အိမ်ထောင်ရှိတယ်လို့ ဝေဖန်ခံနေရတဲ့ မင်းသမီး





Unicode
သရုပ်ဆောင်ပိုင်းမှာ ပရိသတ်အားပေးမှုဖြင့် နေရာတစ်နေရာအခိုင်အမာရရှိလာတဲ့ သရုပ်ဆောင်ဖူးပွင့်သခင်က အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် ကောလာဟလနဲ့ဝေဖန်တိုက်ခိုက်မူကိုကြုံရတတ်ပြီး ကိုယ်မသိတဲ့ပြသနာမျိုးကိုလည်း ဘာမှပြန်လည်ဖြေရှင်းနေမှာ မဟုတ်သလို Facebook Page တစ်ခုမှာရေးသားထားတဲ့ အိမ်ထောင်ရှိတယ်လို့ကောလာဟလများကိုလည်း ဖြေရှင်းမည်မဟုတ်ကြောင်း အကုန်သိသတင်းဌာန ကိုပြောပါတယ်။
” Facebook Page တစ်ခုက ညီမကိုအိမ်ထောင်ရှိတယ်လို့ဝေဖန်ရေးသားထားတာတွေ့တယ်။ ညီမအနေနဲ့ဘာကိုမှမဖြေရှင်းဘူး။ အလုပ်တစ်ခုက ကိုယ်မှားမှဖြေရှင်းရတာလေ။ ကိုယ်မသိလိုက်တဲ့ကိစ္စမျိုးနဲ့ဝေဖန်တိုက်ခိုက်တာမျိုးဆို ဘာမှကိုမဖြေရှင်းဘူး” လို့ဆိုပါတယ်။
ဝေဖန်တိုက်ခိုက်မှုများ၊ ကောလာဟလများကိုဖြေရှင်းသွားမည်မဟုတ်ကြောင်း အမှန်တရားဆိုတာတစ်နေ.ပေါ်လာမည်ဖြစ်တဲ့အတွက်လည်း ကိုယ့်အနုပညာအလုပ်များကိုသာ အကောင်းဆုံးကြိုးစားနေပါတယ်လို့ ဆိုလာပါတယ်။”ပထမတော့ စိတ်မကောင်းဖြစ်မိတယ်။နောက်ပရိသတ်တွေရဲ့အားပေးစကားသံတွေ ကြားတော့ပြန်ပြီးအားရှိလာတယ်။ အမှန်တရားဆိုတာက ပေါ်မှာပဲ၊ အခုတော့ပြသနာတွေက အေးဆေးဖြစ်သွားပြီ။အနုပညာရှင်ဆိုတော့လည်း ကောလာဟလနဲ့ ဝေဖန်မှုဒဏ်ကိုတော့ခံနိုင်ရတာပေါ့’‘ လို့ထပ်မံပြောကြားခဲ့ပါတယ်။
Photo – Phoo Pwint Thakhin (FB)

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...