လက်စွပ်ကို ကျားအင်္ဂါမှာစွပ်မိခဲ့ပြီး 12 နာရီကြာမှ ဆေးရုံကို အရေးပေါ်ပြေးရတဲ့ အမျိုးသား
By netsetaw - March 20, 2017
..
ပြီးခဲ့တဲ့ 2016 ခုနှစ်တုန်းကတော့ တရုတ်အမျိုးသားတစ်ယောက်ဟာ သူရဲ့ ဇနီးလောင်းက သူမကို ချစ်တယ်ဆိုရင် လက်ထပ်လက်စွပ်ကို ငယ်ပါမှာ စွပ်ပြရမယ်ဆိုလို့၊ စွတ်ပြခဲ့ပါတယ်။ စွပ်တုန်းကတော့ လျှောလျှောရှုရှုဝင်ခဲ့ပေမယ့် ပြန်ချွတ်ချိန်ကျတော့ နှစ်ယောက်သား တံထွေးတထွီထွီနဲ့ ကြိုးစားပြီး ချွတ်တာတောင် အဆင်မပြေလို့ ဆေးရုံးပြေးခဲ့ရတဲ့သတင်း ထွက်ပေါ်ခဲ့ပါသေးတယ်။
..
အခုအဖြစ်အပျက်ကတော့ မလေးရှားနိုင်ငံမှာ ဖြစ်တာပါ။ အဲဒီအမျိုးသားဟာ မည့်သည့်အကြောင်းကြောင် မျိုးပွားအင်္ဂါကို လက်စွပ်နဲ့ စွတ်ခဲ့ရသလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ သူဟာ ဒီအတိုင်း စွပ်ရက်ကြီးနဲ့ 12 နာရီကြာ တစ်ယောက်တည်း အခန်းအောင်းကာ ကြိတ်ချွတ်ခဲ့ပေမယ့် အဆင်မပြေခဲ့ပါ။
..
ဒါကြောင့် အရေးပေါ်မီးသတ်တပ်ဖွဲ့နဲ့ကယ်ဆယ်ရေးအဖွဲ့ကို ဖုန်းဆက်ခဲ့ရပြီး၊ ပီနန်ဆေးရုံကို အရေးပေါ်တက်ရောက်ခဲ့ရ ပါတယ်။ ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဖြစ်ခဲ့တာပါ။ မီးသပ်တပ်ဖွဲ့မှ ကယ်ဆယ်ရေးခေါင်းဆောင် Mohd Asrul Naim Abidin ရဲ့ အဆိုအရ လက်စွပ်ကို ဆရာဝန်တွေက ဆယ်မိနစ်အတွင်းမှာ ဖြုတ်ပေးနိုင်ခဲ့တယ်လို့ သိရပါ တယ်။
..
လင်းဇော်ကို (Shwemom)
source : metro.co.uk
0 comments :
Post a Comment