သင္ အသက္(၂၀မွ ၂၈ )အတြင္း ဆိုုရင္ ဒါကိုုမျဖစ္မေနဖတ္ပါ။

သင္ အသက္(၂၀မွ ၂၈ )အတြင္း ဆိုုရင္ ဒါကိုုမျဖစ္မေနဖတ္ပါ။
အသက္ (၂၀)ေက်ာ္အရြယ္ဟာ ဘ၀မွာ အေကာင္းဆံုးအခ်ိန္ ျဖစ္ပါတယ္။ ခႏၶာကိုယ္မွာအေျပာင္းအလဲေတြျဖစ္လာသလို မိဘ ေတြကလည္း အရြယ္ေရာက္လာသူတစ္ေယာက္အေနနဲ႔ ဆက္ဆံလာခ်ိန္ျဖစ္ပါတယ္။ ၿပီးေတာ့ ဒီအရြယ္မွာ ေငြရွာဖို႔အတြက္ကိုလည္း အရမ္းကိုစိတ္အားထက္သန္ေနၿပီ ျဖစ္ပါတယ္။ ဒီအရြယ္မွာ သင့္အေနနဲ႔ ဘြဲ႕တစ္ခုခုရၿပီးသည္ျဖစ္ေစ မရေသးဘူးျဖစ္ေစ၊(၂၀)ေက်ာ္အရြယ္နဲ႔ ေနာက္ပိုင္းမွာ ေအာင္ျမင္ဖို႔အတြက္ စတင္ျပင္ဆင္တတ္ဖို႔အေရးႀကီးပါတယ္။ အမ်ားစုကေတာ့ ဒီအခ်ိန္မွာ ထူးထူးျခားျခားေျပာင္းလဲမႈေတြကိုလုပ္ေဆာင္ဖို႔နဲ႔ ႀကီးႀကီးမားမားေအာင္ျမင္မႈကို ရယူဖို႔က အရမ္းငယ္ေသးတယ္လို႔ ယူဆတတ္ၾကပါတယ္။ တကယ္ေတာ့ အသက္(၂၀)ေက်ာ္အရြယ္ဆိုတာ သင့္ ရဲ႕ဘ၀ တေလွ်ာက္လံုးမွာ ေအာင္ျမင္မႈေတြဆြတ္ခူးရယူႏိုင္ဖို႔အတြက္ အေလ့အက်င့္ေကာင္းေတြကို စတင္ပ်ိဳးေထာင္ ေမြးျမဴသင့္တဲ့အခ်ိန္ပဲျဖစ္ပါတယ္။ ဒါ့ေၾကာင့္ (၂၀)ေက်ာ္ေတြအတြက္ ဒီေန႔လုပ္ မနက္ျဖန္မွာ ထူးျခားခ်က္ေတြ ခံစားရမယ့္ လုပ္ေဆာင္စရာ(၇)ခုကို ေဖာ္ျပလိုက္ပါတယ္။

၁။ ေလ့လာသင္ယူပါ။

သင့္ ရဲ႕ပညာေရးကိုဆံုးခန္းတိုင္ၿပီလို႔ မသတ္မွတ္လိုက္ပါနဲ႔။ ဆက္လက္ေလ့လာသင္ယူေနဖို႔လိုပါတယ္။ ဒီလိုေျပာလို႔ အလုပ္ထြက္ၿပီး MBA ဘြဲ႔သြားယူဖို႔ ဆိုလိုတာမဟုတ္ပါဘူး။ သင္ တတ္ႏိုင္သမွ် အရာအားလံုးကို သင္ယူတတ္ဖို႔ပဲျဖစ္ပါတယ္။ ဘာမဟုတ္တဲ့အေရးကိစၥအတြက္ အခ်ိန္ေတြအလဟႆကုန္ဆံုးေနမယ့္အစား အခမဲ့တက္ေရာက္ႏုိင္တဲ့ သင္တန္းေက်ာင္း ေတြမွာ ေလ့လာသင္ယူပါ။ အခ်ိန္မရွိဘူးဆိုရင္လည္း အြန္လိုင္ကေန အခမဲ့သင္ၾကားေပးေနတာေတြရွိပါတယ္။ ႀကိဳးစားရွာေဖြ ေလ့လာပါ။

