သားငယ်ထက် ဘီလီတော်ခဲ့တာ မှန်ပေမယ့် ဘီလီက သားငယ်ကို ဘာကြောင့် ရှုံးနိမ့်ခဲ့ရတာလဲ ဆိုတဲ့ အဖြေ ထွက်ပေါ်
အိုးဝေ အိုးဝေ
Credit to Kyaw Kyaw
Unicode
ဘီလီမရပဲ သားငယ် ဘာလို့ရလဲ သားငယ်က ပရိတ်သတ်ချစ်ခင်မှု အများကြီးရထားလို့ပဲ…။ မနေ့ညကပွဲမှာ အမှန်တို င်းပြောရရင် သားငယ်ထက် ဘီလီအများကြီးသာခဲ့တယ်..။ဒါပေမဲ့… ပရိတ်သတ်က ဒီပွဲတပွဲတည်းကြည့်ခဲ့တဲ့သူတွေမှ မဟုတ်တာ.. ပြီးတော့ သားငယ်ဆိုတာ တကြိမ်မှ Bottom မထိုင်ခဲ့ရဖူးဘူး ပြီးတော့…. ပရိတ်သတ် မျက်စိဆံပင်မွှေးစူးစေမဲ့ပုံစံ မလုပ်ခဲ့ဘူး….။ဘီလီကတော့… ဇင်ကြီး နဲ့ တုန်းကတစ်ခါ ဇင်ကြီးနှုတိဆက်တာကိုအရေးမစိုက်ပဲ လှည့်ထွက်သွားတဲ့ပုံစံဖြစ်သွားခဲ့တယ် ပိုးမီ နဲ့တစ်ခါ… ရှုံးတဲ့သူကိုနှစ်သိမ့်မှုမပေးပဲ အပျော်ကြီးပျော်ပြီး ပိုးမီးကိုနစ်သိမ့်ရမှာထက် ကျော်ထက်အောင်နဲ့မိုး မမြ င်လေမမြင် အောင်ပွဲခံတဲ့ပုံစံဖြစ်သွားခဲ့ပြန်တယ်….။အဲ့ဒီမှာပဲ.. ဇင်ကြီး ရဲ့ ဖန်တွေ ပိုးမီ ရဲ့ ဖန်တွေဟာ… သားငယ်ဖက်ရောက်သွားတယ်….။ပြီးတော့ ဘီလီပုံစံ…. ပရိတ်သတ် တော်တော်များများဟာ သူ့မျက်နာပေးကို လုံးဝသဘောမကျကြဘူး Bottom ထိုင်ရရင်ပိုသိသာတယ်…။တခြားသူတွေက ခံစားချက်နောက်မလိုက်ပဲ ထိန်းထားနိုင်ပေမဲ့… သူက မျက်စိပျက်မျက်နှာပျက်နဲ့ သူထွက်ရမှာစိုး ရိ မ်နေတဲ့ပုံစံပေါက်နေတာ ပြီးတော့… သူမထွက်ရရင် ပြိုင်ဖက်ကိုနစ်သိမ့်ရမှာထက် ပြိုင်ဘက်ကို လျစ်လျူရှု တာတွေ များလာတော့ ပရိတ်သတ် တော်တော်များများ သတိထားမိလာတာပါ…။အနုပညာရှင်ဆိုတာ ငါတော်လို့ပရိတ်သတ်အားပေတားဆိုတဲ့ စိတ်ကြီးဝင်လာပြီး… ပရိတ်သတ်အားပေးလို့ ငါဒီနေ ရာရောက်တာ ကိုမေ့သွာရင်… ကျဆုံးဖို့များပါတယ်…။အနုပညာရှင်ဘယ်လောက်တော်တော် ပရိတ်သတ် သဘောမကျတဲ့လုပ်ရပ်လုပ်ရင် သူတော်တာပရိတ်သတ်လက်ခံ လိမ့်မယ် အားပေးမှာမဟုတ်ပါဘူး….။အိုးဝေ အိုးဝေ
Credit to Kyaw Kyaw
0 comments :
Post a Comment