ဖေ့စ်ဘွတ်ခ် app ကို စမတ်ဖုန်းအတော်များများမှာ အသုံးပြုနိုင်တော့မှာ မဟုတ်


Facebook နဲ့ Messenger app ဟာ စမတ်ဖုန်းအတော်များများအတွက် မတ်လအကုန်မှာ အလုပ်လုပ်တော့မှာ မဟုတ်ဘူးပါဘူး။ Android က v55 နဲ့ v10 အပါဝင် app ဗားရှင်းဟောင်းတချို့ဖြင့် မောင်းနှင်လည်ပတ်တဲ့ စက်တွေအတွက် ထောက်ပံ့မှု ရပ်ဆိုင်းသွားမယ်လို့ လူမှုမီဒီယာဘီလူးကြီးက ကြေငြာလိုက်ပါတယ်။ Windows ဖုန်းတွေအတွက် ဖေ့စ်ဘွတ်ခ်ထောက်ပံ့မှု ရပ်နားနေခဲ့ပြီလို့လည်း အသိပေးခဲ့ပါတယ်။
တကယ်လို့ app က ရုတ်ချည်း အလုပ်မလုပ်တော့ဘူးဆိုရင် နောက်ဆုံးဗားရှင်း သို့မဟုတ် Facebook Lite ကို ပြောင်းလဲအသုံးပြုဖို့ ဖေ့စ်ဘွတ်ခ်က အကြံပြုထားပါတယ်။ တကယ်လို့ သင့်မိုဘိုင်းလ်က ဖေ့စ်ဘွတ်ခ်ရဲ့နောက်ဆုံးဗားရှင်းတွေ ထောက်ပံ့မပေးထားရင် mobile browser ကနေတဆင့် Facebook.com သို့ သွားဖို့ ကုမ္ပဏီအနေနဲ့ အကြံပြုထားပါတယ်။
သင်တို့မိတ်ဆွေသူငယ်ချင်းများနဲ့ မိသားစုဆီ မက်ဆေ့ခ်ျပေးပို့ဖို့ အဆင်အပြေဆုံးဖြစ်စေရေး ကျွန်ုပ်တို့အဖွဲ့မှ အချိန်တွေမရေမတွက်နိုင်အောင် ကုန်ဆုံးကြပါတယ်လို့ ဗားရှင်းအဟောင်းတွေ ထောက်ပံ့မှုရပ်တန့်ရန် ဆုံးဖြတ်ချက်ကို ကာကွယ်ပြောဆိုရင်း ဘလော့ဂ်တစ်ခုမှာ ဖော်ပြခဲ့ပါတယ်။
ဒီထက်ကောင်းမွန်အောင် ရှေ့ဆက်ဆောင်ရွက်မယ့် နည်းလမ်းတွေထဲက တစ်ခုက Messenger အတွက် voice and video calling၊ games နဲ့ bots တို့လို ထူးကဲဆန်းစုံတဲ့ feature လုပ်ဆောင်ချက်တွေ အစဉ်တစိုက် ထည့်သွင်းပေးသွားဖို့ ဖြစ်ပါတယ်။ ဗားရှင်းဟောင်းတွေ အသုံးပြုခြင်းက ထူးခြားမှုတွေ သိပ်ခံစားရမှာ မဟုတ်ပါဘူးလို့လည်း ဆိုပါတယ်။
ထောက်ပံ့မှု ရပ်ဆိုင်းသွားမယ့် စာရင်းအပြည့်အစုံထဲမှာ  Android မှာ Facebook app ရဲ့ v55 နဲ့ Messenger v10၊ iPad အတွက် v26၊ iOS အတွက် Messenger v8နဲ့ ၂၀၁၁ ထုတ် iOS အတွက် Facebook၊ Windows ဖုန်းအတွက် Facebook၊ Windows Phone 8 and 8.1 အတွက် Messenger၊ Windows 8 နဲ့ 8.1 desktop app အတွက် Facebook တို့ ပါဝင်ပါတယ်။ 
Ref: Independent
http://www.trend.com.mm/2017/03/31/tech-11999

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...