၂။ အမွားလုပ္မိဖို႔ မေၾကာက္ပါနဲ႔။

အျမန္လႈပ္ရွားရင္ မေတာ္တဆမႈ ေတြျဖစ္တတ္ပါတယ္။ ဒါေပမယ့္ မေတာ္တဆမႈ ကိုေၾကာက္ေနရင္ ျမန္ျမန္လႈပ္ရွားႏိုင္မွာမဟုတ္ပါဘူး။ လူအမ်ားစုက အလုပ္ေျပာင္းတာလိုမ်ိဳး ထူးျခားတဲ့ေျပာင္းလဲမႈေတြ လုပ္ရမွာကို မွားသြားမလား စိုးရိမ္ေၾကာက္လန္႔တတ္ၾကပါတယ္။ သင့္အတြက္ တစ္ခုခုအဆင္မေျပဘူးခံစားရရင္ ႐ုန္းထြက္ဖို႔အတြက္ ေၾကာက္ေနလို႔ မျဖစ္ပါဘူး။ နယ္ပယ္သစ္မွာ သင္အခက္ေတြ႔ခ်င္ေတြ႔ႏိုင္ပါတယ္။ ဒါေပမယ့္ ဒီလို႐ုန္းထြက္လုိက္မွသာ သင္ နဲ႔ကိုက္ညီမႈကို ရွာေဖြေတြ႕ရွိႏိုင္မွာျဖစ္ပါတယ္။ တစ္ခုမွတ္ထားရမွာက သင္ဘယ္ႀကိမ္႐ႈံးနိမ့္လဲဆိုတာထက္ သင္ဘယ္ေလာက္ေအာင္ျမင္လဲဆိုတာကိုပဲ လူေတြက အေရးစိုက္ၾကတာပါ။
၃။ အသံုးစရိတ္၊ စုေဆာင္းမႈ နဲ႔ ရင္းႏွီးျမဳပ္ႏွံမႈ

ဒီတစ္ခုကို သင္ စိတ္၀င္စားမွာပါ။ သင့္ရဲ႕ေငြေၾကးနဲ႔ ပတ္သက္ၿပီးဘယ္လို စီမံရမယ္ဆိုတာက အရမ္းကိုအေရးႀကီးပါတယ္။ ကဲ တြက္ႀကည့္ရေအာင္။ အသက္(၂၅)ႏွစ္မွာ စတင္ၿပီး တစ္လမွာ ေဒၚလာ(၂၀၀) စုေဆာင္းတယ္ ဒါမွမဟုတ္ ရင္းႏွီးျမဳပ္ႏွံမႈလုပ္တယ္ ဆုိၾကပါစို႔။ သင့္အေနနဲ႔ စုေဆာင္းရင္းႏွီးျမဳပ္ႏွံေငြရဲ႕တစ္ႏွစ္ကိုု (၅)ရာခိုင္ႏႈန္းပဲ ျပန္ရမယ္ဆိုရင္ေတာင္ အသက္(၆၅)ႏွစ္အရြယ္ေရာက္တဲ့အခါမွ စုစုေပါင္း ေဒၚလာ (၃၀၅၂၀၄) အထိပိုင္ဆိုင္ႏိုင္မွာျဖစ္ပါတယ္။ ဒီလိုမဟုတ္ပဲ (၂၀)ေက်ာ္အရြယ္နဲ႔ (၃၀)အေစာပိုင္းကို လစ္လ်ဴ႐ူၿပီး (၃၅)ႏွစ္မွ စတင္စုေဆာင္းရင္းႏွီးမယ္ဆိုရင္ေတာ့ အသက္(၆၅)ႏွစ္မွာ ေဒၚလာ (၁၆၆၄၅၁) ေလာက္ပဲ ပိုင္ဆိုင္ႏိုင္မွာ ျဖစ္ပါတယ္။

