ေမာင္းမေက်းရြာ အမ်ိဳးသမီးႏွစ္ေလာင္းျပိဳင္လူသတ္မႈ တရားခံေတြကုိ ဖမ္းမိ

ေမာင္းမေက်းရြာ အမ်ိဳးသမီးႏွစ္ေလာင္းျပိဳင္လူသတ္မႈ တရားခံေတြကုိ ဖမ္းမိ

လြန္ခဲ့တဲ့ ၂၀၁၆ ခုႏွစ္ ဒီဇင္ဘာလ ၂ ရက္ေန႔ည ၁၂ နာရီေလာက္က ခရမ္းၿမိဳ႕နယ္၊ ေမာင္းမေက်းရြာမွာ ေနအိမ္ေပၚတက္ေရာက္ကာ အိပ္ေပ်ာ္ေနသူ အမ်ဳိးသမီးႏွစ္ဦးကုိ သတ္ၿပီး ပစၥည္းေတြယူေဆာင္သြားတဲ့ သူေတြကို ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က ဖမ္းမိခဲ့တယ္လို႔ သိရပါတယ္။

ေမာင္းမေက်းရြာမွာေနတဲ့ မေအးမာဦးက အခင္းျဖစ္ပြားတဲ့ေန႔ မနက္ ၆ နာရီေလာက္မွာ ေယာကၡမေတာ္စပ္သူရဲ႕ ေနအိမ္ကို ထမင္းခ်က္ဖို႔ သြားေရာက္တုန္းမွာ  အရည္ေတြနင္းမိတာကေန ေသြးကြက္ေတြျဖစ္ေနလို႔ အေပၚထပ္ကို တက္ၾကည့္ရာမွာ မျဖဴႏွင္းေ၀နဲ႔ မစႏၵာ၀င္းတို႔မွာ ဓားဒဏ္ရာေတြနဲ႔ ေသဆံုးေနတာကိုေတြ႕ခဲ့ရတယ္လို႔ ဆိုပါတယ္။

မျဖဴႏွင္းေ၀၀တ္ဆင္ထားတဲ့  ေရႊဆြဲႀကိဳး တစ္ကံုး၊ ေရႊဆြဲသီးတစ္ခု၊ ေရႊလက္စြပ္တစ္ကြင္း၊ ေရႊလက္ေကာက္ တစ္ကြင္း၊ HUAWEI G 730 အမ်ဳိးအစား ဆင္းကတ္ပါ အျဖဴေရာင္လက္ကုိင္ဖုန္းတစ္လံုး၊ စုစုေပါင္းတန္ဖုိးေငြက်ပ္ (၁၉၀၀၀၀၀) ကုိယူေဆာင္သြားခဲ့တယ္လို႔ သိရပါတယ္။စံုစမ္းစစ္ေဆးမႈေတြအရ ေမာင္းမေက်းရြာေန ေက်ာ္စုိးႏုိင္(ခ)ကုလားကို ဆက္စပ္စစ္ေဆးမႈေတြအရ ဒဂံုၿမိဳ႕သစ္(ဆိပ္ကမ္း)ၿမိဳ႕နယ္၊ (၈၈)ရပ္ကြက္ေန သိန္းေဇာ္(ခ)ခ်စ္ရင္ထူးက အဆုိပါေနအိမ္မွာ ေငြသိန္း(၁၀၀)ေလာက္ရွိလို႔ ဒီဇင္ဘာလ ၁ ရက္ေန႔ မွာ သြားေရာက္ခိုးယူခဲ့တယ္လို႔ ဆိုပါတယ္။

ျပစ္မႈက်ဴးလြန္ခဲ့သူႏွစ္ဦးက အဆိုပါေနအိမ္ကုိ ဆုိင္ကယ္ျဖင့္သြားေရာက္ခဲ့ကာ ေနအိမ္ထဲကုိ ၀င္ေရာက္ရွာေဖြတုန္းမွာ အိပ္ေပ်ာ္ေနတဲ့အမ်ိဳးသမီးေတြနိုးလာလို႔ ဓားနဲ႔ထုိးသတ္ကာ လက္၀တ္လက္စားေတြနဲ႔ လက္ကိုင္ဖုန္းတစ္ခုကို ယူေဆာင္ထြက္ေျပးခဲ့တာလို႔ သိရပါတယ္။

