ေဒါသထြက္ေနတဲ့အခ်ိန္မွာ ဘာလုပ္ေနရမလဲ

ေဒါသထြက္ေနတဲ့အခ်ိန္မွာ ဘာလုပ္ေနရမလဲ

စိတ္တိုတယ္၊ ေဒါသထြက္တဲ့အခါမွာ လူက မႊန္ထူေနတာေၾကာင့္ ဘာမွကို မျမင္ေတာ့ဘူး။ ဒီလို ေပါက္ကဲြေနတဲ့အခ်ိန္ေတြမွာ ကိုယ့္ကိုယ္ကို မထိန္းဘဲ ေျပာခ်င္ရာေျပာ လုပ္ခ်င္ရာလုပ္မယ္ဆိုရင္ မ်ားေသာအားျဖင့္ အမွားပါတတ္ပါတယ္။ ကုိယ့္ေဒါသကုိ ကုိယ္သိၿပီး စိတ္ထိန္းႏိုင္တဲ့သူေတြ ျဖစ္ေအာင္ ဘယ္လို ေလ့က်င့္လို႔ ရမလဲ။ စိတ္ကို ထိန္းႏိုင္တဲ့သူဆိုတာ အၿမဲတမ္း သတိရွိေနတဲ့သူ ျဖစ္ပါတယ္။ သတိနဲ႔ေနတဲ့အခါမွာ အက်ိဳးရွိတဲ့အလုပ္ေတြကုိ မ်ားမ်ားလုပ္ႏိုင္ၿပီး စိတ္ေက်နပ္မႈရွိတဲ့သူ၊ စိတ္ခ်မ္းသာတဲ့သူေတြ ျဖစ္လာပါတယ္။ ဒီေတာ့ စိတ္တို ေဒါသထြက္ေနခ်ိန္မွာ ဘာေတြ လုပ္ႏိုင္သလဲ ၾကည့္ရေအာင္။

ေဒါသအႀကီးႀကီးထြက္ၿပီဆိုရင္ ဘာမွလုပ္မေနဘဲ ငုတ္တုတ္သာ ထိုင္ေနလိုက္ပါ။ "စိတ္တိုေနတာလား" လို႔ တစ္ေယာက္ေယာက္က လာေမးရင္ "ဟင့္အင္း မတိုပါဘူး။ ရတယ္.. ေအးေဆး.." ဆိုၿပီး စိတ္မတိုသလိုလို ဟန္ေဆာင္မေနပါနဲ႔။ တကယ္က စိတ္တိုရင္ တိုတယ္၊ ေဒါသထြက္ရင္ ထြက္တယ္ဆိုၿပီး လက္ခံလိုက္ရုံပါပဲ။ ေဒါသထြက္ေနရင္ ထြက္ေနမွန္းသိေနရင္္ ၿပီးတာပါပဲ။ ကိုယ့္ကိုယ္ကို ထိန္းခ်ဳပ္ထားဖို႔ လိမ္ညာဖို႔ မလိုအပ္ပါဘူး။

ေဒါသထြက္လာၿပီဆိုရင္ ဝုန္းဒိုင္းႀကဲတတ္သူေတြရွိတယ္။ ေပါက္ကဲြတာေတာ့ လူတိုင္းေပါက္ကဲြၾကပါတယ္။ ဒါေပမယ့္ ေပါက္ကဲြတတ္ဖို႔ေတာ့ လိုအပ္တာေပါ့ေလ။ ဒီဆိုးရြားတဲ့ ခံစားမႈကို ဘယ္အေပါက္ကေန သြားထုတ္ရမလဲ။ တစ္ခ်ိဳ႕က ပစၥည္းေတြ ေကာက္ေပါက္တတ္တယ္။ တစ္ခ်ိဳ႕က အားးးး ဆိုၿပီး ေအာ္ပစ္လိုက္တယ္။ ဒီလိုေတြ လုပ္ရင္ ရုပ္ေပါက္တယ္။ ေဒါသထြက္တုန္းခဏ သင္လုပ္လိုက္တဲ့အျပဳအမူတစ္ခ်ိဳ႕က ေနာက္ရက္ေတြမွာ အက်ည္းတန္တဲ့ အျပဳအမူေတြ ရွက္စရာေကာင္းတဲ့ အျဖစ္အပ်က္ေတြ ျဖစ္ေနတတ္တယ္။