၄။ စာေရးပါ။

ရည္မွန္းခ်က္ ပန္းတိုင္ ေတြ ခ်ေရးပါ။ မွတ္စုု စာအုုပ္မွာ စာေရးပါ။ စာအုပ္တစ္အုပ္ ဒါမွမဟုတ္ စီးပြားေရးစိတ္ကူးေတြ၊ စီမံခ်က္ေတြ၊ လုပ္ခ်င္တာေတြ အားလံုးကို ခ်ေရးထားပါ။ ဒီလို ခ်ေရးထားတာဟာ သင့္ရဲ႕စိတ္ကူးေတြ အေတြးေတြကိုေဖာ္ျပဖို႔အတြက္ အေကာင္းဆံုးနည္းလမ္းျဖစ္ၿပီး သင့္ဦးေႏွာက္ကိုလည္း ဆန္းသစ္တီထြင္ဉာဏ္ေတြ ဖြံ႔ၿဖိဳးလာေစမွာျဖစ္ပါတယ္။ ပိုၿပီး မိုက္တာမ်ိဳးလုပ္ခ်င္လား? သင္စိတ္၀င္စားတဲ့ အေၾကာင္းအရာတစ္ခုနဲ႔ပတ္သက္ၿပီး မွတ္တမ္း တစ္ခုေရးပါ။

၅။ ေလ့က်င့္ခန္းလုပ္ပါ။ တရားမွတ္ပါ။

ခႏၶာကိုယ္ က်န္းမာၾကံ႕ခိုင္ဖို႔အတြက္ လူတိုင္းေလ့က်င့္ခန္းလုပ္သင့္ပါတယ္။ ေလ့က်င့္ခန္းလုပ္ေဆာင္ျခင္းေၾကာင့္ တစ္ေန႔လံုးေနလို႔ေကာင္းေနမွာျဖစ္ၿပီး အခက္အခဲေတြကို ေက်ာ္ျဖတ္ဖို႔ ယုံၾကည္မႈေတြလည္း ပိုရွိလာေစမွာျဖစ္ပါတယ္။ သင့္ရဲ႕ဦးေႏွာက္က်န္းမာဖို႔အတြက္ကေတာ့ တရားထိုင္ေပးရမွာ ျဖစ္ပါတယ္။ တရားထိုင္တာက သင့္ရဲ႕စိတ္ကို ၾကည္လင္လန္းဆန္းေစၿပီး မွန္ကန္တဲ့ အေတြးေတြနဲ႔ ဆံုးျဖတ္ခ်က္ေတြကို ခ်မွတ္ႏိုင္မွာျဖစ္ပါတယ္။ ေနာက္ထပ္နည္းလမ္းတစ္ခုအေနနဲ႔ ေယာဂ ေလ့က်င့္မယ္ဆိုရင္လည္း ျဖစ္ပါတယ္။

၆။ မိမိကိုယ္ကို အျခားလူေတြနဲ႔ မႏႈိင္းယွဥ္ပဲ ကိုယ္ပိုင္စိတ္ကူးအိပ္မက္ေတြကို အာ႐ုံစိုက္ပါ။
သင့္ရဲ႕သူငယ္ခ်င္း ေတြ မိတ္ေဆြေတြ ဘယ္လိုအလုပ္အကိုင္ေကာင္းေတြ လုပ္ေနတယ္၊ ဘယ္လို၀င္ေငြေကာင္းေနတယ္ဆိုတာေတြ လုိက္ၾကည့္ၿပီး ကိုယ့္ကိုယ္ကို စိတ္ပ်က္မေနပါနဲ႔။ ကိုယ္ပိုင္ ရည္မွန္းခ်က္ေတြ၊ စိတ္ကူးအိပ္မက္ေတြကိုပဲ အာ႐ုံစိုက္ပါ။ ရည္မွန္းခ်က္ပန္းတိုင္ဆီကိုေရာက္ဖို႔ သင္တတ္ႏိုင္သမွ်အရာအားလံုးကို သင္ယူေလ့လာႏိုင္ဖို႔ လႈပ္ရွားပါ။

၇။ ေပးကမ္းပါ။

အက်ိဳးေက်းဇူးတစ္စံုတစ္ရာျပန္မရႏိုင္တာေၾကာင့္ အေပးအကမ္းမရွိတာမ်ိဳး မျဖစ္ပါေစနဲ႔။ ျပန္ရဖို႔ကို ေမွ်ာ္လင့္မေနသင့္ပါဘူး။ လူမႈအဖြဲ႕အစည္းေကာင္းက်ိဳးအတြက္ ေပးဆပ္ဖို႔ကို တစ္စကၠန္႔မွ ေႏွာင့္ေႏွ႔မေနပါေစနဲ႔။ ကူညီႏိုင္မယ့္နည္းလမ္းေတြအမ်ားႀကီးရွိပါတယ္။ ေငြေၾကးဥစၥာေပးကမ္းတာမွ မဟုတ္ပါဘူး။ သင္တတ္ထားတဲ့ ပညာေတြကို ေ၀မွ်သင္ၾကားေပးတာမ်ိဳးလည္း လုပ္ႏိုင္ပါတယ္။

