမိေစတယ္။ သူဟန္မေဆာင္တတ္လို႔သာ ဒီလိုပံုေလးေတြတက္လာၿပီး သူ႕ကိုအထင္လြဲတာေတြ ျဖစ္ေစေနတာ။
အမွန္မွာ ကုိယ္ဟာ အစတည္းက Grand Final ကို သားငယ္နဲ႔ ပိုးမီကိုပဲ တက္ေစခ်င္ခဲ့တာပါ။ ေျခာက္နာရီထုိးကာနီး ၁ မိနစ္အလိုမွာပဲ ရံုးကညီမေလးေတြ သတိတရေျပာလို႕ ပိုးမီကို SMS ၅ ေစာင္ Vote ခဲ့ပါေသးတယ္။ ပိုုးမီျပဳတ္သြားၿပီး Billy တက္သြားတဲ့အတြက္ အရင္တုန္းကလိုသာဆုိ ေဒါသထြက္ စိတ္တုိတဲ့လူေတြထဲ ကိုယ္ပါပါဦးမွာပါ။ ဒါေပမယ့္ အျပင္မွာျဖစ္ေနတဲ့ အေျခေနေတြကို ျမင္လုိက္ရတည္းက ကိုယ္ဟာ ပိုးမီစင္ေပၚကေန Billy အတြက္ လက္ခုပ္တီးၿပီး တစ္ခ်ိန္လံုး အားေပးခဲ့ရတာကို ေက်နပ္မိတယ္။ ကိုယ္တစ္ေယာက္တည္းတင္ မဟုတ္ဘဲ ကိုယ့္ေဘးက ကင္မရာမန္းေလးေတြကလဲ Billy ဆုိ လက္ခုပ္ထထတီးၾကတာ သတိထားမိေတာ့ ေက်နပ္ရေသးတယ္။
Billy ရဲ႕ ေနာက္ခံ Background က ဘာရွိတယ္ ဘယ္လိုေတြ ပတ္သက္တယ္ သူ Vote ရတာ ဘာညာဆုိၿပီး ေျပာေနၾကေပမယ့္ သူ႕လိုၿပိဳင္ပြဲဝင္တစ္ေယာက္ဟာ သူ႕အရည္အခ်င္းကိုျပၿပီးမွ သူ႕ပရိသတ္ရွိမွာသာ သူ႕ေနာက္ခံ Background ေတြက ဝန္းရံမွာျဖစ္လို႕ အေရးႀကီးဆုံးက သူ႕အရည္အခ်င္းကို အရင္ထုတ္ျပဖို႕ပါပဲ။
ဘယ္ေလာက္ အရည္းအခ်င္းရွိရွိ စိတ္ဓါတ္အင္အားနဲ႔ တုိက္ခုိက္ရင္ က်ရွံဳးတတ္တယ္ဆုိတာ သိထားတဲ့သူမို႕ အခုလို စိတ္ဓါတ္မာမာနဲ႔ ေနာက္ဆံုးအဆင့္ထိ တက္သြားခဲ့တာ Billy လမင္းေအးရဲ႕ ေအာင္ျမင္မႈတစ္ခုလို႔ပဲ မွတ္ခ်က္ခ်မိေတာ့တာပဲ။
P.S ကိုယ္ဟာ Billy ဖန္မဟုတ္ခဲ့ဘဲ ကိုယ္ခ်င္းစာစိတ္ေလး အရင္းျပဳၿပီး Billy အေၾကာင္းတစ္ဖြဲ႕တစ္ႏြဲ႕ေရးလိုက္မိတဲ့သူပါ။
မိုးအိပ္မက္
www.apannpyay.com
==============
ပြီးခဲ့တဲ့အပတ်က #MMIdol ကို Hexagon Complex မှာ လူကိုယ်တိုင်သွားကြည့်ရင်း ဖြစ်သွားခဲ့တဲ့စိတ်လေးကို ပြောချင်လို့
