ဦးဝီရသူကို တရားေဟာၾကားခြင့္ ဧရာဝတီတိုင္းအစိုးရ သတင္းထုတ္ျပန္
မဘသ ဦးေဆာင္ဆရာေတာ္တစ္ပါးျဖစ္သည့္ ဦးဝီရသူ ဧရာဝတီတိုင္းေဒသႀကီးတြင္ မတ္လ ၁၀ ရက္ေန႔မွစ၍ တရားေဟာေျပာျခင္း ပိတ္ပင္လိုက္ေၾကာင္း တိုင္းေဒသႀကီး အစိုးရအဖြဲ႔က သတင္းထုတ္ျပန္လိုက္သည္။
ဆရာေတာ္ ဦးဝီရသူသည္ ေဖေဖာ္ဝါရီလ အတြင္းက ဧရာဝတီတိုင္းေဒသႀကီး ငပုေတာၿမိဳ႕နယ္ ဟိုင္းႀကီးကၽြန္းၿမိဳ႕ရွိ က်ံဳကူးေက်းရြာအုပ္စု ေဘာလံုးကြင္းတြင္ ေဟာေျပာရာ၌ နိုင္ေတာ္ သံဃာမဟာနာယကအဖြဲ႔၏ ညႊန္ၾကားလႊာႏွင့္ ညီညြတ္ျခင္း မရွိျခင္း၊ အခ်ိဳ႕ေသာ ေဟာေျပာမႈမ်ားတြင္ ဘာသာေရး အေျခခံ၍ လူမ်ိဳးေရး ပဋိပကၡ ျဖစ္ပြားေစရန္ ေဟာေျပာျခင္းတို႔ေၾကာင့္ ဧရာဝတီတိုင္းေဒသႀကီး အစိုးရအဖြဲ႔၏ အစည္းအေဝး အမွတ္စဥ္ (၇/၂၀၁၇) ဆံုးျဖတ္ခ်က္ ၂၂ အရ ဧရာဝတီတိုင္းေဒသႀကီးအတြင္း ေဟာေျပာခြင့္ မျပဳ ေၾကာင္း ေဖၚျပပါရွိသည္။
ထို႔အျပင္ ဧရာဝတီတိုင္းေဒသႀကီး အစိုးရအဖြဲ႔သို႔ တင္ျပျခင္း မရွိဘဲ တရားေဟာေျပာခြင့္ ျပဳေပးခဲ့သည့္ က်ံဳကူးေက်းရြာ အုပ္ခ်ဳပ္ေရးမႈးႏွင့္ ဟိုင္းႀကီးကၽြန္းၿမိဳ႕ အုပ္ခ်ဳပ္ေရးမွဴးတို႔အား တိုင္းအစိုးရအဖြဲ႔ အတြင္းေရးမွဴ းမွ ေခၚယူသတိေပးသင့္ေၾကာင္း ထိုအစည္းအေဝးမွ ဆံုးျဖတ္သည္ဟု သတင္းထုတ္ျပန္ခ်က္တြင္ ဆက္လက္ပါရွိသည္။
"ဓမၼစရိယ ေအာင္ထားတဲ့ ဆရာေတာ္တစ္ပါး အေနနဲ႔ တရားေဟာခြင့္ ရွိတယ္၊ ဧရာဝတီတိုင္းမွာ ဆရာေတာ္ တရားေဟာခြင့္ရဖို႔အတြက္ အမ်ိဳးသားေရး အင္အားစုေတြ ႀကိဳးစားသြားမယ္" ဟု အမ်ိဳးဘာသာ သာသနာ ေစာင့္ေရွာက္ေရး အဖြဲ႔ဝင္ ျမန္မာ့ဝံသာနု အားမာန္အဖြဲ႔ ဦးေဆာင္သူ ဦးေက်ာ္မ်ိဳးေရႊက ေျပာသည္။
ဧရာဝတီတိုင္းေဒသႀကီး မအူပင္ၿမိဳဳ႕နယ္ ေလးအိမ္စု ေက်းရြာအုပ္စု တာတေပါ အေရွ႕ေက်းရြာတြင္ မႏၱေလး မစိုးရိမ္တိုက္သစ္မွ ဘဒၵႏ ၱဝိစိတၱာဘိဝံသ (ဦးဝီရသူ) သည္ ေဒသဆိုင္ရာ အုပ္ခ်ဳပ္ေရးအဖြဲ႔မ်ား၏ တရားေဟာၾကားခြင့္ မျပဳျခင္းကို တားျမစ္ေနသည့္ၾကားမွ လိုက္နာျခင္း မရွိပဲ
မတ္လ ၈ ရက္ေန႔ညက တရားေဟာခဲ့ေၾကာင္း အဆိုပါကိစၥႏွင့္ ပတ္သက္၍ ဥပေဒ လုပ္ထံုးလုပ္နည္းမ်ားႏွင့္ အညီ ေဆာင္ရြက္ေနၿပီ ျဖစ္သည္။
ေမာင္မ်ိဳးထက္ (ပုသိမ္)
=============
ဦးဝီရသူကို တရားဟောကြားခွင့် ဧရာဝတီတိုင်းအစိုးရ သတင်းထုတ်ပြန်
