သိန်း၂၀၀ တန် ရွှေဝတ်စုံနဲ့ အကယ်ဒမီပေးပွဲတက်မယ့် မြန်မာပြည်သိန်းတန်တို့ ဇနှီးမောင်နှံ


 ရှိုင်း

မတ်လ(၁၈) ရက်နေ့တွင် ကျင်းပမည့် မြန်မာ့ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုပေးပွဲသို့ ငွေကျပ်သိန်းနှစ်ရာတန်ဖိုးရှိ ရွှေဝတ်စုံများနဲ့ တက်ရောက်သွားမယ် လို့ မြန်မာပြည် သိန်းတန်က အကုန်သိသတင်းဌာနကို ပြောပါတယ်။

'' ကျွန်တော်ကော ကျွန်တော်ရဲ့ အချစ်ဆုံးတေးချစ်သူကော ယခုနှစ် အကယ်ဒမီပွဲကို ရွှေဝတ်စုံနဲ့ တက်ရောက်မှာဖြစ်ပါတယ်။ ဝတ်စုံကိုတော့ Aroma က စီစဉ်ပေးပါတယ်။ ဝတ်စုံဒီဇိုင်ကတော့ ဘယ်လိုပုံစံလဲဆိုတာ သေချာပြောမရသေးဘူး ။ ရွှေတွေနဲ့ပေါင်းစပ် ဖန်တီးချုပ်လုပ်ထား ပေးတယ်ဆိုတာတော့ သိတယ် '' လို့ ဆိုပါတယ်။

ရွှေဝတ်စုံများကို ဖန်တီးချုပ်လုပ်ပေးဖို့ တာဝန်ယူထားတဲ့ ဒီဇိုင်နာ ကိုအောင်မြတ် သူကလည်း ဝတ်စုံနဲ့ ပတ်သက်ပြီး ဖန်တီချုပ်လုပ်ပေးမည့် ပုံစံများကို ပြောပြခဲ့ပါတယ်။

'' မြန်မာပြည်သိန်းတန်တို့ဇနီးမောင်နှံအတွက် ရွှေတွေနဲ့ ဒီဇိုင်ဖန်တီးချုပ်ပေး ထားပါတယ်။ ဦးသိန်းတန်ကို တော့ ရွှေနဲ့လုပ်ထားတဲ့ နဂါးအရုပ်လေးတွေနဲ့ ဖန်တီးပေးထားတယ်ဦးသိန်တန်ရဲ့ဇနီးကိုတော့ ရွှေနဲ့ လုပ်ထားတဲ့ ဒေါင်းလေးတွေနဲ့ ဖန်တီးချုပ်လုပ်ပေးထားပါတယ်။ သူတို့ ဇနီးမောင်နှံအတွက် ပိုးထည်ကို အမရပူရ နန်း ခေတ်ပိုးထည်တိုက်က စီစဉ်ပေးပါတယ် ။ ရွှေတွေကိုကတော့ ဝိန့်စိန်ရွှေဆိုင်က စီစဉ်ပေးထားပါတယ်။ ဝိန့်စိန်ရွှေဆိုင်ကလည်း ကျွန်တော်တို့လိုချင်တဲ့ ဒီဇိုင်းအတိုင်း စိတ်တိုင်းကျ ဆောင်ရွက်ပေးထားပါတယ်'' လို့ ပြော ပါတယ်။

photo- မြန်မာပြည်သိန်းတန်

Credit' https://www.facebook.com/AKonThiNEWS/

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...