ေဒါသထြက္ေနၿပီဆိုရင္ ခႏၶာကိုယ္မွာ ျဖစ္ေနတဲ့ အရာေတြကိုသာ အာရုံစိုက္ေနလိုက္ပါ။ အသည္းေတြ ယားၿပီး ခံျပင္းတဲ့စိတ္နဲ႔ မ်က္ႏွာေတြ၊ ေျခေတြ၊ လက္ေတြ ပူတက္လာတာမ်ိဳး ခံစားရမယ္။ ေဒါသက ဗိုက္ထဲကေန ရင္ဘတ္၊ ရင္ဘတ္ကေန ငယ္ထိပ္အထိ အလိပ္လိုက္ လွိမ့္ၿပီးတက္တက္လာမယ္။ လည္ပင္းေၾကာႀကီးေတြ ေထာင္တက္လာတာလား။ ရင္ဘတ္ထဲမွာ အပူလံုးႀကီး ဆို႔ေနတာလား။ ေဒါသထြက္ေနခ်ိန္မွာ အျပင္ကို ေဒါသေတြ မထုတ္ဘဲ ကိုယ့္ကိုယ္ကို "ငါ ေဒါသထြက္ေနၿပီ။ ငါ ေခါင္းေၾကာႀကီးေတြ တင္းေနပါလား။" ဆိုၿပီး သတိနဲ႔ သိေနၿပီး စိတ္ကိုထိန္းလိုက္ပါ။ ဒီလို လုပ္လို႔  ျပႆနာတက္ေနတာ အဆင္ေျပသြားမွာ မဟုတ္ေပမယ့္ ပိုဆိုးတဲ့ အေျခအေနမေရာက္သြားမွာေတာ့ ေသခ်ာပါတယ္။

ေဒါသထိန္းနည္း

နည္းနည္း စိတ္ၿငိမ္သြားၿပီဆိုမွ က်န္တာေတြ ဆက္လုုပ္ဖို႔ စဥ္းစားပါ။ စကားေျပာတာဆိုတာမွာလည္း အတတ္ႏို္င္ဆံုး ႏူးညံ့ညင္သာစြာ ေျပာဆိုပါ။ ကိုယ္တစ္ေယာက္တည္း မဟုတ္ဘဲ တျခားသူေတြလည္း ေဒါသထြက္ခ်င္ထြက္ေနႏိုင္တာမို႔ ကိုယ့္ဘက္က အတတ္ႏိုင္ဆံုး စိတ္ကို ၿငိမ္ၿငိမ္ထားမယ္ဆိုရင္ သူမ်ားေတြကိုပါ စိတ္ၿငိမ္းေအးေစႏိုင္ပါတယ္။ ျပႆနာ ေျဖရွင္းစရာရွိတယ္ဆိုရင္လည္း ဘယ္လို ေျဖရွင္းၾကမလဲဆိုတာကိုပဲ အာရုံစိုက္ထားပါ။ ဒါမွ ေဒါသကင္းကင္း၊ စိတ္ေအးေအးနဲ႔ ေတြးႏိုင္မွာ ျဖစ္ပါတယ္။ စိတ္ကို အတတ္ႏိုင္ဆံုး ရွည္ရွည္ထားပါ။ လူေတြရဲ႕ ေကာင္းတဲ့အခ်က္ေလးေတြကုိ မၾကာမၾကာ ေတြးေပးပါ။ အထူးသျဖင့္ လူတေယာက္ကို မေက်မနပ္ျဖစ္ေနရင္ သူ႕အေၾကာင္း ေကာင္းတာေလးေတြကုိ ေတြးျဖစ္ေအာင္ ေတြးလိုက္ပါ။

Credit : Duwun

#Unicode Version

စိတ်တိုတယ်၊ ဒေါသထွက်တဲ့အခါမှာ လူက မွှန်ထူနေတာကြောင့် ဘာမှကို မမြင်တော့ဘူး။ ဒီလို ပေါက်ကွဲနေတဲ့အချိန်တွေမှာ ကိုယ့်ကိုယ်ကို မထိန်းဘဲ ပြောချင်ရာပြော လုပ်ချင်ရာလုပ်မယ်ဆိုရင် များသောအားဖြင့် အမှားပါတတ်ပါတယ်။ ကိုယ့်ဒေါသကို ကိုယ်သိပြီး စိတ်ထိန်းနိုင်တဲ့သူတွေ ဖြစ်အောင် ဘယ်လို လေ့ကျင့်လို့ ရမလဲ။ စိတ်ကို ထိန်းနိုင်တဲ့သူဆိုတာ အမြဲတမ်း သတိရှိနေတဲ့သူ ဖြစ်ပါတယ်။ သတိနဲ့နေတဲ့အခါမှာ အကျိုးရှိတဲ့အလုပ်တွေကို များများလုပ်နိုင်ပြီး စိတ်ကျေနပ်မှုရှိတဲ့သူ၊ စိတ်ချမ်းသာတဲ့သူတွေ ဖြစ်လာပါတယ်။ ဒီတော့ စိတ်တို ဒေါသထွက်နေချိန်မှာ ဘာတွေ လုပ်နိုင်သလဲ ကြည့်ရအောင်။


ဒေါသအကြီးကြီးထွက်ပြီဆိုရင် ဘာမှလုပ်မနေဘဲ ငုတ်တုတ်သာ ထိုင်နေလိုက်ပါ။ "စိတ်တိုနေတာလား" လို့ တစ်ယောက်ယောက်က လာမေးရင် "ဟင့်အင်း မတိုပါဘူး။ ရတယ်.. အေးဆေး.." ဆိုပြီး စိတ်မတိုသလိုလို ဟန်ဆောင်မနေပါနဲ့။ တကယ်က စိတ်တိုရင် တိုတယ်၊ ဒေါသထွက်ရင် ထွက်တယ်ဆိုပြီး လက်ခံလိုက်ရုံပါပဲ။ ဒေါသထွက်နေရင် ထွက်နေမှန်းသိနေရင် ပြီးတာပါပဲ။ ကိုယ့်ကိုယ်ကို ထိန်းချုပ်ထားဖို့ လိမ်ညာဖို့ မလိုအပ်ပါဘူး။

