သခွါးခင်းစောင့်တဲ့ ကောင်မလေးကို ချစ်သူတော်ထားတဲ့ ကျွန်တော့် အဖြစ်..။
(ApannPyay Admin)
(www.apannpyay.com)
=============
ကျွန်တော်တောသားတစ်ယောက်ပါ... ကျွန်တော့်မှာ ချစ်သူရှိတယ်... အဲ့ဒီချစ်သူကလည်း ကျွန်တော်တို့ရွာ မြောက်ဘက်ရွာကဆိုတော့ တောသူလေးပဲပေါ့...
ကျွန်တော်ပြောချင်တာက ဒီလိုဗျ...
သူနဲ့ ကျွန်တော် ချစ်သူဖြစ်သွားခဲ့ရတဲ့ အကြောင်းလေးပါ...။ စပြောရမယ်ဆိုရင် သခွါးသီးကစတဲ့ ဇာတ်လမ်းလေးပေါ့..။ အခုရက်ပိုင်း အွန်လိုင်းပေါ်မှာ သခွါးသီးတွေ သောင်းကျန်းနေတာ တွေ့လို့ သတိရပြီး ပြောချင်စိတ်ပေါက်လာလို့ပါ...။
ဒီလိုပါ.. တစ်နေ့ ကျွန်တော့်ကို ကျွန်တော့် အမေက မြောက်ဘက်ရွာကို သွားပြီး ငပိဖိုးရစရာ ရှိတဲ ့အိမ်သုံးအိမ်ကို အကြွေးသွားတောင်းခိုင်းတယ်..။ ကျွန်တော်လည်း မသွားချင်သွားချင် နဲ့ အမေ့ကိုကြောက်တော့ သွားလိုက်ရတာပေါ့...။
ကျွန်တော်သွားတဲ့ လမ်းနဲ့ မလှမ်းမကမ်းလောက်မှာ စိမ်းစိမ်းစိုစိုနဲ့ သခွါးခင်းတစ်ခင်း တွေ့ပါလေရော.... ကျွန်တော်ကလည်း သခွါးသီးဆိုရင် အလွှတ်ကြိုက်သပေါ့...
ဒါနဲ့ ကျွန်တော်လည်း စားချင်စိတ်ဇောနဲ့ သခွါးခင်းရှိရာ ဘက်ကို ဦးတည်ပြီး သွားမယ်အလုပ် တဲလေးတစ်လုံးကို သတိထားမိလေရော... လှမ်းကြည့်တော့လည်း လူကမတွေ့ဘူး.. တဲထဲမှာတော့ လူရှိမယ်ထင်တယ်ဆိုပြီး... သခွါးခင်းပိုင်ရှင်စီကို သခွါးသီးတစ်လုံး တောင်စားမယ်ဆိုတဲ့ အတွေးနဲ့ တဲရှိရာကိုခပ်သုတ်သုတ် သွားခဲ့တာပေါ့...
တဲနားလည်းရောက်ရော ခြေသံကြားလို့ထင်တယ်.. တဲထဲက ကောင်မလေးတစ်ယောက် ပျာသည့်ပျာယာ ထွက်လာတယ်.. သူ့ကိုကြည့်တော့ ကျွန်တော် တဲနားသွားခဲ့တဲ့ ရည်ရွယ်ချက်တောင် ပျောက်သွားတယ်... သူက သိပ်လှတာကိုးဗျ...။
ဒါနဲ့ပဲ ကျွန်တော်က လက်ရဲ ဇက်ရဲဆိုတော့ ဘာရမလဲ... သခွါးသီးတောင်းမစားတော့ပဲ... ရည်းစားစကားပြောတော့တာပေါ့...။ ကောင်မလေးက အစတော့ ရှက်သလိုလို ကြောက်သလိုလိုနဲ့ပေါ့...။ ကျွန်တော်ကလည်း စကားကြွယ်တယ်... အထာနပ်ပြီးသား... ပါကလည်း ခပ်ဖြောင့်ဖြောင့်ဆိုတော့ ကောင်မလေး အဲ့နေရာမှာပဲ... ကျွန်တော်နဲ့ ချစ်သူဖြစ်သွားကြတာပေါ့...။
ကျွန်တော်ပြောချင်တာက အခုမှ အရေးကြီးတာဗျ... ကျွန်တော်တို့ ချစ်သူဖြစ်ကတည်းက အခုချိန်ထိ သူကလည်းကျွန်တော့်ကို ချစ်တယ်... ကျွန်တော်ကလည်း သူ့ကို ချစ်တယ်....။
ဒါပေမယ့်... ။ အခုရက်ပိုင်း ကျွန်တော် ပေါက်ကရတွေ တွေးတွေးနေမိနေတယ်...။ အွန်လိုင်းပေါ်မှာကလည်း သခွါးသီးတွေသောင်းကျန်းနေတယ်...။ ?????????????????????????????????????????? အဲ့လိုပေါ့...။ မဖြစ်နိုင်လောက်ပါဘူးနော်...။ ကျွန်တော် အစိုးရိမ်လွန်နေတာဖြစ်မှာပါနော....။
ကျွန်တော့် ချစ်သူကောင်မလေးကလည်း အခုထိ သခွါးခင်းစောင့်နေသေးတယ်...။ ကျွန်တော့်ကို တစ်ခုခုပြောချင်တာများ ရှိရင်... ကွန်မန့်ကနေ ပွင့်ပွင့်လင်းလင်း ပြောခဲ့ကြပါလားဗျာ...။
ကျွန်တော့် စိတ်ထဲမှာ တစ်ခုခု ခုနေသလိုပဲ.....။
အပန်းပြေ ပျော်စရာ အဖြစ် အပျင်းပြေသဘောဖြင့် ရေးမိရေးရာ ရေးမိခြင်းပါ..။
မည်သည့်စာမျက်တွင် မဆို (Credit to ApannPyay) ဖြင့် ကူယူဖော်ပြနိုင်ပါသည်..။
(ApannPyay Admin)
(www.apannpyay.com)
Admin Unknown
ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။
0 comments :
Post a Comment
Loading...