အမှန်က အစီစဉ်မရှိဘူး။ အဲ့နေ့ကျမှ အသိအစ်မတစ်ယောက်က သူလက်မှတ်တောင်းထားတာ လိုက်ခဲ့တဲ့။ အမှန်မှာ ကိုယ်က ဒီ Season 2 ကလူတွေထက် Season 1 ကလူတွေကို ပိုသဘောကျတဲ့သူ။။ Season 2 မှာ ကိုယ်တိုင်စိတ်ရောကိုယ်ပါ (Vote လုပ်ပြီး) အားပေးခဲ့တာမျိုး မရှိခဲ့တော့ သွားကြည့်ရမှာလဲ စိတ်ကမပါဘူး။ ဒါမဲ့ သူကလဲ အတင်းရော ဇွတ်ရော (မမရဲနောင်ဖန်) ဆိုတော့ ပါသွားခဲ့တယ်ပေါ့။
ကိုယ်တွေက ရောက်သွားတော့ အဲ့မမလက်မှတ်တောင်းထားတာ ပိုးမီအမေနဲ့ အသိအစ်ကိုဖြစ်နေတော့ အထဲဝင်တော့လဲ ပိုးမီအမေနဲ့တူတူ ထိုင်ရတော့လဲ ပိုးမီဖန်တွေချည်းရှိတဲ့စင်ဘက်မှာ။ သူတို့တွေရဲ့လက်ထဲမှာလဲ ပိုးမီကဒ်လေးတွေကိုင်လို့။
ဒီနေရာမှာပြောချင်တာက ကျန်တာမဟုတ်ဘဲ ဘီလီလမင်းအေးအကြောင်းပါ။
ကိုယ်သွားကြည့်တာ Result Show ဆိုတော့ ကျော်ထက်အောင်က သုံးယောက်လုံးကို စင်ပေါ်တစ်ပြိုင်တည်းခေါ်လိုက်တည်းက သားငယ် သားငယ် ပိုုးမီ ပိုးမီ ဆိုတဲ့အသံတွေသာ ညံသွားပြီး ဘီလီ ဆိုတဲ့အသံလေးတွေ တိမ်ဝင်သွားရော။ အမှန်မှာလဲ ပိုးမီဖန်တွေ သားငယ်ဖန်တွေ တောင့်သလောက် ဘီလီဖန်တွေဟာ လာကြည့်တဲ့အရေအတွက် အရမ်းနည်းပါတယ်။
အဲ့ဒီ Complex ကြီးတစ်ခုလုံးကို ငါးပုံပုံရင် ဘီလီဖန်က ၁ ပုံပဲပါတာဖြစ်ပြီး ကိုယ်တွေကအခြမ်းက ပိုးမီ ဟိုဘက်ခြမ်းက သားငယ်။ ကိုယ်တွေရဲ့ ညာဘက်အစွန်းဘက်မှာမှ ဘီလီ့ဖန်က တစ်ခြမ်းလေးပဲ။ သူတို့သုံးယောက် စင်ပေါ်မှာရှိနေကြချိန်တစ်လျှောက်လုံး သားငယ်နဲ့ ပိုးမီဆိုတဲ့အသံတွေသာ ဖုံးနေတဲ့အချိန် ကိုယ်ဂရုစိုက်မိသွားတာ ဘီလီမျက်နှာလေးကိုပဲ။
စဉ်းစားကြည့်လေ။ စာအတူတူတော်တဲ့ ကျောင်းသားသုံးယောက် စာမေးပွဲအမှတ်စာရင်း စောင့်နေကြချိန် ဆရာမက ဒီဘက်နှစ်ယောက်ကိုကျ "ဟယ် တော်လိုက်တာ စိတ်မပူနဲ့ အကောင်းဆုံးပဲ" ဆိုပြီး နှစ်သိမ့်နေသလောက် ကျန်တဲ့တစ်ယောက်ကျတော့ "ဖြေနိုင်တယ်မလား ရမှာပါ" လောက်သာ လောကွတ်လုပ်တဲ့အချိန်တွေကို ကျန်တဲ့တစ်ယောက်ရဲ့ စိတ်ထဲ ဘယ်လိုဖြစ်နေမယ်ဆိုတာ ကိုယ်တိုင်ကြုံဖူးကြရင် ကိုယ်ချင်းစာတတ်ကြမှာပါ။
