လူ ၈ ဦးမီးေလာင္ေသဆုံးမႈ ေနာက္ဆုံးရသတင္း CID က စစ္ေဆးထားတဲ့သူတစ္ ေယာက္ရွိပါတယ္

ဇန္နဝါရီ ၂၁ ရက္ နံနက္ ၈ နာရီခန့္က ရန္ကုန္-မႏၱေလး အျမန္လမ္းမ ေပၚတြင္ Hi Ace ကားတစ္စီး မီးေလာင္၍ လိုက္ပါလာသူရွစ္ဦး ေသဆံုးၿပီး အသက္ရွင္က်န္ရစ္သူ တစ္ဦးရွိခဲ႕ရာ မီးေလာင္ေသဆံုးခဲ႕သူ၏ခင္ပြန္းႏွင္႕ မ်က္ျမင္သက္ေသဆိုသူ အခ်ဳိ႔က မီးေလာင္ခဲ႕သည္႕ကားေပၚမွ ဆင္းလာသူႏွစ္ဦးရွိေၾကာင္း ေျပာဆို ေရးသားျခင္းႏွင့္ CID ႏွင္႕ ေသဆံုးသူ မ်ား၏မိသားစုဝင္အခ်ဳိ႔ ေတြ႔ဆံုစဥ္ ေျပာၾကားခ်က္မ်ားကို မေက်နပ္ၾက ေၾကာင္းႏွင္႕ မႈခင္းရဲတပ္ဖြဲ႔ CID အေပၚ ေၾကာက္ရတဲ႕ ဖိအားတစ္ခုခုရွိေနရင္ မွန္မွန္ကန္ကန္ ဘယ္ရဲမွ မလုပ္ရဲဘူးဟု ေျပာဆိုေရးသားခ်က္မ်ားႏွင္႕ ပတ္သက္၍ ရွင္းရွင္းလင္းလင္း သိရွိႏိုင္ရန္ မႈခင္းရဲတပ္ဖြဲ႔ CID(ရန္ကုန္)မွ ရဲမွဴးမိုးေအာင္ႏွင္႕ ဖလားဝါးနယူးစ္ဂ်ာနယ္မွ ဆက္သြယ္ေမးျမန္းခဲ႕ပါတယ္။
ဇန္နဝါရီ ၂၁ ရက္ နံနက္ ၈ နာရီခန္႔က ရန္ကုန္-မႏၲေလး အျမန္လမ္းမေပၚမွာ Hi Ace ကားတစ္စီး မီးေလာင္ၿပီး ကား ေပၚမွာပါလာတဲ့လူ ရွစ္ဦး ေသဆံုးၿပီး တစ္ဦး လြတ္ေျမာက္လာတဲ့အခင္းျဖစ္စဥ္ နဲ႔ပတ္သက္ၿပီး ေျပာျပလို႔ရႏိုင္တဲ့စစ္ေဆး ေတြ႕ရွိခ်က္အခ်ဳိ႕ကို သိခ်င္ပါတယ္။
ဒီအခင္းျဖစ္စဥ္နဲ႔ပတ္သက္လို႔ ကြၽန္ေတာ္တို႔မႈခင္းရဲတပ္ဖြဲ႕ CID က လႊဲေျပာင္းလက္ခံစစ္ေဆးေနတာ မွန္ပါတယ္။ အခ်ဳိ႕စစ္ေဆးေတြ႕ရွိခ်က္ေတြက မီဒီယာေတြကိုပဲျဖစ္ျဖစ္ ျပည္သူလူထုကိုပဲ ခ်ျပလို႔မရတာ ေျပာျပလို႔ မရပါဘူး။ အခု ျဖစ္စဥ္က လူအေတာ္မ်ားမ်ား သိေနပါၿပီ။ ကားေပၚမွာပါလာတဲ့ လူကိုးဦးမွာ ရွစ္ဦး ေသတယ္။ တစ္ဦး အသက္ရွင္တယ္။ သူက ယာဥ္ေမာင္း ကိုေအာင္ခန္႔ဆိုတဲ့သူပါ။ သူ႔ကိုလည္း ဥပေဒနဲ႔အညီ ဖမ္းဆီး စစ္ေဆးၿပီး အမႈဖြင့္ထားပါတယ္။ အခု ကြၽန္ေတာ္တို႔အေနနဲ႔ စံုစမ္းစစ္ေဆးေတြ႕ ရွိခ်က္ေတြအရ အမႈခိုင္မာေအာင္ တည္ ေဆာက္ၿပီးရင္ တရား႐ုံးမွာ တရားစြဲတင္ႏိုင္ဖို႔ ေဆာင္ရြက္ေနပါတယ္။
