









Credit : DVB

လိင် ဆက်ဆံဖော် အမျိုးသမီး ဆီလီကွန် အရုပ် တွေကို ဘယ်လိုထုတ်လုပ်ကြသလဲ
အရှေ့တိုင်းစက်မှုလုပ်ငန်း အမည်ရတဲ့ စက်ရုံဟာ ဂျပန်နိုင်ငံ မှာ သက်တမ်းအရှည်ကြာဆုံးနဲ့ အကြီးဆုံး လိင် ဆက်ဆံဖော် အမျိုးသမီး ပုံ ဆီလီကွန် ရုပ် ထုတ်လုပ်ရေးစက်ရုံတရုံ ဖြစ်ပါတယ်။

ဒီ စက်ရုံ ကို ၁၉၇၇ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ ဝယ်လိုအားများတဲ့ လိင် ဆက်ဆံဖော် အရုပ်တွေကို မှာယူနေကြဆဲဖြစ်ပါတယ်။

ဒါဟာ အရုပ် ကို အသုံးပြုပြီး စိတ်ကူးယဉ် ပတ်သက်ဆက်နွယ်မှုအပေါ် ပြောင်းလဲလာတဲ့ အခြေအနေတရပ်အဖြစ် ကြီးထွားလာနေတာပါ။

လူတယောက်ရဲ့ အရွယ်အစားရှိတဲ့ လက်လုပ်ဖန်တီးထားတဲ့ လိင် ဆက်ဆံဖော် အရုပ်တရုပ် ရဲ့ တန်ဖိုးဟာ ဂျပန်ယန်းငွေ ၆ သိန်း (ပေါင် ၅၀၀၀ နီးပါး) ထိ ပေးဝယ်ယူရတာဖြစ်ပြီး စက်ရုံအနေနဲ့ နှစ်စဉ် အရုပ်ပေါင်း ၅၀၀ နီးပါး အမှာရှိနေတာပါ။

ဒီပုံတွေထဲမှာတော့ လူသား အမျိုးသမီးတယောက် လို အသက်ဝင်တဲ့ မျက်နှာ၊ ခန္ဓာကိုယ်နဲ့ တခြားအစိတ်အပိုင်းတွေကို စက်ရုံအတွင်းမှာ ဘယ်လိုပြုလုပ်နေကြသလဲဆိုတာကို တွေ့မြင်ကြရမှာပါ။

အရုပ်တရုပ် ပြုလုပ်ဖို့ သီတင်း ၄ ပတ်နဲ့ ၅ ပတ်ကြား ကြာမြင့်နိုင်ပါတယ်။

စက်ရုံ ကနေ မှာယူရရှိနိုင်တဲ့ အရုပ်မတွေထဲမှာ မျက်နှာနဲ့ ကိုယ်ခန္ဓာ အသွင်သဏ္ဌာန် ကွဲပြားခြားနားတဲ့ ပုံစံ ၅ မျိုးကို ရွေးချယ်မှာယူနိုင်တယ်လို့ ဆိုပါတယ်။

ဒီ လိင် ဆက်ဆံဖော် ဆီလီကွန် အရုပ်တွေကို မှာယူကြသူအများစုဟာ တကိုယ်တည်းနေထိုင်သူတွေဖြစ်ကြပြီး ၆၀ ရာခိုင်နှုန်းလောက်ဟာ အသက် ၄၀ ကျော်အရွယ်တွေ ဖြစ်ကြတယ်လို့ ကုမ္ပဏီက ပြောပါတယ်။
မူလကတော့ ဒီ အရုပ်မ တွေကို မသန်စွမ်းသူ တွေအတွက်သာ ရည်ရွယ်ထုတ်လုပ်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဝယ်လိုအားတွေ မြင့်တက်နေခဲ့ပါတယ်။

Credit : DVB

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...