အဲဒီချိန်မှာ အဲ့ကလေးမ မျက်နှာလေးဟာ ကိုယ် TV မှာပဲ မြင်ဖူးနေတဲ့ ချေနေတဲ့ရုပ် စိတ်ပုပ်နေတဲ့ရုပ်ဆိုတာ မဟုတ်ဘဲ သူ့ခမျာ သူ့ကိုယ်သူအားတင်းနေရတဲ့မျက်နှာ စိတ်ပူတာ စိုးရိမ်တာ အားငယ်တာကို ဟန်မဆောင်တတ်ပဲ ဖြစ်လာတဲ့ မျက်နှာမျိုးလို့ ခံစားလိုက်ရတယ်။ သနားလဲသနားသွားတယ်။
တကယ်တမ်း သီချင်းဆိုပြိုင်ခဲ့တဲ့နေ့တွေတုန်းက ဒီကလေးမ ဘယ်လိုစိတ်မျိုးနဲ့ အားတင်းပြိး ပြိုင်ခဲ့ပါလိမ့်ဆိုပြီးလဲ စိတ်မကောင်းဖြစ်သွားတယ်။
ဒါတောင် ကိုယ်ကြည့်မိတာ Result Show ပါ။ သားငယ် Safe ဖြစ်သွားတယ်လို့ ကြော်ငြာအပြီး ဟိုဘက်ကသားငယ်ဖန်တွေကပါ ပိုးမီ ပိုးမီဆိုပြီးထအော်နေကြချိန် ဒီ Hall ကြီးထဲမှာ ဒီကလေးမတစ်ယောက် ဘယ်လိုအားတင်းပြီး ရပ်နေရမလဲ တကယ်ခံစားကြည့်ရင် ကြက်သီးထမိတယ်။ ချီးလဲချီးကျူးမိတယ်။
Billy နဲ့ပတ်သက်ပြီး ကိုယ်သိတာဆိုလို့ သူဆေးရုံးကဆင်းတော့ Live ဗီဒီယို Clip လေး တစ်ချက်ကြည့်ဖူးတာရယ် သူ့ကို Review ရေးထားတာရယ်ပဲရှိတာ။ (ဒါတောင် ဘီလီဘက်လိုက်ပြီး ရေးတယ်ထင်လို့ အဆုံးထိတောင် မဖတ်ဖြစ်ဘူး)။ TV မှာ သူတို့လေးတွေရဲ့ မျက်နှာကိုသာပြထားပြီး အပြင်ကအခြေအေနေကို ဘာမှမသိတဲ့သူတွေအနေနဲ့ သူ့ကိုဒီလိုမျိုးကောက်ချက်ချမိကြတယ်။ ဒီလိုအချိန်မှာ သူ့မျက်နှာဟာ အဲ့လိုမှဖြစ်မနေရင် ဘယ်လိုနေမလဲ။ ကိုယ်သာသူ့နေရာမှာဆိုရင်ဆိုပြီး ဝင်ကြည့်မိတယ်။ သူလူတွေအများကြီးရှေ့မှာ ဖျော်ဖြေနေပေမယ့် အဲ့လူတွေက သူ့ကိုမကောင်းတဲ့မှတ်ချက်မျိုးနဲ့ပဲ စောင့်ကြည့်နေကြတယ်။ သူ့အတွက် အားဖြစ်စေမယ့် လက်ခုပ်သံဆိုတာ အရမ်းတိတ်ဆိတ်လွန်းတယ်။ (သားငယ်နဲ့ ပိုးမီအတွက် လက်ခုပ်သံတွေမစဲသလောက်) ။ သူ့ရဲ့ ဟန်မဆောင်တတ်တဲ့ မျက်နှာလေးတစ်ခုကြောင့် သူ့အတွက် comment တွေဟာ ပိုပိုဆိုးလာခဲ့တာ။