ဂ်ာနယ္တစ္ေစာင္မွာ ကားေပၚကဆင္းလာတဲ့သူႏွစ္ေယာက္ဆိုၿပီး မ်က္ျမင္သက္ ေသေတြက ေျပာတယ္ဆိုၿပီး ေရးသားထားတာ ေတြ႕ရပါတယ္။ ဆရာတို႔ဘက္ ကအျမင္ေရာ ဘယ္လိုရွိပါလဲ။
ဒီကိစၥနဲ႔ပတ္သက္လို႔ ကြၽန္ေတာ္တို႔က အရင္ကတည္းက ရွင္းရွင္းလင္းလင္း သိထားၿပီးသားပါ။ မီးေလာင္သြားတဲ့ကားေပၚက ဆင္းလာတာ တစ္ေယာက္တည္းပါ။ ႏွစ္ေယာက္ဆိုတာ မဟုတ္ပါဘူး။ ကားေပၚကဆင္းလာတဲ့သူက ယာဥ္ ေမာင္း ေအာင္ခန္႔ပါ။ အခုေျပာဆိုေနၾကတဲ့ မီးေလာင္တဲ့ကားေပၚကဆင္းတာ လူႏွစ္ေယာက္ဆိုတဲ့ကိစၥ မဟုတ္ဘူးဆိုတာ ေသခ်ာပါတယ္။ ကြၽန္ေတာ္တို႔ ေသ ေသခ်ာခ်ာ စစ္ေဆးၿပီးပါၿပီ။ တခ်ဳိ႕က ဝင္ကူတဲ့သူေတြကို စိတ္ထင္ရာမွန္းၿပီး ေျပာေနၾကတာပါ။
ဂ်ာနယ္မွာ မီးေလာင္ထားတဲ့ကားေပၚက ဆင္းလာတဲ့သူလို႔ စြပ္စြဲခံရတဲ့ အက်ႌအနက္ ဂ်င္းေဘာင္းဘီဝတ္ထားတဲ့ ကိုေအာင္ခန္႔နဲ႔ စကားေျပာၿပီးရပ္ေနတဲ့သူဟာ ကိုခြန္ရန္ႏိုင္ဦးလို႔ သိရပါတယ္။ သူ႔ကို ေခၚယူ စစ္ေဆးေမးျမန္းၿပီးၿပီလား။
ဟုတ္ကဲ့၊ ကြၽန္ေတာ္တို႔ မီး ေလာင္ကားေပၚက ဆင္းလာတဲ့သူလို႔ စြပ္စြဲခံရတဲ့ ခြန္ရန္ႏိုင္ဦးေရာ အခင္းျဖစ္စဥ္မွာျမင္ေတြ႕ၿပီး သူနဲ႔အတူပါလာတဲ့ သူ႔ဖခင္ ဦးဝင္းထိန္နဲ႔ေရာ ကြၽန္ေတာ္တို႔ ေတြ႕ဆံုစစ္ေဆးေမးျမန္းၿပီးပါၿပီ။ ထူးျခားခ်က္မရွိပါဘူး။ သူတို႔မိသားစုက ခရီးသြားရင္း ဒိုက္ဦးကိုျပန္တုန္း အမွတ္တမဲ့ႀကံဳေတြ႕လို႔ ခြန္ရန္ႏိုင္ဦးက သူတို႔ကားေပၚကဆင္းၿပီး ဝင္ကူညီတဲ့သူေတြပါ။ ေနာက္တစ္ခုက ဦးဝင္းထိန္တို႔၊ ရန္ႏိုင္ဦးတို႔ ေမာင္းလာတဲ့ကားက တိုးဂိတ္ကိုျဖတ္လာတာဆိုေတာ့ တိုးဂိတ္ CCTV မွတ္တမ္းေတြအရ အခ်ိန္က တျခားစီပါ။ မီးေလာင္တဲ့အခ်ိန္နဲ႔ သူတို႔မိသားစုစီးတဲ့ ကားျဖတ္တဲ့အခ်ိန္က မတူပါဘူး၊ လြဲေနပါတယ္။
မီးေလာင္ၿပီး ေသဆံုးသြားတဲ့သူေတြရဲ႕ မိသားစုဝင္ေတြနဲ႔ CID ေတြ႕ဆံုၿပီးေနာက္ ပိုင္းမွာ CID ရဲ႕ ေျဖၾကားခ်က္ေတြကို မိသားစုဝင္အခ်ဳိ႕က မေက်နပ္ဘူးဆိုၿပီး ေျပာေနတာ၊ ေရးေနတာေတြ ေတြ႕ရဖတ္ရပါတယ္။ အဲဒီကိစၥနဲ႔ပတ္သက္လို႔ ရွင္းျပ ပါဦး။