ဒေါသထွက်လာပြီဆိုရင် ဝုန်းဒိုင်းကြဲတတ်သူတွေရှိတယ်။ ပေါက်ကွဲတာတော့ လူတိုင်းပေါက်ကွဲကြပါတယ်။ ဒါပေမယ့် ပေါက်ကွဲတတ်ဖို့တော့ လိုအပ်တာပေါ့လေ။ ဒီဆိုးရွားတဲ့ ခံစားမှုကို ဘယ်အပေါက်ကနေ သွားထုတ်ရမလဲ။ တစ်ချို့က ပစ္စည်းတွေ ကောက်ပေါက်တတ်တယ်။ တစ်ချို့က အားးးး ဆိုပြီး အော်ပစ်လိုက်တယ်။ ဒီလိုတွေ လုပ်ရင် ရုပ်ပေါက်တယ်။ ဒေါသထွက်တုန်းခဏ သင်လုပ်လိုက်တဲ့အပြုအမူတစ်ချို့က နောက်ရက်တွေမှာ အကျည်းတန်တဲ့ အပြုအမူတွေ ရှက်စရာကောင်းတဲ့ အဖြစ်အပျက်တွေ ဖြစ်နေတတ်တယ်။

ဒေါသထွက်နေပြီဆိုရင် ခန္ဓာကိုယ်မှာ ဖြစ်နေတဲ့ အရာတွေကိုသာ အာရုံစိုက်နေလိုက်ပါ။ အသည်းတွေ ယားပြီး ခံပြင်းတဲ့စိတ်နဲ့ မျက်နှာတွေ၊ ခြေတွေ၊ လက်တွေ ပူတက်လာတာမျိုး ခံစားရမယ်။ ဒေါသက ဗိုက်ထဲကနေ ရင်ဘတ်၊ ရင်ဘတ်ကနေ ငယ်ထိပ်အထိ အလိပ်လိုက် လှိမ့်ပြီးတက်တက်လာမယ်။ လည်ပင်းကြောကြီးတွေ ထောင်တက်လာတာလား။ ရင်ဘတ်ထဲမှာ အပူလုံးကြီး ဆို့နေတာလား။ ဒေါသထွက်နေချိန်မှာ အပြင်ကို ဒေါသတွေ မထုတ်ဘဲ ကိုယ့်ကိုယ်ကို "ငါ ဒေါသထွက်နေပြီ။ ငါ ခေါင်းကြောကြီးတွေ တင်းနေပါလား။" ဆိုပြီး သတိနဲ့ သိနေပြီး စိတ်ကိုထိန်းလိုက်ပါ။ ဒီလို လုပ်လို့  ပြဿနာတက်နေတာ အဆင်ပြေသွားမှာ မဟုတ်ပေမယ့် ပိုဆိုးတဲ့ အခြေအနေမရောက်သွားမှာတော့ သေချာပါတယ်။

ဒေါသထိန်းနည်း

နည်းနည်း စိတ်ငြိမ်သွားပြီဆိုမှ ကျန်တာတွေ ဆက်လုုပ်ဖို့ စဉ်းစားပါ။ စကားပြောတာဆိုတာမှာလည်း အတတ်နိုင်ဆုံး နူးညံ့ညင်သာစွာ ပြောဆိုပါ။ ကိုယ်တစ်ယောက်တည်း မဟုတ်ဘဲ တခြားသူတွေလည်း ဒေါသထွက်ချင်ထွက်နေနိုင်တာမို့ ကိုယ့်ဘက်က အတတ်နိုင်ဆုံး စိတ်ကို ငြိမ်ငြိမ်ထားမယ်ဆိုရင် သူများတွေကိုပါ စိတ်ငြိမ်းအေးစေနိုင်ပါတယ်။ ပြဿနာ ဖြေရှင်းစရာရှိတယ်ဆိုရင်လည်း ဘယ်လို ဖြေရှင်းကြမလဲဆိုတာကိုပဲ အာရုံစိုက်ထားပါ။ ဒါမှ ဒေါသကင်းကင်း၊ စိတ်အေးအေးနဲ့ တွေးနိုင်မှာ ဖြစ်ပါတယ်။ စိတ်ကို အတတ်နိုင်ဆုံး ရှည်ရှည်ထားပါ။ လူတွေရဲ့ ကောင်းတဲ့အချက်လေးတွေကို မကြာမကြာ တွေးပေးပါ။ အထူးသဖြင့် လူတယောက်ကို မကျေမနပ်ဖြစ်နေရင် သူ့အကြောင်း ကောင်းတာလေးတွေကို တွေးဖြစ်အောင် တွေးလိုက်ပါ။


Credit : Duwun

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...