


Duwun
 Unicode
လေကြောင်းလိုင်းဝန်ထမ်းကို ဖိနပ်ဖြင့် အကြိမ်ကြိမ်ရိုက်ခဲ့တဲ့ လွှတ်တော်အမတ်အား အိန္ဒိယနိုင်ငံရဲ့ အဓိက လေကြောင်းလိုင်း ၅ ခုမှာ လိုက်ပါစီးနင်းခွင့် ပိတ်ပင်လိုက်ကြောင်း သိရပါတယ်။ ရှိဗ်ဆီနာပါတီမှ လွှတ်တော်အမတ် ရာဗင်ဒြာ ဂိုင်ဝက်ဒ်က Air India လေယာဉ်စီးရာမှာ Business Class ထိုင်ခုံမရတာကြောင့် လေကြောင်းလိုင်းဝန်ထမ်းကို အထက်စီးဆန်စွာ ကြိုးသိုင်းဖိနပ်ဖြင့် ၂၅ ချက်အထိ ရိုက်ခဲ့တယ်လို့ ဆိုပါတယ်။
Air India က အဆိုပါဖြစ်ရပ်ကို ယမန်နေ့ (မတ်လ ၂၃ ရက်) မှာ တိုင်းကြားခဲ့ပြီး လွှတ်တော်အမတ်ကို အိန္ဒိယလေကြောင်းလိုင်းများ အဖွဲ့ချုပ် (Federation of Indian Airlines - FIA) မှာ ပါဝင်ထားတဲ့ လေကြောင်းလိုင်းအားလုံးမှာ လိုက်ပါစီးခွင့်ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။ FIA အဖွဲ့ဝင်များအဖြစ် Air India, IndiGo, Go Air, Spice Jet နဲ့ Jet Airways တို့ ပါဝင်ကြောင်း သိရပါတယ်။ အဆိုပါ လေကြောင်းလိုင်းအားလုံးဟာ ပြည်တွင်းလေကြောင်းခရီးစဉ်များမှာ အဓိက ဝန်ဆောင်မှုပေးနေကြတာလည်း ဖြစ်ပါတယ်။

"ကျွန်တော်တို့ရဲ့ ဝန်ထမ်းတစ်ယောက်ကို ကိုယ်ထိလက်ရောက် စော်ကားတာက ကျွန်တော်တို့အားလုံးကို ကိုယ်ထိလက်ရောက် စော်ကားလိုက်တာနဲ့ အတူတူပါပဲ" လို့ FIA က ပြောပါတယ်။ လွှတ်တော်အမတ်ကိုလည်း ပြင်းပြင်းထန်ထန် အရေးယူပေးရန် FIA က တောင်းဆိုလိုက်ကြောင်း သိရပါတယ်။
အိန္ဒိယလေယာဉ်မှူးများ အဖွဲ့အစည်းဖြစ်တဲ့ Indian Commercial Pilots Association ကလည်း အဖွဲ့ဝင် လေယာဉ်မှူးတွေအနေနဲ့ လွှတ်တော်အမတ် ရာဗင်ဒြာ လိုက်ပါတဲ့ လေယာဉ်ကို မောင်းနှင်ပေးခြင်းမပြုရန် ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ လွှတ်တော်အမတ်ရဲ့ လုပ်ရပ်ကို အိန္ဒိယပြည်သူတွေကြား ဒေါသတကြီး ဝေဖန်မှုတွေလည်း ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့ထွက်ပေါ်ခဲ့ကြောင်း သိရပါတယ်။
Source & Photo: The Guardian

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...