ထင္ေပၚလို႔ စင္ေတာ္ေကာက္ခံရမယ္လို႔ သူေတြးမိမယ္မထင္ဘူး ။

တစ္ေန႔မွာ ထင္ေပၚလို႔ စင္ေတာ္ေကာက္ခံရမယ္လို႔ သူေတြးမိမယ္မထင္ဘူး ။
၀ရွိလို႔ ၀ိ လုပ္သြားတဲ့ လူတစ္ေယာက္ ( သို႔ ) သားငယ္

ရခိုင္ျပည္နယ္ မာန္ေအာင္က်ၽြန္း မာန္ေအာင္ၿမိဳ ့ေလးက ရခိုင္တိုင္းရင္းသားလူငယ္ေလးတစ္ေယာက္ ။
႐ုပ္ရွင္သ႐ုပ္ေဆာင္ အကယ္ဒမီ ေနတိုး နဲ႔ မင္းေသြးတို႔ရဲ့ ေမြးဖြာရာဇာတိၿမိဳ ့ေလးကေပါ့ ။
Myanmar Idol စင္ျမင့္ထက္ကိုမေရာက္ခင္က ရိုးရိုးသားသား အေၾကာ္ေၾကာ္ရင္း သီခ်င္းၿငီးတဲ့ သာမန္လူငယ္ေလး ။
တစ္ေန႔မွာ ထင္ေပၚလို႔ စင္ေတာ္ေကာက္ခံရမယ္လို႔ သူေတြးမိမယ္မထင္ဘူး ။

သို႔ေပမယ့္ သူ႔မွာ ႀကိဳးစားခ်င္စိတ္ရွိတယ္ ... ထက္သန္တဲ့ေအာင္ျမင္ခ်င္တဲ့ဇြဲရွိတယ္ ...
ပရိတ္သတ္ကိုေဖ်ာ္ေျဖဖို႔ ၀ါသနာႀကီးခဲ့ပုံက ၇ တန္း ၈ တန္း အရြယ္မွာထဲက စုံညီပြဲေတာ္မွာ ေအာ္ပရာဝင္ကခဲ့သူ ။ ဝဝလုံးလုံးေလးနဲ႔ရေသ့ေနရာမွာ ဝင္ေရာက္သ႐ုပ္ေဆာင္တဲ့အခါ ပီျပင္လြန္းလို႔ ၂ ညတိုင္တိုင္ပရိတ္သတ္အားေပးမႈကို ရရွိခဲ့သူပါ ။

အခြင့္အေရးရတဲ့အခ်ိန္မွာ Myanmar Idol စင္ျမင့္ထက္ကေန ျမန္မာနိုင္ငံတစ္နိုင္ငံလုံးက ပရိတ္သတ္ေတြကို ေဖ်ာ္ေျဖခြင့္ရေတာ့လဲ
ဦးဝင္းဦးရဲ့ ေမဘရဏီ သီခ်င္းကို ပခုံးေလး လႈပ္ကာ လႈပ္ကာနဲ႔ ေဖ်ာ္ေျဖသြားပုံက
ပရိတ္သတ္ေတြပါးစပ္ဖ်ားေရပန္းစားၿပီး ေမဘရဏီဆိုတာနဲ႔ သူ႔အလႈပ္ကေလးကိုတြဲျမင္ေယာင္ေစသူပါ ။

ျမန္မာျပည္ ဦးသိန္းတန္ေျပာတဲ့ ေရွ ့ဆက္ခုတ္ေမာင္းမယ့္ ၾကယ္ငါးပြင့္သေဘာႀကႌး ၊ မတင္ဇာေမာ္ေျပာတဲ့
ခ်စ္ဆုံးႀကီး ကေတာ့ Final ၿပိဳင္ပြဲမတိုင္ခင္ထဲက သ႐ုပ္ေဆာင္မင္းေသြးက ဆုရရမရရ အျပဳံးနဲ႔ဆက္သြားဖို႔အားေပးတဲ့အခါ
" ပရိတ္သတ္ေတြခ်စ္တာကို ပိုလိုခ်င္ပါတယ္ " လို႔ ေျပာခဲ့ေပမယ့္ ယခုေတာ့ ပရိတ္သတ္အခ်စ္ အျပင္
Winner ဆုကိုပါ ဆြတ္ခူးရရွိသြားခဲ့ပါၿပီ ... ပဲေၾကာ္ဆိုင္ေလးကေန သူသိပ္ျဖစ္ခ်င္ခဲ့တဲ့ အဆိုေတာ္ဘဝကို
တစ္ဆစ္ခ်ိဳးေျပာင္းလဲနိုင္ခဲ့ပါၿပီ ။ အိပ္မက္ေတြက မက္႐ုံပဲမဟုတ္ဘူး လက္ေတြ႕အေကာင္အထည္ေဖာ္ဖို႔ဆိုတာကို
သူသက္ေသျပသြားခဲ့ပါတယ္ ။

