အဆို​တော်​ဗညားဟန်​မှ ရဲ​နောင်​သို့​ပေးစာ...

အဆို​တော်​ဗညားဟန်​မှ ရဲ​နောင်​သို့​ပေးစာ...
ရဲ​နောင် ...
မင်းက လူငယ်လေးပေမယ့်
မင်းစိတ်ဓာတ်ကလေး လေးစားလိုက်တာကွာ ...
မင်း ဒီည နှုတ်ဆက်စကားပြောသွားလိုက်တာ ငါတို့တောင် အတုယူရမယ်ကွ ...
ဒီလို ခံနိုင်ရည်မျိုး လူတိုင်းမှာ မရှိဘူးနော်
ငါပြောရဲတယ် ငါဆို မခံနိုင်လောက်ဖူး ၀န်ခံတယ် ဘယ်သူမဆို မနိုင်မှ ရှုံးရော ဘယ်ရှုံးချင်ပါ့မလဲ ဒါပြိုင်နေတာလေ နိုင်ကို နိုင်ချင်နေရမယ် နိုင်ဖို့အတွက်ပြိုင်ရမယ် သူများကိုလည်း ပြိုင်ရမယ် ကိုယ့်ကိုယ်ကိုလည်း ပြိုင်ရမယ်( ရိုးသားစွာ ) ...
မင်းက အခုတော့ကွာ နိုင်လို့ ပြုံးတာမဟုတ်ပဲ ရှုံးလို့ ပြုံးသတဲ့ မင်းတကယ်ပြုံးနေတာ မင်းကဘယ်သူ့မှ မနာလိုတဲ့ အပြုံးနဲ့ ပြုံးနေတာမဟုတ်ဖူး ဖြူစင်ပီးတော့ကို ပြုံးပြနေတာ တစ်နိုင်ငံလုံးသိတယ် အဲဒါ ငါ့ညီရေ မင်းရဲ့
သိက္ခာပါကွာ ...
မင်းလိုမျိုး လူငယ်တွေ ဖြစ်စေချင်လိုက်တာ မင်းကို အတုယူစေချင်လိုက်တာကွာ ( ဒါ အကိုအနေနဲ့ သုံးသပ်ပြခြင်းသက်သက်ပါ)
ဘယ်သူဘာပြောပြော ငါမင်းကို လေးစားတယ် ညီလေး ...
မင်းဟာ တကယ်တော့ ပြည်သူ့အချစ်တော် ဖြစ်သွားပါဘီကွ
မင်းသီချင်းဆိုပြနေတုန်းကထက် ဒီည မင်းရဲ့ အပြုအမူဟာ မင်းကို ချစ်ဖို့ အဆတွေ ပိုကုန်ကြမယ်လို့ ငါပြောရဲတယ်ညီလေးရေ ...
အကိုကတော့ မှာနေကျ စကားပဲ မှာရအုံးမယ် မင်း ရပ်မနေနဲ့နော် ဆက်ရွေ့ဖို့ ကြိုးစားပါ မင်းမှာ ပရိသတ်တွေရှိနေဘီ
ဘာဖြစ်လဲ ငါ့ညီ မင်း သီချင်းတိုင်း ကောင်းအောင် ဆိုနိုင်ဖို့မှ မလိုတာ မင်းပိုင်တာ မင်းဆိုပေါ့ မင်းမှာ အစွမ်းအစ ရှိပါတယ် ရှိလို့ ဒီနေရာထိ ရောက်တာပေါ့ကွ
ဒါကတော့ ပြိုင်ပွဲလေ ကိုယ်မပိုင်တာတွေလည်း ဆိုပြရင် ဆိုပြရတဲ့ နေရာဆိုတော့ ကိုယ်မပိုင်တဲ့ လိုင်းဆိုရင် အားနည်းမှာပဲလေ ငါတို့လည်း ကိုယ်နဲ့ မလိုက်တဲ့ Rock ကို ကောင်းအောင် မဆိုနိုင်ဘူး ကိုယ့်ကို ဘုရားပေးလိုက်တဲ့ အသံက Rock သံမှ မဟုတ်တာ အဲဒီတော့ မဆိုဘူးလေ ကိုယ်ပိုင်တာ ကိုယ်ဆိုမှာပေါ့ကွ
သီချင်းဆိုတာ ဘာကမှ ကောင်းတယ် ညာကမှ ကောင်းတယ်လို့ မရှိပါဘူး ပရိသတ်ရင်ကို မှန်အောင် ထိအောင် ဆိုပြနိုင်ရင် သီချင်းကောင်းတစ်ပုဒ် ဖြစ်တာပါဘဲကွ ဒါကြောင့် ဂီတဆိုတာ ပုံစံမျိုးစုံ ပေါ်ပေါက်လာရတာပဲလေ
ငါ့ညီစိတ်ဓာတ်မကျနဲ့ စိတ်မယိုင်စေနဲ့
မင်းလမ်းကို မင်း ရောက်အောင်လျှောက် မင်းမှာပရိသတ်တွေ များမှများပါကွာ မင်းမယုံရင် ခုနေ စီးရီးထွက်ကြည့်ပါလား(မင်းပိုင်တဲ့လိုင်း မင်းချပြချင်တဲ့ ဂီတပုံစံနဲ့) ၀က်ဝက်တောင် ကွဲသွားအုံးမယ် ငါ့ညီ ...
အနုပညာဆိုတာ ဝေဖန်ရခက်ခဲတဲ့အရာတခုပါ တော်တိုင်း ကောင်းတိုင်း ပရိသတ် ရကြတာ မဟုတ်ဖူးကွ
(တော်တိုင်းမကျော်သလို ကျော်တိုင်းလည်း မတော်နိုင်ဘူး )
ပရိသတ်ရဖို့ဆိုတာ ခုဘ၀ ကြိုးစားအားထုတ်မှုတွေလိုသလို သံသရာအဆက်ဆက်က ကုသိုလ်ပါရမီပါ ( လူအများပြောကြတဲ့ စန်း ဆိုတာပေါ့ ) လိုတယ်ငါ့ညီ ...
မင်းမှာ အဲဒီ စန်း ရှိတယ် မင်းမှာ ပရိသတ် မေတ္တာတွေ ရထားတယ် အဲဒါ မင်းအနုပညာလမ်းကြောင်းအတွက် ပန်းမွှေ့ယာလေးတွေပဲငါ့ညီ မင်းသာအရွေးမမှားမိစေနဲ့ အလျှောက် မမှားမိစေနဲ့ ဒါဆိုမင်း ဘာလို့ နိုင်ငံကျော် အဆိုတော် မဖြစ်ရမှာလဲ Fighting ညီလေး ...
မင်းဝင်လာမယ့် အနုပညာ တံခါးဝကနေ
အကို တို့ ကြိုနေကြမှာပါကွာ ...
မင်းစိတ်ဓာတ်ကို လေးစားတဲ့
ဗညားဟန်
Credit ဗညာဟန်​ facebook wall

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...