ကြၽန္ေတာ္တို႔ ကားမီးေလာင္ၿပီးေသဆံုးသြားတဲ့သူေတြရဲ႕ မိသားစုဝင္ အားလံုးနဲ႔ ေတြ႕ဆံုတဲ့အခါ ထူးထူးျခား ျခား ေျပာဆိုရွင္းလင္းတာမ်ဳိးမရွိပါဘူး။ အခင္းျဖစ္စဥ္နဲ႔ပတ္သက္လို႔ပဲ ရွင္းျပတာပါ။ ကြၽန္ေတာ္တို႔ ရွင္းျပတုန္းက အဲဒီမိသားစုဝင္ေတြထဲက တစ္ေယာက္မွ မေက်နပ္တာ မေျပာခဲ့ပါဘူး။ ေနာက္ၿပီး မိသားစု ဝင္ေတြကပဲ ထင္ျမင္ယူဆေနတဲ့ကား မီး ေလာင္တဲ့ကိစၥ လုပ္ႀကံခံရတာဆိုတာမ်ဳိး နဲ႔ပတ္သက္လို႔ ဘာမွမေျပာခဲ့ပါဘူး။ ခိုင္လံု တဲ့သက္ေသအေထာက္အထား၊ သက္ ေသခံပစၥည္းနဲ႔ အေၾကာင္းျပခ်က္တစ္စုံ တစ္ရာမ်ဳိးရွိတယ္ဆိုတာ မေျပာခဲ့ၾကပါဘူး။ ကြၽန္ေတာ္တို႔လည္း ေမးတယ္ေလ။ ဒီကိစၥနဲ႔ပတ္သက္ၿပီး လူမႈေရး၊ စီးပြားေရး အေၾကာင္းအရာတစ္ခုခုေၾကာင့္ လုပ္ႀကံခံရတယ္ဆိုရင္ မသကၤာတဲ့အခ်က္ေတြ ေပါ႔၊ အဲဒါေတြရွိရင္ ေျပာပါလို႔ ကြၽန္ေတာ္တို႔က ေျပာခဲ့ၿပီးသားပါ။ အဲဒီလိုေမးေတာ့ သူတို႔လည္း ဘာမွမေျပာႏိုင္ဘူးေပါ႔။ ကြၽန္ ေတာ္တို႔က အခုမွ သူတို႔ေျပာတာေတြ ဂ်ာနယ္မွာပါတဲ့အေၾကာင္းအရာေတြကို လိုက္ၿပီးရွင္းမေနေတာ့ပါဘူး။ ကြၽန္ေတာ္တို႔ရဲ႕ လုပ္ငန္းတာဝန္အရ အမႈမွန္ေပၚ ေပါက္ေရးအတြက္ စံုစမ္းစစ္ေဆးေမးျမန္းမႈေတြလုပ္မယ္။ ရဲလုပ္ငန္းအရ အမႈကိုခိုင္မာေအာင္ တည္ေဆာက္ၿပီးရင္ တရား႐ုံးကို တရားစြဲတင္ဖို႔လုပ္ပါမယ္။ ဒါပါပဲ။ သူတို႔ ဘာကိုမေက်နပ္သလဲဆိုတာေတာ့ မသိပါဘူး။
ကားေပၚမွာ မီးေလာင္ေသဆံုးသြားတဲ့ ေဒၚသင္းသင္းေမာ္ရဲ႕ခင္ပြန္း ကိုေအာင္ကိုဦးက ဂ်ာနယ္တစ္ေစာင္မွာ ေျပာထားတာက CID က ေထာက္လွမ္းေရးေတြက အရည္အခ်င္းရွိပါတယ္။ ေနာက္ကသူတို႔ ေၾကာက္ရတဲ့ ဖိအားတစ္ခုခုရွိေနရင္ေတာ့ ဘယ္ရဲမွလည္း မလုပ္ရဲဘူးလို႔ေတာ့ ထင္တာပဲ။ မကိုင္ရဲဘူး၊ မွန္မွန္ကန္ကန္ မလုပ္ ရဲဘူးလို႔ ကြၽန္ေတာ္ ျမင္တယ္လို႔ ေျပာဆို ေရးသားထားတာရွိတယ္။ အဲဒီေပၚမွာေရာ ဘာမ်ားေျပာခ်င္ပါသလဲ။