မဘသ ဦးဆောင်ဆရာတော်တစ်ပါးဖြစ်သည့် ဦးဝီရသူ ဧရာဝတီတိုင်းဒေသကြီးတွင် မတ်လ ၁၀ ရက်နေ့မှစ၍ တရားဟောပြောခြင်း ပိတ်ပင်လိုက်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။
ဆရာတော် ဦးဝီရသူသည် ဖေဖော်ဝါရီလ အတွင်းက ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့ရှိ ကျုံကူးကျေးရွာအုပ်စု ဘောလုံးကွင်းတွင် ဟောပြောရာ၌ နိုင်တော် သံဃာမဟာနာယကအဖွဲ့၏ ညွှန်ကြားလွှာနှင့် ညီညွတ်ခြင်း မရှိခြင်း၊ အချို့သော ဟောပြောမှုများတွင် ဘာသာရေး အခြေခံ၍ လူမျိုးရေး ပဋိပက္ခ ဖြစ်ပွားစေရန် ဟောပြောခြင်းတို့ကြောင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစည်းအဝေး အမှတ်စဉ် (၇/၂၀၁၇) ဆုံးဖြတ်ချက် ၂၂ အရ ဧရာဝတီတိုင်းဒေသကြီးအတွင်း ဟောပြောခွင့် မပြု ကြောင်း ဖေါ်ပြပါရှိသည်။
ထို့အပြင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြခြင်း မရှိဘဲ တရားဟောပြောခွင့် ပြုပေးခဲ့သည့် ကျုံကူးကျေးရွာ အုပ်ချုပ်ရေးမှုးနှင့် ဟိုင်းကြီးကျွန်းမြို့ အုပ်ချုပ်ရေးမှူးတို့အား တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူ းမှ ခေါ်ယူသတိပေးသင့်ကြောင်း ထိုအစည်းအဝေးမှ ဆုံးဖြတ်သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဆက်လက်ပါရှိသည်။
"ဓမ္မစရိယ အောင်ထားတဲ့ ဆရာတော်တစ်ပါး အနေနဲ့ တရားဟောခွင့် ရှိတယ်၊ ဧရာဝတီတိုင်းမှာ ဆရာတော် တရားဟောခွင့်ရဖို့အတွက် အမျိုးသားရေး အင်အားစုတွေ ကြိုးစားသွားမယ်" ဟု အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ဝင် မြန်မာ့ဝံသာနု အားမာန်အဖွဲ့ ဦးဆောင်သူ ဦးကျော်မျိုးရွှေက ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြိုု့နယ် လေးအိမ်စု ကျေးရွာအုပ်စု တာတပေါ အရှေ့ကျေးရွာတွင် မန္တလေး မစိုးရိမ်တိုက်သစ်မှ ဘဒ္ဒန ္တဝိစိတ္တာဘိဝံသ (ဦးဝီရသူ) သည် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ၏ တရားဟောကြားခွင့် မပြုခြင်းကို တားမြစ်နေသည့်ကြားမှ လိုက်နာခြင်း မရှိပဲ
မတ်လ ၈ ရက်နေ့ညက တရားဟောခဲ့ကြောင်း အဆိုပါကိစ္စနှင့် ပတ်သက်၍ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်နေပြီ ဖြစ်သည်။
မောင်မျိုးထက် (ပုသိမ်)
Subscribe to:
Post Comments
(
Atom
)
Loading...
0 comments :
Post a Comment