“ဖော်ကောင်အောင်စိုး”လို့ သတင်းစာ၊ ဂျာနယ်စာမျက်နှာပေါ်ကနေတလြွဲ
ဇေယျမင်းသျှင်
ဓါတ်ပုံ-ကိုရဲ
==============
Unicode>>>
လုပ်ချလိုက်ပြန်ပြီ “ ဖော်ကောင်” တဲ့
---- ------ -------
ခုတလောအတော်ကလေးသတင်းကြီးနေတဲ့ ဦးကိုနီလုပ်ကြံမှုမှာ လုပ်ကြံသူဦးကြည်လင်းရဲ့ နောက်ကွယ်ကကွင်းဆက်တစ်ခုအဖြစ် ပစ်မှတ်ထားနေကြတဲ့ ဦးအောင်ဝင်းဇော်ကို စတင်ဖော်ထုတ်ပေးခဲ့သူဦးအောင်စိုးဟာတကယ့်ဟီးရိုးကြီး
တစ်ယောက်လိုဖြစ်နေရာကတချို့သောသတင်းစာ၊ ဂျာနယ်၊ မီဒီယာများက “ဖော်ကောင်”ဆိုတဲ့ ဝိသေသနဲ့ ဂုဏ်တင်ချီးပလိုက်ကြတဲ့အတွက် သူဟာနေရင်းထိုင်ရင်းလူသတ် တရားခံများနဲ့ အတူပူးပေါင်း ပါဝင်သူရာဇဝတ်ကောင် တစ်ဦးဘဝကိုရောက်ရှိသွားရပါတော့တယ်။ ဥပဒေနယ်ပယ်သားများလည်းဘာမှန်းမသိဘဲမျက်စိလည်သွားရပါတယ်။
ဖော်ကောင်အောင်စိုး. . . တဲ့။
ဟုတ်မှ ဟုတ်ရဲ့လား။ သေချာပြန်ဖတ်တော့မှ “ စာဖတ်သူများအားပိုမိုဆွဲဆောင်နိုင်ရန် ရည်ရွယ်ခြင်းသာ ဖြစ်ပါသည်” ဆိုကိုး။ ဖြစ်မှဖြစ်ရလေ။ နိုင်ငံကျော်လုပ်ကြံမှုကြီးနဲ့ ပတ်သက်ပြီးအရေးကြီးသတင်းကိုဖော်ထုတ်ပေးခဲ့တဲ့ဦးအောင်စိုးကဦးကြည်လင်း၊ ဦးအောင်ဝင်းဇော်တို့နဲ့အတူလုပ်ကြံမှုကြီးကိုအတူတကွ ပူးပေါင်းကျူးလွန်ခဲ့တဲ့ ရာဇဝတ်သားဖြစ်သွားရတာပါကလား။
အဓိကပြဿနာကဒီသတင်းဆောင်းပါးကိုရေးသားသူ၊ တည်းဖြတ်သူများက “ဖော်ကောင်”ရဲ့အဓိပ္ပာယ်နဲ့ ဥပဒေပြဋ္ဌာန်းချက်တွေကိုမသိဘဲရမ်းကြိတ်လိုက်ကြတာပါပဲ။
“ဖော်ကောင်”ဆိုတဲ့ ဝေါဟာရကိုအင်္ဂလိပ်လို 'State's Evidence' လို့ သုံးနှုန်းပြီး “ဖော်ကောင်လုပ်”ဆိုတဲ့ဝေါဟာရကိုတော့ 'Turn State's Evidence' လို့ သုံးပါတယ်။ အစိုးရသက်သေ၊ ကြံရာပါသက်သေအဖြစ် တရားဝင်ဥပဒေသုံးစကားနဲ့ သုံးနှုန်းကြပါတယ်။ သက်သေခံဥပဒေပုဒ်မ-၃၃ မှာ ကြံရာပါသက်သေနဲ့ ပတ်သက်ပြီးအသေးစိတ် ပြဋ္ဌာန်းထားပါတယ်။ အဓိကလိုရင်းအချက်ကတော့ ကြံရာပါသက်သေ(ဝါ)ဖော်ကောင်ဆိုတာ ပြစ်မှုကျူးလွန်ရာမှာအတူပါဝင်သူ၊ တရားခံနဲ့အတူတရားစွဲဆိုခြင်းခံရနိုင်သူ၊ ကျူးလွန်တဲ့ပြစ်မှုမှာတနည်းနည်းနဲ့ ပါဝင်သူကိုသက်သေအဖြစ်စစ်တဲ့အခါ ထွက်ဆိုပေးသူကိုဆိုလိုတာပါ။ တရားခံကျူးလွန်သောပြစ်မှုနဲ့ ပတ်သက်ပြီးလုံးဝသက်ဆိုင်ခြင်းမရှိသူဟာ ကြံရာပါသက်သေ (ဝါ) ဖော်ကောင်မဟုတ်ပါ။