ဒီျဖစ္စဥ္နဲ႔ ပတ္သတ္ၿပီး ျပစ္မႈက်ဴးလြန္သူေတြကုိ ခရမ္းၿမိဳ႕မရဲစခန္းက (ပ)၇၄၀/ ၂၀၁၆၊ ရာဇသတ္ႀကီးပုဒ္မ-၃၀၂/၃၉၇ နဲ႔ အမႈဖြင့္ထားတယ္လို႔ သိရပါတယ္။
Source & Photos : Yangon Police
=============

မောင်းမကျေးရွာ အမျိုးသမီးနှစ်လောင်းပြိုင်လူသတ်မှု တရားခံတွေကို ဖမ်းမိပြီ

လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့ည ၁၂ နာရီလောက်က ခရမ်းမြို့နယ်၊ မောင်းမကျေးရွာမှာ နေအိမ်ပေါ်တက်ရောက်ကာ အိပ်ပျော်နေသူ အမျိုးသမီးနှစ်ဦးကို သတ်ပြီး ပစ္စည်းတွေယူဆောင်သွားတဲ့ သူတွေကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

မောင်းမကျေးရွာမှာနေတဲ့ မအေးမာဦးက အခင်းဖြစ်ပွားတဲ့နေ့ မနက် ၆ နာရီလောက်မှာ ယောက္ခမတော်စပ်သူရဲ့ နေအိမ်ကို ထမင်းချက်ဖို့ သွားရောက်တုန်းမှာ  အရည်တွေနင်းမိတာကနေ သွေးကွက်တွေဖြစ်နေလို့ အပေါ်ထပ်ကို တက်ကြည့်ရာမှာ မဖြူနှင်းဝေနဲ့ မစန္ဒာဝင်းတို့မှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတာကိုတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

မဖြူနှင်းဝေဝတ်ဆင်ထားတဲ့  ရွှေဆွဲကြိုး တစ်ကုံး၊ ရွှေဆွဲသီးတစ်ခု၊ ရွှေလက်စွပ်တစ်ကွင်း၊ ရွှေလက်ကောက် တစ်ကွင်း၊ HUAWEI G 730 အမျိုးအစား ဆင်းကတ်ပါ အဖြူရောင်လက်ကိုင်ဖုန်းတစ်လုံး၊ စုစုပေါင်းတန်ဖိုးငွေကျပ် (၁၉၀၀၀၀၀) ကိုယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။စုံစမ်းစစ်ဆေးမှုတွေအရ မောင်းမကျေးရွာနေ ကျော်စိုးနိုင်(ခ)ကုလားကို ဆက်စပ်စစ်ဆေးမှုတွေအရ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၈၈)ရပ်ကွက်နေ သိန်းဇော်(ခ)ချစ်ရင်ထူးက အဆိုပါနေအိမ်မှာ ငွေသိန်း(၁၀၀)လောက်ရှိလို့ ဒီဇင်ဘာလ ၁ ရက်နေ့ မှာ သွားရောက်ခိုးယူခဲ့တယ်လို့ ဆိုပါတယ်။

ပြစ်မှုကျူးလွန်ခဲ့သူနှစ်ဦးက အဆိုပါနေအိမ်ကို ဆိုင်ကယ်ဖြင့်သွားရောက်ခဲ့ကာ နေအိမ်ထဲကို ဝင်ရောက်ရှာဖွေတုန်းမှာ အိပ်ပျော်နေတဲ့အမျိုးသမီးတွေနိုးလာလို့ ဓားနဲ့ထိုးသတ်ကာ လက်ဝတ်လက်စားတွေနဲ့ လက်ကိုင်ဖုန်းတစ်ခုကို ယူဆောင်ထွက်ပြေးခဲ့တာလို့ သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သတ်ပြီး ပြစ်မှုကျူးလွန်သူတွေကို ခရမ်းမြို့မရဲစခန်းက (ပ)၇၄၀/ ၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂/၃၉၇ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
Source & Photos : Yangon Police

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...