အဲဒီကိစၥနဲ႔ ကြၽန္ေတာ္တို႔ ဘာမွရွင္းျပစရာမလို၊ ေျပာစရာလဲမရွိပါဘူး။ ကြၽန္ေတာ္တို႔က ကြၽန္ေတာ္တို႔တာဝန္ ကြၽန္ေတာ္တုိ႔ လုပ္ေနတာပါ။ မၾကာခင္မွာ အဲဒီကိစၥနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္တို႔ရဲ႕ အထက္အဖြဲ႕အစည္းက သတင္းစာရွင္းလင္းပြဲလုပ္မွာပါ။ အဲဒီေတာ့ ကြၽန္ ေတာ္တို႔က အက်ယ္တဝင့္ ရွင္းျပဖို႔ ေျပာဖို႔ မလိုပါဘူး။ တခ်ဳိ႕ကိစၥေတြက အထင္နဲ႔ ေျပာေနတာေတြ၊ ယူဆခ်က္ေတြကို ကြၽန္ ေတာ္တို႔က ထည့္ၿပီးစဥ္းစားလို႔မရပါဘူး။ ေသခ်ာတာကေတာ့ ကြၽန္ေတာ္တို႔ရဲ႕လုပ္ငန္းမွာ ကြၽန္ေတာ္တို႔အေပၚမွာ ဘာဖိအားမွမရွိဘူးဆိုတာ ေသခ်ာပါတယ္။ ကြၽန္ေတာ္တို႔က ဒီအမႈမွမဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ဆီမွာ ေရာက္လာတဲ့အမႈတိုင္းကို ေသေသခ်ာခ်ာ ေစ့ေစ့စပ္စပ္နဲ႔ အမႈမွန္ေပၚေပါက္ေရးကိုပဲ ဦးတည္ေဆာင္ရြက္ပါတယ္။ အခု ကြၽန္ေတာ္ ထပ္ေျပာပါ့မယ္။ ဒီအမႈနဲ႔ပတ္သက္လို႔ ကြၽန္ေတာ္တို႔ ေၾကာက္ရတဲ့ဖိအား ဘာတစ္ခုမွမရွိပါဘူး။ အမႈသြား အမႈလာအတိုင္း အမွန္ကို အမွန္အတိုင္း ေဆာင္ရြက္ေနတယ္။ ကြၽန္ေတာ္တို႔ စစ္ေဆးထားတဲ့သူတစ္ ေယာက္ရွိပါတယ္။ သူ အခုအခ်ိန္မွာ သူ႔နာမည္နဲ႔ သူ႔အေၾကာင္းကို မေျပာေသးဖို႔ ေမတၱာရပ္ခံထားလို႔ ကြၽန္ေတာ္တို႔ ဘာမွမေျပာေသးတာပါ။ ဒါကလည္း သိသင့္သိထိုက္တဲ့အခ်ိန္ သိရမွာပါ။
အခုေျပာဆိုေနၾကတဲ့ ေရးေနၾကတဲ့အထဲမွာ ကိုယ္တိုင္ျမင္တာ၊ ၾကားတာ သိတာမဟုတ္တဲ့ ထင္ျမင္ခ်က္ေတြ၊ ယူဆခ်က္ ေတြဆိုတာ ရဲလုပ္ငန္းမွာေရာ ဥပေဒမွာ ေရာ သက္ေသခံဝင္ပါသလား။
ရဲလုပ္ငန္းမွာေရာ တရား႐ုံးမွာေရာက ကိုယ္တိုင္ မျမင္၊ မသိ၊ မၾကားဘဲ တစ္ဆင့္ၾကားနဲ႔ေျပာတာ၊ ထင္ျမင္ယူဆခ်က္ေတြက တည္ဆဲဥပေဒအရ တစ္ဆင့္ၾကားသက္ေသဆိုတာ သက္ေသခံမဝင္ပါဘူး။ လက္လည္းမခံပါဘူး။ အဓိက သက္ေသမ်က္ျမင္သက္ေသဆိုတာ ကိုယ္တိုင္ ျမင္ေတြ႕ၾကားသိတဲ့သူေတြပါ။ အဲဒီ ေတာ့ ကြၽန္ေတာ္တို႔က တစ္ဆင့္ၾကားသက္ ေသေတြနဲ႔ပတ္သက္ၿပီး စစ္ေဆးေမးျမန္း စရာမရွိပါဘူး။ အခုဒီကိစၥနဲ႔ပတ္သက္ၿပီး သတင္းစာရွင္းလင္းပြဲတစ္ခုလုပ္ဖို႔လည္း ရွိပါတယ္။ ဒီအမႈနဲ႔ပတ္သက္လို႔ ခိုင္မာတဲ့ အမႈတည္ေဆာက္ၿပီးရင္ မၾကာခင္ တရား႐ုံးကို တရားစြဲတင္ပို႔ေတာ့မွာပါ။
theflowernews
==============
Unicode>>>