အသက္(၂၀)ေက်ာ္အရြယ္ လူငယ္လူရြယ္ေတြဟာ အရာအားလံုးကို စြမ္းေဆာင္ေအာင္ျမင္ႏိုင္တယ္လို႔ ယုံၾကည္ထားၿပီး အေလ့အက်င့္ေကာင္းေတြကို ေမြးျမဴတတ္ဖို႔အေရးႀကီးေၾကာင္း တိုက္တြန္းလိုက္ပါတယ္။
Credit:Original Uploader
=======
သင် အသက်(၂ဝမှ ၂၈ )အတွင်း ဆိုုရင် ဒါကိုုမဖြစ်မနေဖတ်ပါ။
အသက် (၂၀)ကျော်အရွယ်ဟာ ဘဝမှာ အကောင်းဆုံးအချိန် ဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာအပြောင်းအလဲတွေဖြစ်လာသလို မိဘ တွေကလည်း အရွယ်ရောက်လာသူတစ်ယောက်အနေနဲ့ ဆက်ဆံလာချိန်ဖြစ်ပါတယ်။ ပြီးတော့ ဒီအရွယ်မှာ ငွေရှာဖို့အတွက်ကိုလည်း အရမ်းကိုစိတ်အားထက်သန်နေပြီ ဖြစ်ပါတယ်။ ဒီအရွယ်မှာ သင့်အနေနဲ့ ဘွဲ့တစ်ခုခုရပြီးသည်ဖြစ်စေ မရသေးဘူးဖြစ်စေ၊(၂၀)ကျော်အရွယ်နဲ့ နောက်ပိုင်းမှာ အောင်မြင်ဖို့အတွက် စတင်ပြင်ဆင်တတ်ဖို့အရေးကြီးပါတယ်။ အများစုကတော့ ဒီအချိန်မှာ ထူးထူးခြားခြားပြောင်းလဲမှုတွေကိုလုပ်ဆောင်ဖို့နဲ့ ကြီးကြီးမားမားအောင်မြင်မှုကို ရယူဖို့က အရမ်းငယ်သေးတယ်လို့ ယူဆတတ်ကြပါတယ်။ တကယ်တော့ အသက်(၂၀)ကျော်အရွယ်ဆိုတာ သင့် ရဲ့ဘဝ တလျှောက်လုံးမှာ အောင်မြင်မှုတွေဆွတ်ခူးရယူနိုင်ဖို့အတွက် အလေ့အကျင့်ကောင်းတွေကို စတင်ပျိုးထောင် မွေးမြူသင့်တဲ့အချိန်ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် (၂၀)ကျော်တွေအတွက် ဒီနေ့လုပ် မနက်ဖြန်မှာ ထူးခြားချက်တွေ ခံစားရမယ့် လုပ်ဆောင်စရာ(၇)ခုကို ဖော်ပြလိုက်ပါတယ်။

၁။ လေ့လာသင်ယူပါ။

သင့် ရဲ့ပညာရေးကိုဆုံးခန်းတိုင်ပြီလို့ မသတ်မှတ်လိုက်ပါနဲ့။ ဆက်လက်လေ့လာသင်ယူနေဖို့လိုပါတယ်။ ဒီလိုပြောလို့ အလုပ်ထွက်ပြီး MBA ဘွဲ့သွားယူဖို့ ဆိုလိုတာမဟုတ်ပါဘူး။ သင် တတ်နိုင်သမျှ အရာအားလုံးကို သင်ယူတတ်ဖို့ပဲဖြစ်ပါတယ်။ ဘာမဟုတ်တဲ့အရေးကိစ္စအတွက် အချိန်တွေအလဟဿကုန်ဆုံးနေမယ့်အစား အခမဲ့တက်ရောက်နိုင်တဲ့ သင်တန်းကျောင်း တွေမှာ လေ့လာသင်ယူပါ။ အချိန်မရှိဘူးဆိုရင်လည်း အွန်လိုင်ကနေ အခမဲ့သင်ကြားပေးနေတာတွေရှိပါတယ်။ ကြိုးစားရှာဖွေ လေ့လာပါ။