Source : Sithu Aung
==============

ဝရှိလို့ ၀ိ လုပ်သွားတဲ့ လူတစ်ယောက် ( သို့ ) သားငယ်

ရခိုင်ပြည်နယ် မာန်အောင်ကျျွန်း မာန်အောင်မြို ့လေးက ရခိုင်တိုင်းရင်းသားလူငယ်လေးတစ်ယောက် ။
ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ နေတိုး နဲ့ မင်းသွေးတို့ရဲ့ မွေးဖွာရာဇာတိမြို ့လေးကပေါ့ ။
Myanmar Idol စင်မြင့်ထက်ကိုမရောက်ခင်က ရိုးရိုးသားသား အကြော်ကြော်ရင်း သီချင်းငြီးတဲ့ သာမန်လူငယ်လေး ။
တစ်နေ့မှာ ထင်ပေါ်လို့ စင်တော်ကောက်ခံရမယ်လို့ သူတွေးမိမယ်မထင်ဘူး ။

သို့ပေမယ့် သူ့မှာ ကြိုးစားချင်စိတ်ရှိတယ် ... ထက်သန်တဲ့အောင်မြင်ချင်တဲ့ဇွဲရှိတယ် ...
ပရိတ်သတ်ကိုဖျော်ဖြေဖို့ ၀ါသနာကြီးခဲ့ပုံက ၇ တန်း ၈ တန်း အရွယ်မှာထဲက စုံညီပွဲတော်မှာ အော်ပရာဝင်ကခဲ့သူ ။ ဝဝလုံးလုံးလေးနဲ့ရသေ့နေရာမှာ ဝင်ရောက်သရုပ်ဆောင်တဲ့အခါ ပီပြင်လွန်းလို့ ၂ ညတိုင်တိုင်ပရိတ်သတ်အားပေးမှုကို ရရှိခဲ့သူပါ ။

အခွင့်အရေးရတဲ့အချိန်မှာ Myanmar Idol စင်မြင့်ထက်ကနေ မြန်မာနိုင်ငံတစ်နိုင်ငံလုံးက ပရိတ်သတ်တွေကို ဖျော်ဖြေခွင့်ရတော့လဲ
ဦးဝင်းဦးရဲ့ မေဘရဏီ သီချင်းကို ပခုံးလေး လှုပ်ကာ လှုပ်ကာနဲ့ ဖျော်ဖြေသွားပုံက
ပရိတ်သတ်တွေပါးစပ်ဖျားရေပန်းစားပြီး မေဘရဏီဆိုတာနဲ့ သူ့အလှုပ်ကလေးကိုတွဲမြင်ယောင်စေသူပါ ။

မြန်မာပြည် ဦးသိန်းတန်ပြောတဲ့ ရှေ ့ဆက်ခုတ်မောင်းမယ့် ကြယ်ငါးပွင့်သဘောင်္ကြီး ၊ မတင်ဇာမော်ပြောတဲ့
ချစ်ဆုံးကြီး ကတော့ Final ပြိုင်ပွဲမတိုင်ခင်ထဲက သရုပ်ဆောင်မင်းသွေးက ဆုရရမရရ အပြုံးနဲ့ဆက်သွားဖို့အားပေးတဲ့အခါ
" ပရိတ်သတ်တွေချစ်တာကို ပိုလိုချင်ပါတယ် " လို့ ပြောခဲ့ပေမယ့် ယခုတော့ ပရိတ်သတ်အချစ် အပြင်
Winner ဆုကိုပါ ဆွတ်ခူးရရှိသွားခဲ့ပါပြီ ... ပဲကြော်ဆိုင်လေးကနေ သူသိပ်ဖြစ်ချင်ခဲ့တဲ့ အဆိုတော်ဘဝကို
တစ်ဆစ်ချိုးပြောင်းလဲနိုင်ခဲ့ပါပြီ ။ အိပ်မက်တွေက မက်ရုံပဲမဟုတ်ဘူး လက်တွေ့အကောင်အထည်ဖော်ဖို့ဆိုတာကို
သူသက်သေပြသွားခဲ့ပါတယ် ။

Source : Sithu Aung

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...