ဇန်နဝါရီ ၂၁ ရက် နံနက် ၈ နာရီခန့်က ရန်ကုန်-မန္တလေး အမြန်လမ်းမ ပေါ်တွင် Hi Ace ကားတစ်စီး မီးလောင်၍ လိုက်ပါလာသူရှစ်ဦး သေဆုံးပြီး အသက်ရှင်ကျန်ရစ်သူ တစ်ဦးရှိခဲ့ရာ မီးလောင်သေဆုံးခဲ့သူ၏ခင်ပွန်းနှင့် မျက်မြင်သက်သေဆိုသူ အချို့က မီးလောင်ခဲ့သည့်ကားပေါ်မှ ဆင်းလာသူနှစ်ဦးရှိကြောင်း ပြောဆို ရေးသားခြင်းနှင့် CID နှင့် သေဆုံးသူ များ၏မိသားစုဝင်အချို့ တွေ့ဆုံစဉ် ပြောကြားချက်များကို မကျေနပ်ကြ ကြောင်းနှင့် မှုခင်းရဲတပ်ဖွဲ့ CID အပေါ် ကြောက်ရတဲ့ ဖိအားတစ်ခုခုရှိနေရင် မှန်မှန်ကန်ကန် ဘယ်ရဲမှ မလုပ်ရဲဘူးဟု ပြောဆိုရေးသားချက်များနှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း သိရှိနိုင်ရန် မှုခင်းရဲတပ်ဖွဲ့ CID(ရန်ကုန်)မှ ရဲမှူးမိုးအောင်နှင့် ဖလားဝါးနယူးစ်ဂျာနယ်မှ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
ဇန်နဝါရီ ၂၁ ရက် နံနက် ၈ နာရီခန့်က ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်မှာ Hi Ace ကားတစ်စီး မီးလောင်ပြီး ကား ပေါ်မှာပါလာတဲ့လူ ရှစ်ဦး သေဆုံးပြီး တစ်ဦး လွတ်မြောက်လာတဲ့အခင်းဖြစ်စဉ် နဲ့ပတ်သက်ပြီး ပြောပြလို့ရနိုင်တဲ့စစ်ဆေး တွေ့ရှိချက်အချို့ကို သိချင်ပါတယ်။
ဒီအခင်းဖြစ်စဉ်နဲ့ပတ်သက်လို့ ကျွန်တော်တို့မှုခင်းရဲတပ်ဖွဲ့ CID က လွှဲပြောင်းလက်ခံစစ်ဆေးနေတာ မှန်ပါတယ်။ အချို့စစ်ဆေးတွေ့ရှိချက်တွေက မီဒီယာတွေကိုပဲဖြစ်ဖြစ် ပြည်သူလူထုကိုပဲ ချပြလို့မရတာ ပြောပြလို့ မရပါဘူး။ အခု ဖြစ်စဉ်က လူအတော်များများ သိနေပါပြီ။ ကားပေါ်မှာပါလာတဲ့ လူကိုးဦးမှာ ရှစ်ဦး သေတယ်။ တစ်ဦး အသက်ရှင်တယ်။ သူက ယာဉ်မောင်း ကိုအောင်ခန့်ဆိုတဲ့သူပါ။ သူ့ကိုလည်း ဥပဒေနဲ့အညီ ဖမ်းဆီး စစ်ဆေးပြီး အမှုဖွင့်ထားပါတယ်။ အခု ကျွန်တော်တို့အနေနဲ့ စုံစမ်းစစ်ဆေးတွေ့ ရှိချက်တွေအရ အမှုခိုင်မာအောင် တည် ဆောက်ပြီးရင် တရားရုံးမှာ တရားစွဲတင်နိုင်ဖို့ ဆောင်ရွက်နေပါတယ်။
ဂျာနယ်တစ်စောင်မှာ ကားပေါ်ကဆင်းလာတဲ့သူနှစ်ယောက်ဆိုပြီး မျက်မြင်သက် သေတွေက ပြောတယ်ဆိုပြီး ရေးသားထားတာ တွေ့ရပါတယ်။ ဆရာတို့ဘက် ကအမြင်ရော ဘယ်လိုရှိပါလဲ။
ဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်တို့က အရင်ကတည်းက ရှင်းရှင်းလင်းလင်း သိထားပြီးသားပါ။ မီးလောင်သွားတဲ့ကားပေါ်က ဆင်းလာတာ တစ်ယောက်တည်းပါ။ နှစ်ယောက်ဆိုတာ မဟုတ်ပါဘူး။ ကားပေါ်ကဆင်းလာတဲ့သူက ယာဉ် မောင်း အောင်ခန့်ပါ။ အခုပြောဆိုနေကြတဲ့ မီးလောင်တဲ့ကားပေါ်ကဆင်းတာ လူနှစ်ယောက်ဆိုတဲ့ကိစ္စ မဟုတ်ဘူးဆိုတာ သေချာပါတယ်။ ကျွန်တော်တို့ သေ သေချာချာ စစ်ဆေးပြီးပါပြီ။ တချို့က ဝင်ကူတဲ့သူတွေကို စိတ်ထင်ရာမှန်းပြီး ပြောနေကြတာပါ။
ဂျာနယ်မှာ မီးလောင်ထားတဲ့ကားပေါ်က ဆင်းလာတဲ့သူလို့ စွပ်စွဲခံရတဲ့ အကျႌအနက် ဂျင်းဘောင်းဘီဝတ်ထားတဲ့ ကိုအောင်ခန့်နဲ့ စကားပြောပြီးရပ်နေတဲ့သူဟာ ကိုခွန်ရန်နိုင်ဦးလို့ သိရပါတယ်။ သူ့ကို ခေါ်ယူ စစ်ဆေးမေးမြန်းပြီးပြီလား။
ဟုတ်ကဲ့၊ ကျွန်တော်တို့ မီး လောင်ကားပေါ်က ဆင်းလာတဲ့သူလို့ စွပ်စွဲခံရတဲ့ ခွန်ရန်နိုင်ဦးရော အခင်းဖြစ်စဉ်မှာမြင်တွေ့ပြီး သူနဲ့အတူပါလာတဲ့ သူ့ဖခင် ဦးဝင်းထိန်နဲ့ရော ကျွန်တော်တို့ တွေ့ဆုံစစ်ဆေးမေးမြန်းပြီးပါပြီ။ ထူးခြားချက်မရှိပါဘူး။ သူတို့မိသားစုက ခရီးသွားရင်း ဒိုက်ဦးကိုပြန်တုန်း အမှတ်တမဲ့ကြုံတွေ့လို့ ခွန်ရန်နိုင်ဦးက သူတို့ကားပေါ်ကဆင်းပြီး ဝင်ကူညီတဲ့သူတွေပါ။ နောက်တစ်ခုက ဦးဝင်းထိန်တို့၊ ရန်နိုင်ဦးတို့ မောင်းလာတဲ့ကားက တိုးဂိတ်ကိုဖြတ်လာတာဆိုတော့ တိုးဂိတ် CCTV မှတ်တမ်းတွေအရ အချိန်က တခြားစီပါ။ မီးလောင်တဲ့အချိန်နဲ့ သူတို့မိသားစုစီးတဲ့ ကားဖြတ်တဲ့အချိန်က မတူပါဘူး၊ လွဲနေပါတယ်။
မီးလောင်ပြီး သေဆုံးသွားတဲ့သူတွေရဲ့ မိသားစုဝင်တွေနဲ့ CID တွေ့ဆုံပြီးနောက် ပိုင်းမှာ CID ရဲ့ ဖြေကြားချက်တွေကို မိသားစုဝင်အချို့က မကျေနပ်ဘူးဆိုပြီး ပြောနေတာ၊ ရေးနေတာတွေ တွေ့ရဖတ်ရပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်လို့ ရှင်းပြ ပါဦး။