၂။ အမှားလုပ်မိဖို့ မကြောက်ပါနဲ့။

အမြန်လှုပ်ရှားရင် မတော်တဆမှု တွေဖြစ်တတ်ပါတယ်။ ဒါပေမယ့် မတော်တဆမှု ကိုကြောက်နေရင် မြန်မြန်လှုပ်ရှားနိုင်မှာမဟုတ်ပါဘူး။ လူအများစုက အလုပ်ပြောင်းတာလိုမျိုး ထူးခြားတဲ့ပြောင်းလဲမှုတွေ လုပ်ရမှာကို မှားသွားမလား စိုးရိမ်ကြောက်လန့်တတ်ကြပါတယ်။ သင့်အတွက် တစ်ခုခုအဆင်မပြေဘူးခံစားရရင် ရုန်းထွက်ဖို့အတွက် ကြောက်နေလို့ မဖြစ်ပါဘူး။ နယ်ပယ်သစ်မှာ သင်အခက်တွေ့ချင်တွေ့နိုင်ပါတယ်။ ဒါပေမယ့် ဒီလိုရုန်းထွက်လိုက်မှသာ သင် နဲ့ကိုက်ညီမှုကို ရှာဖွေတွေ့ရှိနိုင်မှာဖြစ်ပါတယ်။ တစ်ခုမှတ်ထားရမှာက သင်ဘယ်ကြိမ်ရှုံးနိမ့်လဲဆိုတာထက် သင်ဘယ်လောက်အောင်မြင်လဲဆိုတာကိုပဲ လူတွေက အရေးစိုက်ကြတာပါ။
၃။ အသုံးစရိတ်၊ စုဆောင်းမှု နဲ့ ရင်းနှီးမြုပ်နှံမှု

ဒီတစ်ခုကို သင် စိတ်ဝင်စားမှာပါ။ သင့်ရဲ့ငွေကြေးနဲ့ ပတ်သက်ပြီးဘယ်လို စီမံရမယ်ဆိုတာက အရမ်းကိုအရေးကြီးပါတယ်။ ကဲ တွက်ကြည့်ရအောင်။ အသက်(၂၅)နှစ်မှာ စတင်ပြီး တစ်လမှာ ဒေါ်လာ(၂၀၀) စုဆောင်းတယ် ဒါမှမဟုတ် ရင်းနှီးမြုပ်နှံမှုလုပ်တယ် ဆိုကြပါစို့။ သင့်အနေနဲ့ စုဆောင်းရင်းနှီးမြုပ်နှံငွေရဲ့တစ်နှစ်ကိုု (၅)ရာခိုင်နှုန်းပဲ ပြန်ရမယ်ဆိုရင်တောင် အသက်(၆၅)နှစ်အရွယ်ရောက်တဲ့အခါမှ စုစုပေါင်း ဒေါ်လာ (၃၀၅၂၀၄) အထိပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ဒီလိုမဟုတ်ပဲ (၂၀)ကျော်အရွယ်နဲ့ (၃၀)အစောပိုင်းကို လစ်လျူရူပြီး (၃၅)နှစ်မှ စတင်စုဆောင်းရင်းနှီးမယ်ဆိုရင်တော့ အသက်(၆၅)နှစ်မှာ ဒေါ်လာ (၁၆၆၄၅၁) လောက်ပဲ ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

၄။ စာရေးပါ။

ရည်မှန်းချက် ပန်းတိုင် တွေ ချရေးပါ။ မှတ်စုု စာအုုပ်မှာ စာရေးပါ။ စာအုပ်တစ်အုပ် ဒါမှမဟုတ် စီးပွားရေးစိတ်ကူးတွေ၊ စီမံချက်တွေ၊ လုပ်ချင်တာတွေ အားလုံးကို ချရေးထားပါ။ ဒီလို ချရေးထားတာဟာ သင့်ရဲ့စိတ်ကူးတွေ အတွေးတွေကိုဖော်ပြဖို့အတွက် အကောင်းဆုံးနည်းလမ်းဖြစ်ပြီး သင့်ဦးနှောက်ကိုလည်း ဆန်းသစ်တီထွင်ဉာဏ်တွေ ဖွံ့ဖြိုးလာစေမှာဖြစ်ပါတယ်။ ပိုပြီး မိုက်တာမျိုးလုပ်ချင်လား? သင်စိတ်ဝင်စားတဲ့ အကြောင်းအရာတစ်ခုနဲ့ပတ်သက်ပြီး မှတ်တမ်း တစ်ခုရေးပါ။

