ထူးထူးဆန္းဆန္း ျမည္းစမ္းၾကည္႔ခ်င္သူမ်ားအတြက္ နာမည္ေက်ာ္ မီးေတာက္ကြမ္းယာ



ကြမ္းယာနဲ႔ ပတ္သက္လာရင္ ျမန္မာနိုင္ငံမွာလို အိႏၵိယနိုင္ငံမွာလည္း ရိုးရာဓေလ႕တစ္ခုလို စာသုံးသူေတြ ရွိပါတယ္။ ျမန္မာနိုင္ငံအတြင္း ကြမ္းပစၥည္းေစ်းကြက္ထဲကုိ အိႏၵိယမွ ကြမ္းစားေဆးမ်ိဳးစုံ ၀င္ေရာက္လာတာကုိ ၾကည္႔ျခင္းအားျဖင္႔ အိႏၵိယမွာကြမ္းယာ သုံးစြဲသူ ဒုနဲ႔ ေဒးရွိလိမ္႔မယ္လို႔ ခန္႔မွန္းရပါတယ္။
ယခု ျမင္ေတြ႔ရတဲ႔ ကြမ္းယာကေတာ႔ ပုံမွန္ကြမ္းယာမွာပါတဲ႔ ကြမ္းသီး ေဆး ထုံး တို႔တင္မက တမူထူးျခားတဲ႔ မီးေတာက္ကုိပါ ၀ါးစားရတဲ႔  မီးေတာက္ကြမ္းယာပဲျဖစ္ပါတယ္။
ဒီမီးေတာက္ကြမ္းယာကုိ အိႏၵိယနိုင္ငံ နယူးေဒလီမွာ ရွိတဲ႔  Pradhuman Shukla ကြမ္းယာဆိုင္က ေရင္းခ်ေပးေနတာျဖစ္ပါတယ္။ ကြမ္းရြက္ထဲကုိ ထုံး၊ ေဆး အစုံအလင္ထည္ျပီး စားသုံးသူကုိ ပါးစပ္ ဟ ခိုင္းထားရပါတယ္။တစ္ရႈးစကၠဴတစ္ခုကုိလည္း ပါစပ္ေအာက္ကေန ခံထားဖို႔ေပးထားပါတယ္။ကြမ္းယာသူ က ကြမ္းယာေပၚကုိ မီး ရိွဳ႕ ျပီး ေဆးရည္ ( ကြမ္းစား ႏွပ္ေဆး )တစ္ခု ထည္႔ပါတယ္။ျပီးတာနဲ႔ စားသုံးသူရဲ႕ ပါးစပ္ထဲ ကုိ ထိုးထည္႕ေပးလိုက္ပါတယ္။အားရပါးရစားရတဲ႔ ဒီကြမ္းယာ ကုိ  ကြမ္းယာ ပုံမွန္စားသူေတြတင္မက စမ္းသပ္ခ်င္တဲ႔ သူေတြပါ လာေရာက္အားေပးၾကပါတယ္။ထူးျခားတာက  ျမန္မာနိုင္ငံမွာလို တစ္ထုပ္စာ ထုပ္ေရာင္းလို႔လည္းမရပါဘူး။ ကြမ္းယာကုိ စိတ္တိုင္းက်ျပင္ဆင္ျပီး ကြမ္းစားသူကုိ  တခါတည္း ခြံ႔ေကြ်းလိုက္ရတာပါ။

huffingtonpost
thadinatin

ကွမ်းယာနဲ့ ပတ်သက်လာရင် မြန်မာနိုင်ငံမှာလို အိန္ဒိယနိုင်ငံမှာလည်း ရိုးရာဓလေ့တစ်ခုလို စာသုံးသူတွေ ရှိပါတယ်။ မြန်မာနိုင်ငံအတွင်း ကွမ်းပစ္စည်းဈေးကွက်ထဲကို အိန္ဒိယမှ ကွမ်းစားဆေးမျိုးစုံ ဝင်ရောက်လာတာကို ကြည့်ခြင်းအားဖြင့် အိန္ဒိယမှာကွမ်းယာ သုံးစွဲသူ ဒုနဲ့ ဒေးရှိလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။
ယခု မြင်တွေ့ရတဲ့ ကွမ်းယာကတော့ ပုံမှန်ကွမ်းယာမှာပါတဲ့ ကွမ်းသီး ဆေး ထုံး တို့တင်မက တမူထူးခြားတဲ့ မီးတောက်ကိုပါ ဝါးစားရတဲ့  မီးတောက်ကွမ်းယာပဲဖြစ်ပါတယ်။
ဒီမီးတောက်ကွမ်းယာကို အိန္ဒိယနိုင်ငံ နယူးဒေလီမှာ ရှိတဲ့  Pradhuman Shukla ကွမ်းယာဆိုင်က ရေင်းချပေးနေတာဖြစ်ပါတယ်။ ကွမ်းရွက်ထဲကို ထုံး၊ ဆေး အစုံအလင်ထည်ပြီး စားသုံးသူကို ပါးစပ် ဟ ခိုင်းထားရပါတယ်။တစ်ရှုးစက္ကူတစ်ခုကိုလည်း ပါစပ်အောက်ကနေ ခံထားဖို့ပေးထားပါတယ်။ကွမ်းယာသူ က ကွမ်းယာပေါ်ကို မီး ရှို့ ပြီး ဆေးရည် ( ကွမ်းစား နှပ်ဆေး )တစ်ခု ထည့်ပါတယ်။ပြီးတာနဲ့ စားသုံးသူရဲ့ ပါးစပ်ထဲ ကို ထိုးထည့်ပေးလိုက်ပါတယ်။အားရပါးရစားရတဲ့ ဒီကွမ်းယာ ကို  ကွမ်းယာ ပုံမှန်စားသူတွေတင်မက စမ်းသပ်ချင်တဲ့ သူတွေပါ လာရောက်အားပေးကြပါတယ်။ထူးခြားတာက  မြန်မာနိုင်ငံမှာလို တစ်ထုပ်စာ ထုပ်ရောင်းလို့လည်းမရပါဘူး။ ကွမ်းယာကို စိတ်တိုင်းကျပြင်ဆင်ပြီး ကွမ်းစားသူကို  တခါတည်း ခွံ့ကျွေးလိုက်ရတာပါ။
thadinatin

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...