ကျွန်တော်တို့ ကားမီးလောင်ပြီးသေဆုံးသွားတဲ့သူတွေရဲ့ မိသားစုဝင် အားလုံးနဲ့ တွေ့ဆုံတဲ့အခါ ထူးထူးခြား ခြား ပြောဆိုရှင်းလင်းတာမျိုးမရှိပါဘူး။ အခင်းဖြစ်စဉ်နဲ့ပတ်သက်လို့ပဲ ရှင်းပြတာပါ။ ကျွန်တော်တို့ ရှင်းပြတုန်းက အဲဒီမိသားစုဝင်တွေထဲက တစ်ယောက်မှ မကျေနပ်တာ မပြောခဲ့ပါဘူး။ နောက်ပြီး မိသားစု ဝင်တွေကပဲ ထင်မြင်ယူဆနေတဲ့ကား မီး လောင်တဲ့ကိစ္စ လုပ်ကြံခံရတာဆိုတာမျိုး နဲ့ပတ်သက်လို့ ဘာမှမပြောခဲ့ပါဘူး။ ခိုင်လုံ တဲ့သက်သေအထောက်အထား၊ သက် သေခံပစ္စည်းနဲ့ အကြောင်းပြချက်တစ်စုံ တစ်ရာမျိုးရှိတယ်ဆိုတာ မပြောခဲ့ကြပါဘူး။ ကျွန်တော်တို့လည်း မေးတယ်လေ။ ဒီကိစ္စနဲ့ပတ်သက်ပြီး လူမှုရေး၊ စီးပွားရေး အကြောင်းအရာတစ်ခုခုကြောင့် လုပ်ကြံခံရတယ်ဆိုရင် မသင်္ကာတဲ့အချက်တွေ ပေါ့၊ အဲဒါတွေရှိရင် ပြောပါလို့ ကျွန်တော်တို့က ပြောခဲ့ပြီးသားပါ။ အဲဒီလိုမေးတော့ သူတို့လည်း ဘာမှမပြောနိုင်ဘူးပေါ့။ ကျွန် တော်တို့က အခုမှ သူတို့ပြောတာတွေ ဂျာနယ်မှာပါတဲ့အကြောင်းအရာတွေကို လိုက်ပြီးရှင်းမနေတော့ပါဘူး။ ကျွန်တော်တို့ရဲ့ လုပ်ငန်းတာဝန်အရ အမှုမှန်ပေါ် ပေါက်ရေးအတွက် စုံစမ်းစစ်ဆေးမေးမြန်းမှုတွေလုပ်မယ်။ ရဲလုပ်ငန်းအရ အမှုကိုခိုင်မာအောင် တည်ဆောက်ပြီးရင် တရားရုံးကို တရားစွဲတင်ဖို့လုပ်ပါမယ်။ ဒါပါပဲ။ သူတို့ ဘာကိုမကျေနပ်သလဲဆိုတာတော့ မသိပါဘူး။
ကားပေါ်မှာ မီးလောင်သေဆုံးသွားတဲ့ ဒေါ်သင်းသင်းမော်ရဲ့ခင်ပွန်း ကိုအောင်ကိုဦးက ဂျာနယ်တစ်စောင်မှာ ပြောထားတာက CID က ထောက်လှမ်းရေးတွေက အရည်အချင်းရှိပါတယ်။ နောက်ကသူတို့ ကြောက်ရတဲ့ ဖိအားတစ်ခုခုရှိနေရင်တော့ ဘယ်ရဲမှလည်း မလုပ်ရဲဘူးလို့တော့ ထင်တာပဲ။ မကိုင်ရဲဘူး၊ မှန်မှန်ကန်ကန် မလုပ် ရဲဘူးလို့ ကျွန်တော် မြင်တယ်လို့ ပြောဆို ရေးသားထားတာရှိတယ်။ အဲဒီပေါ်မှာရော ဘာများပြောချင်ပါသလဲ။
