မင်္ဂလာဦးည ဆိုတာ အပျိုလေးတွေမသိပါဘူး


“ဟင်… ဒီလောက်တောင်လား!!!”
Credit: ကနောင်သားလေး
Unicode
ပူပူနွေးနွေး မင်္ဂလာဆောင် ပြီး ကာစ ကောင်မလေး ကို သူ့သူငယ်ချင်း အပျိုမ တစ်သိုက် က တိုးတိုးတိတ်တိတ်မေးသည်။  
“ဟဲ့… နင့်မှာ မျက်တွင်းတွေကိုကျလို့ တစ်ညလုံးမအိပ်ဘူးလား???
 မင်္ဂလာဦးည အတွေ့အကြုံလေး ငါတို့သိရအောင်ပြောပြပါလား?”   
 “တော်ပါပြီဟာ မပြောချင်ပါဘူး”
“ပြောပါဟာ နင်ကလည်း ငါတို့တွေဗဟုသုတရတာပေါ့”   
“အို… ကိုယ့်အကြောင်းကိုယ်ပြောရမှာ ရှက်စရာကြီး”
“ပြောပါဟာ နင်ကလည်း… အချင်းချင်းတွေပဲဟာ”
“ဒီလောက်တောင်သိချင်နေကြလည်း ပြောပြမယ်ဟာ။ မနေ့ညက တစ်ညလုံးမအိပ်ရဘူးဟ”
“ဟင်… ဒီလောက်တောင်လား!!!”
“အေးလေ… လက်ဖွဲ့တွေဝေစုခွဲကြရင်း လင်မယားနှစ်ယောက် ရန်သတ်နေကြတာ မိုးလင်းပေါက်ပဲဟေ့…”
Credit: ကနောင်သားလေး

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...