အဲဒီချိန်မှာပဲ ကျော်ထက်အောင်က နောက်တစ်ဆင့်တက်သွားတာ Billyလမင်းအေး ဆိုပြီး ကြော်ငြာလိုက်တော့ ကိုယ်ကျေနပ်သွားတယ် စိတ်ချမ်းသာသွားတယ်။ ကလေးမလေးကိုကြည့်ပြီးလဲ မုဒိတာပွားမိတယ်။ သူလေးဟာ သူ့ကိုစောင့်ကြည့်နေကြတဲ့ ကင်မရာအန်ဂယ်လ်ပေါင်းများစွာ လူတွေမျက်စိပေါင်းများစွာရှေ့မှာ ပျော်တာတောင် ရဲရဲဝံ့ဝံ့မပျော်ရဲရှာဘူး။ လူတွေက သူ့ကိုဟန်ဆောင်ကြတယ်လို့ ပြောကြပေမယ့် ကိုယ့်အမြင်မှာ သူက လုံးဝဟန်မဆောင်တတ်ရှာဘူးပဲလို့ ခံစားမိစေတယ်။ သူဟန်မဆောင်တတ်လို့သာ ဒီလိုပုံလေးတွေတက်လာပြီး သူ့ကိုအထင်လွဲတာတွေ ဖြစ်စေနေတာ။
အမှန်မှာ ကိုယ်ဟာ အစတည်းက Grand Final ကို သားငယ်နဲ့ ပိုးမီကိုပဲ တက်စေချင်ခဲ့တာပါ။ ခြောက်နာရီထိုးကာနီး ၁ မိနစ်အလိုမှာပဲ ရုံးကညီမလေးတွေ သတိတရပြောလို့ ပိုးမီကို SMS ၅ စောင် Vote ခဲ့ပါသေးတယ်။ ပိုုးမီပြုတ်သွားပြီး Billy တက်သွားတဲ့အတွက် အရင်တုန်းကလိုသာဆို ဒေါသထွက် စိတ်တိုတဲ့လူတွေထဲ ကိုယ်ပါပါဦးမှာပါ။ ဒါပေမယ့် အပြင်မှာဖြစ်နေတဲ့ အခြေနေတွေကို မြင်လိုက်ရတည်းက ကိုယ်ဟာ ပိုးမီစင်ပေါ်ကနေ Billy အတွက် လက်ခုပ်တီးပြီး တစ်ချိန်လုံး အားပေးခဲ့ရတာကို ကျေနပ်မိတယ်။ ကိုယ်တစ်ယောက်တည်းတင် မဟုတ်ဘဲ ကိုယ့်ဘေးက ကင်မရာမန်းလေးတွေကလဲ Billy ဆို လက်ခုပ်ထထတီးကြတာ သတိထားမိတော့ ကျေနပ်ရသေးတယ်။
Billy ရဲ့ နောက်ခံ Background က ဘာရှိတယ် ဘယ်လိုတွေ ပတ်သက်တယ် သူ Vote ရတာ ဘာညာဆိုပြီး ပြောနေကြပေမယ့် သူ့လိုပြိုင်ပွဲဝင်တစ်ယောက်ဟာ သူ့အရည်အချင်းကိုပြပြီးမှ သူ့ပရိသတ်ရှိမှာသာ သူ့နောက်ခံ Background တွေက ဝန်းရံမှာဖြစ်လို့ အရေးကြီးဆုံးက သူ့အရည်အချင်းကို အရင်ထုတ်ပြဖို့ပါပဲ။
ဘယ်လောက် အရည်းအချင်းရှိရှိ စိတ်ဓါတ်အင်အားနဲ့ တိုက်ခိုက်ရင် ကျရှုံးတတ်တယ်ဆိုတာ သိထားတဲ့သူမို့ အခုလို စိတ်ဓါတ်မာမာနဲ့ နောက်ဆုံးအဆင့်ထိ တက်သွားခဲ့တာ Billy လမင်းအေးရဲ့ အောင်မြင်မှုတစ်ခုလို့ပဲ မှတ်ချက်ချမိတော့တာပဲ။
P.S ကိုယ်ဟာ Billy ဖန်မဟုတ်ခဲ့ဘဲ ကိုယ်ချင်းစာစိတ်လေး အရင်းပြုပြီး Billy အကြောင်းတစ်ဖွဲ့တစ်နွဲ့ရေးလိုက်မိတဲ့သူပါ။
မိုးအိပ်မက်
www.apannpyay.com
Subscribe to:
Post Comments
(
Atom
)
Loading...
0 comments :
Post a Comment