အဲဒီကိစ္စနဲ့ ကျွန်တော်တို့ ဘာမှရှင်းပြစရာမလို၊ ပြောစရာလဲမရှိပါဘူး။ ကျွန်တော်တို့က ကျွန်တော်တို့တာဝန် ကျွန်တော်တို့ လုပ်နေတာပါ။ မကြာခင်မှာ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ အထက်အဖွဲ့အစည်းက သတင်းစာရှင်းလင်းပွဲလုပ်မှာပါ။ အဲဒီတော့ ကျွန် တော်တို့က အကျယ်တဝင့် ရှင်းပြဖို့ ပြောဖို့ မလိုပါဘူး။ တချို့ကိစ္စတွေက အထင်နဲ့ ပြောနေတာတွေ၊ ယူဆချက်တွေကို ကျွန် တော်တို့က ထည့်ပြီးစဉ်းစားလို့မရပါဘူး။ သေချာတာကတော့ ကျွန်တော်တို့ရဲ့လုပ်ငန်းမှာ ကျွန်တော်တို့အပေါ်မှာ ဘာဖိအားမှမရှိဘူးဆိုတာ သေချာပါတယ်။ ကျွန်တော်တို့က ဒီအမှုမှမဟုတ်ပါဘူး။ ကျွန်တော်တို့ဆီမှာ ရောက်လာတဲ့အမှုတိုင်းကို သေသေချာချာ စေ့စေ့စပ်စပ်နဲ့ အမှုမှန်ပေါ်ပေါက်ရေးကိုပဲ ဦးတည်ဆောင်ရွက်ပါတယ်။ အခု ကျွန်တော် ထပ်ပြောပါ့မယ်။ ဒီအမှုနဲ့ပတ်သက်လို့ ကျွန်တော်တို့ ကြောက်ရတဲ့ဖိအား ဘာတစ်ခုမှမရှိပါဘူး။ အမှုသွား အမှုလာအတိုင်း အမှန်ကို အမှန်အတိုင်း ဆောင်ရွက်နေတယ်။ ကျွန်တော်တို့ စစ်ဆေးထားတဲ့သူတစ် ယောက်ရှိပါတယ်။ သူ အခုအချိန်မှာ သူ့နာမည်နဲ့ သူ့အကြောင်းကို မပြောသေးဖို့ မေတ္တာရပ်ခံထားလို့ ကျွန်တော်တို့ ဘာမှမပြောသေးတာပါ။ ဒါကလည်း သိသင့်သိထိုက်တဲ့အချိန် သိရမှာပါ။
အခုပြောဆိုနေကြတဲ့ ရေးနေကြတဲ့အထဲမှာ ကိုယ်တိုင်မြင်တာ၊ ကြားတာ သိတာမဟုတ်တဲ့ ထင်မြင်ချက်တွေ၊ ယူဆချက် တွေဆိုတာ ရဲလုပ်ငန်းမှာရော ဥပဒေမှာ ရော သက်သေခံဝင်ပါသလား။
ရဲလုပ်ငန်းမှာရော တရားရုံးမှာရောက ကိုယ်တိုင် မမြင်၊ မသိ၊ မကြားဘဲ တစ်ဆင့်ကြားနဲ့ပြောတာ၊ ထင်မြင်ယူဆချက်တွေက တည်ဆဲဥပဒေအရ တစ်ဆင့်ကြားသက်သေဆိုတာ သက်သေခံမဝင်ပါဘူး။ လက်လည်းမခံပါဘူး။ အဓိက သက်သေမျက်မြင်သက်သေဆိုတာ ကိုယ်တိုင် မြင်တွေ့ကြားသိတဲ့သူတွေပါ။ အဲဒီ တော့ ကျွန်တော်တို့က တစ်ဆင့်ကြားသက် သေတွေနဲ့ပတ်သက်ပြီး စစ်ဆေးမေးမြန်း စရာမရှိပါဘူး။ အခုဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတစ်ခုလုပ်ဖို့လည်း ရှိပါတယ်။ ဒီအမှုနဲ့ပတ်သက်လို့ ခိုင်မာတဲ့ အမှုတည်ဆောက်ပြီးရင် မကြာခင် တရားရုံးကို တရားစွဲတင်ပို့တော့မှာပါ။
theflowernews

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...