၅။ လေ့ကျင့်ခန်းလုပ်ပါ။ တရားမှတ်ပါ။

ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်ဖို့အတွက် လူတိုင်းလေ့ကျင့်ခန်းလုပ်သင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်ဆောင်ခြင်းကြောင့် တစ်နေ့လုံးနေလို့ကောင်းနေမှာဖြစ်ပြီး အခက်အခဲတွေကို ကျော်ဖြတ်ဖို့ ယုံကြည်မှုတွေလည်း ပိုရှိလာစေမှာဖြစ်ပါတယ်။ သင့်ရဲ့ဦးနှောက်ကျန်းမာဖို့အတွက်ကတော့ တရားထိုင်ပေးရမှာ ဖြစ်ပါတယ်။ တရားထိုင်တာက သင့်ရဲ့စိတ်ကို ကြည်လင်လန်းဆန်းစေပြီး မှန်ကန်တဲ့ အတွေးတွေနဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်မှာဖြစ်ပါတယ်။ နောက်ထပ်နည်းလမ်းတစ်ခုအနေနဲ့ ယောဂ လေ့ကျင့်မယ်ဆိုရင်လည်း ဖြစ်ပါတယ်။

၆။ မိမိကိုယ်ကို အခြားလူတွေနဲ့ မနှိုင်းယှဉ်ပဲ ကိုယ်ပိုင်စိတ်ကူးအိပ်မက်တွေကို အာရုံစိုက်ပါ။
သင့်ရဲ့သူငယ်ချင်း တွေ မိတ်ဆွေတွေ ဘယ်လိုအလုပ်အကိုင်ကောင်းတွေ လုပ်နေတယ်၊ ဘယ်လိုဝင်ငွေကောင်းနေတယ်ဆိုတာတွေ လိုက်ကြည့်ပြီး ကိုယ့်ကိုယ်ကို စိတ်ပျက်မနေပါနဲ့။ ကိုယ်ပိုင် ရည်မှန်းချက်တွေ၊ စိတ်ကူးအိပ်မက်တွေကိုပဲ အာရုံစိုက်ပါ။ ရည်မှန်းချက်ပန်းတိုင်ဆီကိုရောက်ဖို့ သင်တတ်နိုင်သမျှအရာအားလုံးကို သင်ယူလေ့လာနိုင်ဖို့ လှုပ်ရှားပါ။

၇။ ပေးကမ်းပါ။

အကျိုးကျေးဇူးတစ်စုံတစ်ရာပြန်မရနိုင်တာကြောင့် အပေးအကမ်းမရှိတာမျိုး မဖြစ်ပါစေနဲ့။ ပြန်ရဖို့ကို မျှော်လင့်မနေသင့်ပါဘူး။ လူမှုအဖွဲ့အစည်းကောင်းကျိုးအတွက် ပေးဆပ်ဖို့ကို တစ်စက္ကန့်မှ နှောင့်နှေ့မနေပါစေနဲ့။ ကူညီနိုင်မယ့်နည်းလမ်းတွေအများကြီးရှိပါတယ်။ ငွေကြေးဥစ္စာပေးကမ်းတာမှ မဟုတ်ပါဘူး။ သင်တတ်ထားတဲ့ ပညာတွေကို ဝေမျှသင်ကြားပေးတာမျိုးလည်း လုပ်နိုင်ပါတယ်။

အသက်(၂၀)ကျော်အရွယ် လူငယ်လူရွယ်တွေဟာ အရာအားလုံးကို စွမ်းဆောင်အောင်မြင်နိုင်တယ်လို့ ယုံကြည်ထားပြီး အလေ့အကျင့်ကောင်းတွေကို မွေးမြူတတ်ဖို့အရေးကြီးကြောင်း တိုက်တွန်းလိုက်ပါတယ်။
Credit:Original Uploader

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...