ကဲ… “ဖော်ကောင်အောင်စိုး” လို့ ပြူးတူးပြဲတဲလုပ်ချလိုက်ပုံကြီးကအမှားမကြီး၊ တာဝန်မကြီးလွန်းပေဘူးလား။ မသိရင် သိအောင်မေးပြီးမှ ရေးသင့်တဲ့ ဝေါဟာရမျိုးကိုလက်လွတ်စပယ်ရမ်းကြိတ်လိုက်တာကြောင့် အကုန်လွဲကုန်ရောဗျ။
“ဖော်ကောင်” ဘာလို့ လုပ်ကြသလဲ။ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ရကြလို့ပါ။ ရာဇဝတ်ဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၃၃၇(ခ)မှာအတိအလင်း ပြဋ္ဌာန်းထားပါတယ်။ ကြံရာပါသက်သေ(ဝါ) အစိုးရသက်သေ(ဝါ) ဖော်ကောင်တစ်ဦးက ပြစ်မှုနဲ့ပတ်သက်လို့၊ ပြစ်မှုကျူးလွန်ရာမှာအတူပါဝင်ကြသူများနဲ့ ပတ်သက်လို့၊ သူသိသမျှ အကြောင်းခြင်းရာအလုံးစုံကိုမချွင်းမချန် အမှန်အတိုင်းဖော်ထုတ်ပြောပြရမယ်ဆိုတဲ့ စည်းကမ်းချက်နဲ့ အစစ်ခံထွက်ဆိုခဲ့ရင် သူ့ကို ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်ပါတယ်။
အဲဒီတော့ ဦးအောင်စိုးက “ ဖော်ကောင်အောင်စိုး” မဟုတ်ဘူးဆိုတာရှင်းနေတာပဲမဟုတ်လား။
“ဖော်ကောင်အောင်စိုး”လို့ သတင်းစာ၊ ဂျာနယ်စာမျက်နှာပေါ်ကနေတလွဲကြီးတွေ ကြိတ်နေကြတဲ့ အတွက် ကိုအောင်စိုးအဖို့လည်းနစ်နာ၊ နောင်အလားတူပြစ်မှုကြီးတွေနဲ့ ပတ်သက်ပြီးသတင်းပေးချင်ပေမယ့် “ဖော်ကောင်” ဂုဏ်ပုဒ်ကြီးကြောက်လို့ သတင်းမပေးကြရင် အားလုံးနစ်နာကြရမှာပါ။
သတင်းမီဒီယာသမားကအသိကြီး၊ သတိကြီးရပါတယ်။ “မသိမေးမစင်ဆေး” လုပ်ဖို့ မရှက်မကြောက်ရပါဘူး။ ထင်ရာစွတ်မကြိတ်ကြဖို့ လက်တို့လိုက်ပါရစေခင်ဗျာ။
ဇေယျမင်းသျှင်
(Myanmar Now မှ ပေးပို့သည်။)
ဓါတ်ပုံ-ကိုရဲ
https://www.facebook.com/NewsWatchJournal/photos/a.343944972309977.69916.343551955682612/1253985197972612/?type=3&permPage=1
0 comments :
Post a Comment